MRTV သံစုံတီးဝိုင်း ဖျော်ဖြေတင်ဆက်မှုကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်   ဇန်နဝါရီ   ၄
 ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ  ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Live Show အစီအစဉ်ဆန်းသစ်မှုအဖြစ် MRTV  သံစုံတီးဝိုင်း ဖျော်ဖြေပွဲကို  ဇန်နဝါရီ ၆  ရက်  သောကြာနေ့   ည ၈ နာရီ  သတင်းအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။ 
MRTV  သံစုံတီးဝိုင်းအဖွဲ့၏  တီးခတ်မှုနှင့်အတူ   တေးသံရှင်များ ဖြစ်ကြသည့် အိန္ဒြာမိုး၊ ရွှေဖြူ၊ သဒ္ဒါဖြူ၊ နန်းစန္ဒီ၊ မေထူးကျော်၊ စောဒယ်နီ ရယ်၊ မြနန္ဒာနှင့် ဖူးဧကရီဆောင်းတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ပြီး   ထိုသို့တင်ဆက်မှုကို ဇန်နဝါရီ  ၈ရက်၊ (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲ တွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။    သတင်းစဉ်