
ရန်ကုန် ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး သတင်းစာ ဆရာအသင်း၏ ကြီးကြပ်မှု ဗဟန်းမြို့နယ် သတင်းစာဆရာ အသင်း၏ဦးဆောင်မှုဖြင့် ကျင်းပ သော (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ ဂုဏ်ပြု ဆောင်းပါးပြိုင်ပွဲတွင် ဆုရကြသူ များအား ဆုချီးမြှင့်ပွဲအခမ်းအနား ကို ဇန်နဝါရီ ၅ ရက် မွန်းတည့် ၁၂ နာရီက ဗဟန်းမြို့နယ် အာဇာနည် ကုန်း၊ သွေးဆေးကန်အနောက် ဘက်ရှိ ကြီးငါးကြီးဆုတောင်းပြည့် ဘုရားရင်ပြင်၌ကျင်းပသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အမှာစကား ပြောကြားပြီး ဗဟန်းမြို့နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ အဂ္ဂမဟာသီရိသုဓမ္မမဏိ ဇောတ ဓရ၊ သုဓမ္မမဏိ ဇောတဓရ ဦးစိုးသန်းထွန်း (လူမှုထူးချွန် တတိယ)က ပြိုင်ပွဲပြုလုပ်ပေးရ ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အကဲဖြတ် အဖွဲ့ ဒိုင်ချုပ်ဦးသက်တင်(ဆရာ မောင်သာတင့်)က ဆုရွေးချယ်ရေး စည်းမျဉ်းများနှင့် ဆုရွေးချယ်ပုံတို့ကိုရှင်းလင်းပြောကြားပြီး အကဲ ဖြတ်ဒိုင်များအား ဗဟန်းမြို့နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ် သည်။
ထို့နောက် ပထမဆုရသစ္စဝါဒီ ဦးမြင့်အောင်၊ ဒုတိယဆုရ သန်းဝင်းထွန်း(ဆွာ)၊ တတိယဆုရ ရွှေတိုင်လွင် (ကြည့်မြင်တိုင်)၊ နှစ်သိမ့်ဆုရ ရင်ငြိမ်းအေး(မေတ္တာ မြေ)၊ရွှေဘုတ်(အင်းစိန်)၊ဝင်းဇော် (သုံးဆယ်)တို့အား ဆုများချီးမြှင့် ခဲ့ပြီး ဆုရသူများကိုယ်စား သစ္စာ ဝါဒီဦးမြင့်အောင်က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။
တင်ဝင်းလေး (ကြည့်မြင်တိုင်)