နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားပြီး ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းခံယူ

 

နေပြည်တော်   ဇန်နဝါရီ    ၄


၂၀၂၃ ခုနှစ်  (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့   အခမ်း အနားကို   ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ   ဗိုလ်ရှုခံရင်ပြင်၌      ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်      ဗိုလ်ချုပ်မှူးကြီး   သတိုးမဟာသရေစည်သူ သတိုး သီရိသုဓမ္မ       မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း   ပြောကြား ပြီး   ဂုဏ်ပြုစစ်ကြောင်းများ၏ အလေးပြုခြင်းကို ခံယူသည်။

 


အဆိုပါ      အခမ်းအနားသို့ နိုင်ငံတော်       စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ       နိုင်ငံတော် ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး    သတိုးမဟာသရေစည်သူ     သတိုး သီရိသုဓမ္မ မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး သီရိပျံချီမဟာသရေစည်သူ စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊    ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များနှင့်  ဇနီးများ၊  ဒုတိယသမ္မတ(ငြိမ်း)    သရေစည်သူ   ဒေါက်တာစိုင်းမောက်ခမ်းနှင့်  ဇနီး၊   ဒုတိယသမ္မတ(ငြိမ်း) သရေစည်သူ ဦးဉာဏ်ထွန်းနှင့် ဇနီး၊ ခေတ်အဆက်ဆက် နိုင်ငံတော်တာဝန်များကို   ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံတော်အကြီးအကဲများ၏        မိသားစုဝင်များ၊    ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေး ပုဂ္ဂိုလ်များ၊ တပ်မတော်မှ အငြိမ်းစားဗိုလ်ချုပ်ကြီးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီးများ၊   ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့်    ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊       တိုင်းစစ်ဌာနချုပ် အသီးသီးမှ    တိုင်းမှူးများ၊   ဒုတိယဝန်ကြီးများ၊ နိုင်ငံခြားသံရုံးများမှ   သံအမတ်ကြီးများနှင့်   သံရုံး တာဝန်ခံများ၊   ဂုဏ်ထူးဆောင်ကောင်စစ်ဝင်များ၊       စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်   ဂုဏ်ထူး ဆောင်ဘွဲ့ရရှိကြသူများ၊ NCA စာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် NCA စာချုပ် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် တိုင်းရင်း သားလက်ကိုင်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ် များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊   နေပြည်တော် တိုင်းစစ်ဌာနချုပ်နှင့်    တပ်နယ်မှ    အရာရှိကြီးများ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား  တိုင်းရင်းသူများ၊   အနုပညာရှင်များ၊ အစိုးရမဟုတ်သော   အသင်းအဖွဲ့များနှင့်  အထူး ဖိတ်ကြားထားသည့်   ဧည့်သည်တော်များ  တက် ရောက်ကြသည်။

 


ချီတက်နေရာယူ


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကို ချီတက်အလေးပြုကြမည့် စစ်ရေးပြမှူးကြီး ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင် ဦးဆောင်သော နိုင်ငံတော်အလံအဖွဲ့နှင့် စစ်ရေးပြ တပ်ရင်းများသည် စုရပ်ကွင်းမှ  (၇၅)  နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်သို့ ချီတက်နေရာယူကြသည်။

 


ငြိမ်းချမ်းရေးချိုးဖြူငှက် လွှတ်တင်


နံနက် ၇ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည်      အခမ်းအနားကျင်းပမည့် ဥပစာရင်ပြင်ရှိ အလေးပြုခံစင်မြင့်သို့ ရောက်ရှိရာ တပ်ပေါင်းက အလေးပြုကြသည်။ တစ်ချိန်တည်းတွင် အမြောက်တပ်ဖွဲ့က အမြောက် ၂၁ ချက် ပစ်ဖောက် ဂုဏ်ပြုပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ကို ဂုဏ်ပြုသည့်အနေဖြင့် ငြိမ်းချမ်းရေးချိုးဖြူငှက် အကောင် ၇၅၀ ကို လွှတ်တင်သည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ တပ်ပေါင်းနှင့် အခမ်းအနားသို့  တက်ရောက်လာကြသူများသည် နိုင်ငံတော်အလံကို အလေးပြုကြပြီး  ဆက်လက်၍ ကျဆုံးလေပြီးသော   အာဇာနည်ခေါင်းဆောင်ကြီး များနှင့် ရဲဘော်များကို အလေးပြုကြသည်။

