
နေပြည်တော် ဇန်နဝါရီ ၅
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများက နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင်ထံသို့ ကိုရီးယားဒီမိုကရက်တစ်
ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
မစ္စ ချိုဆွန်းဟွာ ထံမှ ပေးပို့သည့်
ဝမ်းမြောက်ကြောင်းသဝဏ်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်းနှင့် အဆွေတော်ကျန်းမာရွှင်လန်းစွာဖြင့် လုပ်ငန်းဆောင် တာများ ပိုမိုအောင်မြင်စေရန် ဆုမွန်ကောင်းများ ပို့သအပ်ပါ သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထံသို့ ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
မစ္စတာ ဖိုင်ဇယ် ဘင် ဖာဟန် အယ်လ် ဆာအုဒ် ထံမှ ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်တွင် ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယအတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ အဆွေတော် ကျန်းမာရွှင်လန်းစေရန်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာပြည်သူများ ပိုမိုတိုးတက် သာယာဝပြောပါစေကြောင်း နွေးထွေးလှိုက်လှဲစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။