
နေပြည်တော် ဇန်နဝါရီ ၅
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေး ဝန်ကြီးဌာန ဝန်ထမ်းများအား ဂုဏ်ပြုအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် စိန်ရတုလွတ်လပ် ရေးနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိခဲ့ ခြင်း၏ (၇၅) နှစ်မြောက် စိန်ရတု အထိတိုင် ရှိလာခဲ့သည့် အချိန် အခါသမယကို ထူးခြားလေးနက် စွာ ဂုဏ်ပြုခြင်းဖြစ်၍ ပါဝင်ဆောင် ရွက်ခဲ့ကြသည့် ဝန်ထမ်းများအနေ ဖြင့် အမြဲထာဝစဉ် ဂုဏ်ယူနေရ မည့် အခမ်းအနားကြီးဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ယခုလို ကြီးကျယ်ခမ်းနားသည့် စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနားကြီးတွင် ကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့ရသည်ကို မိမိတို့ ဘဝတစ်သက်တာတွင် အမှတ်ရစရာတစ်ခုဖြစ် ကျန်ရစ် နေမည်ဖြစ်ပါကြောင်း၊ စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်း အနားကြီး အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် နိုင်ငံတော်မှ ကော်မတီအရပ်ရပ်ကို ဖွဲ့စည်း ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူး ချုပ်များအပါအဝင် ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူအဆင့် ဆင့်ကို အဆိုပါကော်မတီအရပ်ရပ် တွင် စနစ်တကျ ထည့်သွင်း တာဝန်ပေးအပ်ခဲ့ပါကြောင်း၊ ထိုသို့ ထည့်သွင်း တာဝန်ပေးအပ်ရာတွင် မိမိတို့ကျရာကဏ္ဍအလိုက် တာဝန် ကို ကျေပွန်စွာ ထမ်းဆောင်ကြ သည့် ကျန်းမာရေးဝန်ထမ်းများ အားလုံးကို မှတ်တမ်းတင်ဂုဏ်ပြု အပ်ပါကြောင်း။
သို့ဖြစ်၍ ယခုကဲ့သို့ တာဝန် ကိုကျေပွန်စွာ ထမ်းဆောင်ခဲ့ကြ သည့် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်း များကို ယနေ့တွင် ချီးမြှင့်ထိုက်သူ ကို ချီးမြှင့်ခြင်းဟူသည့် မင်္ဂလာ တစ်ပါးနှင့်အညီ အခမ်းအနားဖြင့် မှတ်တမ်းတင် ဂုဏ်ပြုခြင်းဖြစ် ကြောင်း၊ ရှေ့ဆက်လက်၍လည်း ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်း များအနေဖြင့် ဝန်ကြီးဌာန၏ ကောင်းမွန်သည့် အစဉ်အလာနှင့် ဂုဏ်သိက္ခာကို မြင့်မားသည်ထက် ပိုမို မြင့်မားလာစေရေးအတွက် ပေးအပ်သည့် တာဝန်ဝတ္တရား များကို ယခုကဲ့သို့ စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း၊ ယခုကဲ့သို့ကောင်းမွန် သော ဆောင်ရွက်မှုများကို ဖော်ထုတ်၍ ချီးမြှင့်မှတ်တမ်းတင် ခြင်းကို ကျန်းမာရေးဝန်ကြီး ဌာနတွင် အစဉ်အလာတစ်ခုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အစီအစဉ်အရ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အခမ်းအနားတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသော ကျန်းမာ ရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဧည့်သည်တော်များကို ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ က တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်