ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ကမ္ဘာ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့

 

နေပြည်တော်   ဇန်နဝါရီ   ၄
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌  ကျရောက်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ 
ဝန်ကြီးချုပ် ဆမ်ဒက်အာခါမိုဟာ ဆီနာပါတိုင်းတဲ့ချို ဟွန်ဆင် ထံမှ 
ပေးပို့သည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၏  (၇၅)   နှစ်မြောက် လွတ်လပ်ရေးနေ့  အခါသမယတွင် အဆွေတော်နှင့် မြန်မာနိုင်ငံ ပြည်သူများထံသို့   မိမိအနေဖြင့်  ဂုဏ်ယူဝမ်းမြောက်စွာ   ဆုမွန် ကောင်းများ ပို့သအပ်ပါသည်၊၊
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် အစဉ်အလာအရ  ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် အကျိုးရှိသော ပူးပေါင်းဆောင် ရွက်မှုများကို အခြေခံလျက် လွန်ခဲ့သည့်နှစ်များအတွင်း နီးကပ်သော နှစ်နိုင်ငံဆက်ဆံရေး ထူထောင်ထားရှိနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ် မှတ်သားရပါသည်၊၊   မိမိတို့နှစ်နိုင်ငံနှင့်   အာဆီယံအသိုက်အဝန်း ငြိမ်းချမ်းရေး၊     တည်ငြိမ်ရေးနှင့်    သာယာဝပြောရေးတို့အတွက် နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားရန် မိမိအနေဖြင့် အဆွေတော်နှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရန် အသင့်ရှိပါသည်၊၊ 
အဆွေတော်အား အစဉ်ချစ်ကြည် အလေးထားလျက်ရှိပါကြောင်း  ထပ်လောင်းပြောကြားလျက် အဆွေတော် ကျန်းမာပါစေကြောင်းနှင့် မြန်မာပြည်သူများ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိပြီး ကျန်းမာ ရွှင်လန်းပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါသည်၊၊ 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် 
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ဘယ်လာရုစ်သမ္မတနိုင်ငံ၊ 
ဝန်ကြီးချုပ် မစ္စတာ ရိုမန် ဂိုလော့ဗ်ချန်ကို ထံမှ ပေးပို့သည့် 
ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်၏   လွတ်လပ်ရေးနေ့ အခါသမယတွင်  ဘယ်လာရုစ် သမ္မတနိုင်ငံ၊  အစိုးရအဖွဲ့ကိုယ်စား နှင့်  မိမိမှ  လှိုက်လှဲစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း   ပြောကြား လိုပါသည်။
လက်ရှိခက်ခဲသည့် အခြေအနေများတွင် မိမိတို့နှစ်နိုင်ငံအနေဖြင့် မြင့်မားသည့်  အပြန်အလှန်ယုံကြည်မှုကို  ထိန်းသိမ်းပြီး  နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန် ဆက်လက်ပူးတွဲဆောင် ရွက်သွားမည့်အပေါ် ဝမ်းမြောက်မိပါသည်။ 
ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေးသည်  နီးကပ်သည့် အနာဂတ်ကာလတွင် စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု နှင့် ပညာရေးစသည့် နယ်ပယ်စုံ၌ သိသာထင်ရှားသည့် တိုးတက်မှု များ ရရှိနိုင်မည်ဟု ယုံကြည်ပါသည်။
အဆွေတော်   ကျန်းမာပါစေကြောင်းနှင့်    မြန်မာပြည်သူများ  သာယာဝပြောပြီး တည်ငြိမ်အေးချမ်းပါစေကြောင်း ဆုမွန်ကောင်း တောင်းလျက် မိမိအနေဖြင့် အဆွေတော်အား အစဉ်ချစ်ကြည်လေးစား လျက်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။