ပြည်ထောင်စုဝန်ကြီး ဦးကိုကို မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire နှင့် တွေ့ဆုံဆွေးနွေး

 

နေပြည်တော်    ဇန်နဝါရီ    ၅


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး  ဦးကိုကိုသည်  မြန်မာနိုင်ငံဆိုင်ရာ   နီပေါ နိုင်ငံသံအမတ်ကြီး    H.E. Mr. Harishchandra Ghimire ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ ဒုတိယဝန်ကြီးများ၊   ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 


တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံ နှစ်နိုင်ငံ ဗုဒ္ဓတက္ကသိုလ်များအကြား        ဗုဒ္ဓဘာသာဆိုင်ရာ ကိစ္စရပ်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး၊  လုမ္ဗိနီ-ဗုဒ္ဓဂယာဘုရားဖူး     စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များ  ပူးပေါင်းဆောင်ရွက်ရေး၊  ယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးဆိုင်ရာ အနုပညာ ဖျော်ဖြေရေး အဖွဲ့များ အပြန်အလှန်စေလွှတ်ရေးနှင့် ရှေးဟောင်း သုတေသနဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များကို    ရင်းနှီးပွင့်လင်းစွာ      ဆွေးနွေးခဲ့ကြောင်း သိရသည်။  


သတင်းစဉ်