 


သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြ


ယင်းနောက်   နိုင်ငံတော်လွတ်လပ်ရေးရရှိရန် နှင့် လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရန်အတွက် အသက်ခန္ဓာပေးဆပ်ခဲ့သူများကို ဂုဏ်ပြုအောက်မေ့ သတိရသောအားဖြင့်   ၂  မိနစ် ငြိမ်သက်ကြပြီး ဆက်လက်၍ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ သစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။

 


မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေး


ထို့နောက်           နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် စစ်ရေးပြတပ်ရင်း၊ ဂုဏ်ပြုယာဉ် များ၊ တပ်မတော်နှင့် ပြည်ထဲရေးမှ ယန္တရားတပ်ခွဲများ ကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။

 


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး   သတိုးမဟာသရေစည်သူ   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့    မိန့်ခွန်းပြောကြားသည်။   (နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ မိန့်ခွန်း အပြည့်အစုံကို စာမျက်နှာ - ၈ တွင် သီးခြားဖော်ပြ ထားပါသည်။)

 


အလေးပြုကြ


ထို့နောက်    တပ်မတော်(လေ)မှ   စမ်းသပ် ထုတ်လုပ်သည့် MTX-1A အပါအဝင် PT-6 လေယာဉ် ၁၅ စင်းဖြင့် အင်္ဂလိပ်အက္ခရာ 75 ပုံစံအုပ်ဖွဲ့၍ ဗိုလ်ရှုခံ အဆောက်အဦ၏ ရှေ့တူရူမှ ပျံသန်းဝင်ရောက်ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို အလေးပြုကြ သည်။

 


ချီတက်အလေးပြု


ဆက်လက်ပြီး     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ် မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို စစ်ရေးပြမှူးကြီး ဦးဆောင်သည့် နိုင်ငံတော်အလံအဖွဲ့၊   တပ်မတော်(ကြည်း)  အလံ တော်ဖွဲ့၊     တပ်မတော်(ကြည်း)   ကိုယ်စားပြုတပ်ခွဲ၊ ကာကွယ်ရေးဝန်ကြီးဌာန    ကိုယ်စားပြုတပ်ခွဲ၊ ပြည်ထဲရေးဝန်ကြီးဌာန    ကိုယ်စားပြုတပ်ခွဲနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန    ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း(၁)အဖြစ်လည်းကောင်း၊ တပ်မတော်(ရေ) အလံတော်အဖွဲ့၊ တပ်မတော်(ရေ) ကိုယ်စားပြုတပ်ခွဲ၊ မြန်မာနိုင်ငံ   စစ်မှုထမ်းဟောင်းအဖွဲ့  ကိုယ်စားပြု တပ်ခွဲ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ နှင့်   တပ်မတော်(ကြည်း)     စစ်တီးဝိုင်းအဖွဲ့တို့က တပ်ရင်း(၂)အဖြစ်လည်းကောင်း၊ တပ်မတော်(လေ) အလံတော်အဖွဲ့၊ တပ်မတော်(လေ) ကိုယ်စားပြုတပ်ခွဲ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန  ကိုယ်စားပြု တပ်ခွဲ၊ ဥပဒေရေးရာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ နှင့် ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း  (၃) အဖြစ်လည်းကောင်း၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အလံတော်အဖွဲ့၊    မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကိုယ်စားပြုရဲတပ်ခွဲ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စိုက်ပျိုးရေး၊မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တီးဝိုင်းတပ်ခွဲတို့က တပ်ရင်း (၄) အဖြစ်လည်းကောင်း ချီတက်အလေးပြုကြသည်။

 


