လက်ထောက်ညွှန်ကြားရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၅


လက်ထောက်   ညွှန်ကြားရေးမှူး များ    လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး       မွမ်းမံသင်တန်း အမှတ်စဉ် (၃ / ၂၀၂၂) သင်တန်း ဆင်းပွဲ   အခမ်းအနားကို   ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

 


သင်တန်းဆင်းပွဲတွင်    ပြည် ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး က  လက်ထောက်ညွှန်ကြားရေးမှူး များသည်    လုပ်ငန်းဆောင်ရွက်မှု များကို       အနီးကပ်ကြီးကြပ် လမ်းညွှန်ရသူများဖြစ်ပြီး အရေး ပါသည့်  ရာထူးတာဝန်ကို   ထမ်း ဆောင်နေကြသူများဖြစ်၍ ပညာ ရပ်ဆိုင်ရာ      ကျွမ်းကျင်မှုများ သာမက ခေါင်းဆောင်မှုနှင့် ပြုမူ ပြောဆို     ဆက်သွယ်မှုဆိုင်ရာ အရည်အသွေးများ ပြည့်ဝနေရန် လည်း      အရေးကြီးပါကြောင်း၊ သို့ပါ၍ ယခုသင်တန်းတွင် ပုံမှန်သင်ကြားပို့ချမှုများအပြင် ဆွေးနွေး တင်ပြမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စွမ်းရည်များ တိုးတက်မြင့်မားစေ ရန်၊    အသိပညာများကို    မျှဝေ ဖလှယ်ခြင်း၊      ဆင့်ပွားပို့ချခြင်း စသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ သင်ကြားမှု နည်းလမ်း       တစ်ခုဖြစ်သည့် Trainee   Oriented  Teaching Method ဖြင့် စာတမ်းများ ပြုစု ဖတ်ကြားတင်ပြခြင်း အစီအစဉ် အား ထည့်သွင်း၍ ဆောင်ရွက်စေ ခဲ့ပါကြောင်း၊ Learning is never ending ဆိုသည့်အတိုင်း သင်တန်း မှ  ပို့ချမှုများဖြင့် ရပ်တန့်မနေဘဲ ကိုယ်တိုင်လေ့လာ သင်ယူမှုများ ကို   စဉ်ဆက်မပြတ်ဆောင်ရွက် ၍         လက်တွေ့လုပ်ငန်းခွင်တွင် ထိရောက်စွာ    ပြန်လည်အသုံးချ ခြင်းဖြင့်   စွမ်းဆောင်ရည်များ တိုးတက်စေရေး ဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း။

 


သင်တန်းသားများအနေဖြင့်  လုပ်ငန်းတာဝန်များကို       ထမ်း ဆောင်ရာတွင် ပြဋ္ဌာန်းထားသည့် ဥပဒေနှင့် ရုံးစည်းကမ်း၊ ဝန်ထမ်း စည်းကမ်းများကို        လေးစား လိုက်နာ၍ ကျင့်ဝတ်သိက္ခာစောင့် ထိန်းမှု   ပိုမိုမြင့်မားပြီး   ရိုးသား ဖြောင့်မတ်သော       ခံယူချက် ကောင်း၊ စိတ်စေတနာကောင်းများ ဖြင့်    လုပ်ငန်းခွင်တွင်    ပျော်ရွှင် အောင်မြင်သည့် ဝန်ထမ်းကောင်း များဖြစ်စေရေး      ကြိုးစားကြ စေလိုကြောင်း             တိုက်တွန်း မှာကြားသည်။

 


အဆိုပါ  သင်တန်းကို   ၂၀၂၂ ခုနှစ်   ဒီဇင်ဘာ  ၁၂  ရက်မှစ၍ လေးပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး ရုံးချုပ်၊  တိုင်းဒေသကြီး/ ပြည်နယ်စာရင်း စစ်ချုပ်ရုံးများနှင့်     ဒေသစာရင်း ရုံးများမှ သင်တန်းသား စုစုပေါင်း ၉၁  ဦး  တက်ရောက်ပြီးမြောက် ခဲ့သည်။
သင်တန်းဆင်းပွဲ အခမ်းအနား သို့  ဒုတိယစာရင်းစစ်ချုပ်၊  အမြဲ တမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်၊  တာဝန်ရှိသူများ၊  သင်တန်း  ကထိကများနှင့်     သင်တန်းသား များ      တက်ရောက်ကြကြောင်း သိရသည်။                

သတင်းစဉ်