အချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန် နိုင်ငံခြားရေးဝန်ကြီးဌာန ဂုဏ်ပြုညစာစားပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ   ၅


နိုင်ငံခြားရေးဝန်ကြီးဌာန  ပြည် ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်  ဇနီး၊   အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့က ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်များ   ချီးမြှင့်ခြင်းခံရ သည့်    အငြိမ်းစားသံအမတ်ကြီး များ၊ ပြည်ပနိုင်ငံများတွင် လက်ရှိ တာဝန်ထမ်းဆောင်လျက်ရှိသော ဂုဏ်ထူးဆောင်       ဘွဲ့တံဆိပ်ရ သံအမတ်ကြီးများ၊ ဝန်ကြီးဌာနရှိ အဆင့်မြင့်    အရာရှိကြီးများအား တည်ခင်းဧည့်ခံသည့်    ဂုဏ်ပြု ညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင်    နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၌ ကျင်းပသည်။

 


အဆိုပါ   ဂုဏ်ပြုညစာစားပွဲ သို့  ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးနှင့် ဇနီး၊ သံအမတ်ကြီးများနှင့်   ဇနီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ  ဦးစီး ဌာန အကြီးအကဲများ အဆင့်မြင့် အရာရှိကြီးများ    တက်ရောက် ကြသည်။

 


အခမ်းအနားတွင် ပြည်ထောင် စုဝန်ကြီး       ဦးဝဏ္ဏမောင်လွင် က  ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် များ ချီးမြှင့်ခြင်းခံရသည့်အတွက် အထူးဂုဏ်ယူ      ဝမ်းမြောက်ပါ ကြောင်း၊  တာဝန်ထမ်းဆောင်မှု အပေါ် နိုင်ငံတော်က အသိအမှတ် ပြုသည့်အတွက် ဂုဏ်ထူးဆောင် ဘွဲ့များကို  ပေးအပ်ချီးမြှင့်ခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံ ခန့်ခွဲရေး၊ တိုင်းကျိုး/ ပြည်ကျိုးကို ထူးခြားစွာဆောင်ရွက်သူများကို ချီးမြှင့်ခြင်းဖြစ်သည့်    အတွက် ဂုဏ်ယူရသည့်အပြင်     ထူးခြား သည့် စိန်ရတုလွတ်လပ်ရေး အခါ သမယတွင်     ချီးမြှင့်ခံရခြင်း ဖြစ်သဖြင့်   သံအမတ်ကြီးများ၏ ဘဝအတွက်      အမှတ်တရနှင့် ဂုဏ်ယူဖွယ် အသိအမှတ်ပြုခံရ ခြင်းပင်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဂုဏ်ပြုညစာစားပွဲကျင်းပရခြင်း မှာ  အချင်းချင်း   ချစ်ခင်ရင်းနှီးမှု ပိုမိုရရှိစေရန်   အတွေ့အကြုံများ ဖလှယ်နိုင်ရန် စည်းလုံးညီညွတ်ပြီး အထက်အောက်   အပြန်အလှန် လေးစားစေရန်နှင့်   မိခင်ဝန်ကြီး ဌာနနှင့် ပြည်ပရှိ သံရုံးများအကြား လုပ်ငန်းများ ပွင့်လင်းမြင်သာစွာ ဖြင့် ပူးပေါင်းဆောင်ရွက်မှုရှိစေရန် စသည့်    ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း      ဖြစ်ပါကြောင်း ပြောကြားသည်။

 


ညစာအတူတကွသုံးဆောင်


ဆက်လက်၍   တက်ရောက် လာသည့်   ပြည်ထောင်စုဝန်ကြီး များနှင့်     သံအမတ်ကြီးများ၊ အဆင့်မြင့်     အရာရှိကြီးများက နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက် ၍   အကောင်အထည်ဖော်နေမှု၊ လုပ်ငန်းလုပ်ဆောင်မှု၊ ပြည်ပနိုင်ငံ များနှင့်        ရှိရင်းစွဲဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်ရေး    ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြ ပြီး ညစာကို အတူတကွသုံးဆောင် ကြသည်။

 

 
မွန်းလွဲပိုင်းကလည်း နိုင်ငံခြား ရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ပြည်ထောင်စုဝန်ကြီး   ဦးဆောင် ၍    အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး၊   နိုင်ငံခြားရေး ဝန်ကြီးဌာန    ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊  ညွှန်ကြား ရေးမှူးချုပ်များနှင့်    ပြည်ပမှ ဂုဏ်ထူးဆောင်  ဘွဲ့တံဆိပ်များ လက်ခံရယူရေးအတွက်  မြန်မာ နိုင်ငံသို့     တာဝန်ဖြင့် ခေတ္တ ပြန်လည်      ရောက်ရှိနေသော သံအမတ်ကြီးများအကြား လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ ကြောင်း သိရသည်။  


သတင်းစဉ်