ဆက်လက်၍    မြန်မာနိုင်ငံ   မီးသတ်တပ်ဖွဲ့ အလံတော်အဖွဲ့၊    မြန်မာနိုင်ငံ    မီးသတ်တပ်ဖွဲ့ ကိုယ်စားပြုတပ်ခွဲ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန  ကိုယ်စားပြုတပ်ခွဲနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲတို့က တပ်ရင်း (၅)အဖြစ်လည်းကောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန    အလံတော်အဖွဲ့၊   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန   ကိုယ်စားပြုတပ်ခွဲ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန   ကိုယ်စားပြုတပ်ခွဲ၊ စွမ်းအင်ဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့် မြန်မာ နိုင်ငံ မီးသတ်တပ်ဖွဲ့တီးဝိုင်းတို့က တပ်ရင်း(၆)အဖြစ် လည်းကောင်း၊   ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေး ဝန်ကြီးဌာန  အလံတော်အဖွဲ့၊  စက်မှုဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊        အလုပ်သမားဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  ကိုယ်စားပြုတပ်ခွဲနှင့်  ပညာရေး ဝန်ကြီးဌာန   ကိုယ်စားပြုတပ်ခွဲတို့က  တပ်ရင်း(၇)အဖြစ်လည်းကောင်း၊    သယံဇာတနှင့်   သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အလံတော် အဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ကိုယ်စားပြု တပ်ခွဲနှင့် အ.ထ.က(၁) နေပြည်တော် ကျောင်းသား ကျောင်းသူလေးများ၏  ဘင်ခရာအဖွဲ့တို့က တပ်ရင်း (၈)အဖြစ်လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန အလံတော်အဖွဲ့၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကိုယ်စားပြု တပ်ခွဲ၊  ဟိုတယ်နှင့်  ခရီးသွားလာရေးဝန်ကြီးဌာန ကိုယ်စားပြုတပ်ခွဲနှင့်  တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန   ကိုယ်စားပြုတပ်ခွဲတို့က  တပ်ရင်း(၉)အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟိုစစ်တီးဝိုင်းက လည်းကောင်း ချီတက်အလေးပြုကြသည်။

 


ထုတ်လွှတ်ကာ အုပ်ဖွဲ့ပျံသန်း


ထိုသို့       ချီတက်အလေးပြုနေစဉ်အတွင်း Mi-35 P ရဟတ်ယာဉ်က နိုင်ငံတော်အလံကို ချိတ်ဆွဲ ပြီး Eurocopter ရဟတ်ယာဉ် နှစ်စင်းတို့က စောင့်ကြပ် လိုက်ပါပျံသန်း၍လည်းကောင်း၊   Mi-2 ,   H-120,H-125 လေယာဉ်များ အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ Y-12 သယ်ယူပို့ဆောင်ရေးလေယာဉ် သုံးစင်း အုပ်ဖွဲ့ ပျံသန်း၍လည်းကောင်း၊ ATR 72 သယ်ယူပို့ဆောင် ရေးလေယာဉ်တစ်စင်းနှင့် Beech သယ်ယူပို့ဆောင် ရေးလေယာဉ်  နှစ်စင်းတို့က  အုပ်ဖွဲ့ပျံသန်း၍လည်း ကောင်း၊ Fokker 70 သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်းနှင့် MiG -29 ဘက်စုံသုံးတိုက်လေယာဉ် နှစ်စင်းတို့က   အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊  K-8 W ဂျက်တိုက်လေယာဉ် ငါးစင်းက (Smoke Trail ) အသုံးပြုပြီး နိုင်ငံတော်အလံ ကိုယ်စားပြုအရောင်များ ထုတ်လွှတ်ကာ အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ A-5 ဗုံးကြဲလေယာဉ်တစ်စင်းနှင့်   Yak - 130  ဂျက်တိုက် လေယာဉ်   သုံးစင်းတို့က   အုပ်ဖွဲ့ပျံသန်း၍လည်း ကောင်း၊ F-7 ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ် လေးစင်းတို့က အုပ်ဖွဲ့ပျံသန်း၍လည်းကောင်း၊ FTC- 2000 G ဂျက်တိုက်လေယာဉ် လေးစင်းတို့က အုပ်ဖွဲ့ ပျံသန်း၍လည်းကောင်း အလေးပြုကြသည်။

