စပါးနှင့်ဆန်တင်သွင်းမှုအတွက် အခွန်ကောက်ခံမှု သုညရာခိုင်နှုန်းအထိ တူကီယဲလျှော့ချသတ်မှတ်

 

တူကီယဲ(ယခင် တူရကီ)နိုင်ငံသည် စပါးနှင့် ဆန် တင်သွင်းမှုများအတွက် အခွန်ကောက်ခံမှုများကို ယခုနှစ် ဩဂုတ် ၃၁ ရက်အထိ သုည ရာခိုင်နှုန်းသို့‌ လျှော့ချသတ်မှတ်ထားကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းပိုင်းက ယင်းသို့ ကြေညာထားခဲ့ခြင်းဖြစ်သည်။
မူလက နိုင်ငံအတွင်း စပါး၊ ဆန်လုံးညိုနှင့် ဆန်ဖြူများကို ပြည်တွင်းထုတ်လုပ်မှု မြင့်မားလာစေရေး စပါးတင်သွင်းမှုများအတွက် သွင်းကုန်အခွန် ၃၄ ရာခိုင်နှုန်း၊ ဆန်ညိုတင်သွင်းမှု သွင်းကုန်အခွန် ၃၆ ရာခိုင်နှုန်းနှင့် ဆန်ဖြူတင်သွင်းမှုတွင် သွင်းကုန်အခွန် ၄၅ ရာခိုင်နှုန်း အထိ အသီးသီးချမှတ်ထားသည်။ သို့သော် ယခုအခါ ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ဈေးကွက်တည်ငြိမ်မှုရရှိစေရေးတို့အတွက် ယခုကဲ့သို့ သွင်းကုန်အခွန်ကို သုညရာခိုင်နှုန်းသို့ လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွား‌ရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ 
ခင်ရတနာ စုစည်းဖော်ပြသည်၊၊