 


ညီညာလှပစွာ သရုပ်ဖော်တင်ဆက်


တစ်ချိန်တည်းတွင်    နေပြည်တော်ကောင်စီ နယ်မြေရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူလေးများက “(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့” (၄-၁-၂၀၂၃) စာသား၊ “75th Anniversary of Diamond Jubilee Independence Day” (4.1.2023) စာသား၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံပုံရိပ်၊  “စည်းလုံးခြင်းသည် အင်အား”စာသား၊ စည်းလုံးညီညွတ်မှု၏ အရေးပါမှု ကို  သရုပ်ဖော်ထားသည့် ထင်းစည်းချိုးရုပ်တုအား တိုင်းရင်းသားလူမျိုး (၈) မျိုး ခြံရံထားသည့်ပုံရိပ်၊ “လွတ်လပ်ရေးကို ကာကွယ်ပါ”ဆိုသည့် သရုပ်ဖော် စာလုံး၊ ချိုးဖြူငှက်က သံလွင်ခက်ကိုချီ၍ ပျံသန်းနေ သည့်ပုံရိပ်၊ “ရှေ့သို့ချီမည်၊ ပန်းတိုင်ဆီ” စာသား၊ “Keep Moving Forward to Achieve Our Goal” စာသား၊ “ပြန်လည်ဆုံတွေ့ကြပါစို့” စာသားတို့ကို ညီညာလှပစွာ     သရုပ်ဖော်တင်ဆက်    ပြသကြ သည်။  

 


ဝေဟင်ထက်မှ မြေပြင်သို့ ဆင်းသက်


ထိုအချိန်တွင်အလွတ်ခုန်လေထီးအဖွဲ့မှ လေထီး အရာရှိ    စစ်သည်၊   စစ်သမီးနှင့်   အခြားအဆင့် လေထီးစစ်သည်၊ စစ်သမီး စုစုပေါင်း ၇၅ ဦးတို့က   ဝေဟင်အမြင့်ပေ     ၇၅၀၀    မှ   အလွတ်ခုန်၍ တပ်မတော်အလံ၊   ကြည်း၊  ရေ၊  လေ  အလံများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ကိုယ်စားပြုအလံများ၊ ဝန်ကြီးဌာန ကိုယ်စားပြုအလံ များ၊    ကာကွယ်ရေးအလံနှင့်   ရောင်စုံအလံများ ချိတ်ဆွဲသယ်ဆောင်ကာ ဝေဟင်ထက်မှ မြေပြင်သို့ ဆင်းသက်၍ ချီတက်အလေးပြုကြသည်။

 


ရာဇာဝင်းခင်း


ယင်းနောက်      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး   သတိုးမဟာသရေစည်သူ   သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ကို       စိန်ရတုလွတ်လပ်ရေးနေ့ ဦးဆောင်ဂုဏ်ပြုယာဉ်ဖြင့်   လည်းကောင်း၊ ဘုရင်၊ အိမ်ရှေ့စံ၊ မိဖုရားများ၊ သားတော်သမီးတော်များ၊ ရံရွေတော်များ၊  ဝန်ကြီးများ၊  ပညာရှိအမတ်များ၊ စစ်သူကြီးများ၊   သူဌေးသူကြွယ်များ၊  ဆွေတော် မျိုးတော်များ၊ ဆင်၊ မြင်း၊ ဗိုလ်ပါ မူးမတ်များနှင့် ရဲမက်တော်များပါဝင်သည့် ရာဇာဝင်းခင်း၍လည်း ကောင်း ချီတက်အလေးပြုကြသည်။

 


 စွမ်းရည်ပြကွက်များ ပြသ


ထို့နောက် တပ်မတော်၏ ခေတ်အဆက်ဆက်ကို ဖော်ညွှန်းသည့်တပ်ခွဲများဖြစ်သော BIA တပ်ခွဲ၊ BDA တပ်ခွဲ၊ BNA တပ်ခွဲ၊ PBF တပ်ခွဲ၊ BA တပ်ခွဲ၊ ဘယ်ရီ တပ်ခွဲ၊ ဂေါ်ရခါးတပ်ခွဲ၊ ပွိုင့် ၃၀၃ တပ်ခွဲ၊ ၅၂ စတင်း တပ်ခွဲတို့နှင့်အတူ တပ်မတော်(ကြည်း) ဂုဏ်ပြုယာဉ် အမှတ်(၁)က   လိုက်ပါချီတက်၍ လည်းကောင်း၊ တပ်မတော်(ကြည်း)  ဂုဏ်ပြုယာဉ် အမှတ် (၂) က လည်းကောင်း၊ မြန်မာ့တပ်မတော်မှ စစ်သမီးများက မြန်မာ့သိုင်းစွမ်းရည်သရုပ်ပြသ၍   လည်းကောင်း၊ တပ်မတော်(ကြည်း) ဂုဏ်ပြုယာဉ် အမှတ်(၃)က လည်းကောင်း၊ မြန်မာ့တပ်မတော်မှ စစ်သည်များက မြန်မာ့သိုင်းစွမ်းရည် သရုပ်ပြသ၍  လည်းကောင်း၊ တပ်မတော်(ရေ)   ဂုဏ်ပြုယာဉ်ကလည်းကောင်း၊ အကြမ်းဖက်နှိမ်နင်းရေးတပ်နှင့် လုံခြုံရေးတပ်ရင်းမှ စစ်သည်များက စွမ်းရည်ပြကွက်များ ပြသ၍လည်း ကောင်း၊ တပ်မတော်(လေ)ဂုဏ်ပြုယာဉ်ကလည်း ကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ စစ်သည်များနှင့်  ရဲမေများက   စွမ်းရည်ပြကွက် များ  ပြသ၍လည်းကောင်း   ချီတက်အလေးပြုကြ သည်။

 


သရုပ်ပြဖျော်ဖြေတင်ဆက်


ဆက်လက်၍ မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တို့ရှိ ထင်ရှားသည့်အထိမ်းအမှတ်များ၊
လူနေမှုစရိုက်လက္ခဏာများ၊ ဓလေ့ထုံးတမ်း အစဉ် အလာများနှင့်  ထုတ်ကုန်များကို  သရုပ်ဖော်ပြသ ထားသည့် နေပြည်တော်ကောင်စီနယ်မြေ၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့မှ  ဂုဏ်ပြုယာဉ်များနှင့်   ဖျော်ဖြေရေး အဖွဲ့များက တေးသီချင်းအကအလှများဖြင့်လည်း ကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန၊     နယ်စပ်ရေးရာဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေ ရေးရာဝန်ကြီးဌာန၊       ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုး ရေး၊    မွေးမြူရေးနှင့်   ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်       ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လှုဝင်မှုကြီးကြပ်ရေး နှင့်  ပြည်သူ့အင်အားဝန်ကြီးဌာန၊  အလုပ်သမား ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊      ပညာရေးဝန်ကြီးဌာန၊     သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊   ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့်           လူငယ်ရေးရာဝန်ကြီးဌာန၊  ဆောက်လုပ်ရေးဝန်ကြီးဌာန၊         လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်     ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊   ဟိုတယ်နှင့်    ခရီးသွားလာရေးဝန်ကြီး ဌာန၊    တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တို့ မှ        ဂုဏ်ပြုယာဉ်များက      ဝန်ကြီးဌာနအလိုက် ဆောင်ရွက်မှုလုပ်ငန်းစဉ်များကို      သရုပ်ဖော်ပြသ ၍ လည်းကောင်း  ချီတက်သရုပ်ပြ  ဖျော်ဖြေတင်ဆက် ကြသည်။

 


ထို့နောက် ယန္တရားစစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ဇော်မင်းသိန်း ဦးဆောင်သည့် ယန္တရားစစ်ကြောင်း တွင် ခေတ်လွန်အမြောက်ယန္တရားတပ်ခွဲ၊ ခေတ်လွန် သံချပ်ကာယန္တရားတပ်ခွဲ၊ အမြောက်တပ်ဖွဲ့ ယန္တရား တပ်ခွဲ၊  ဒုံးတပ်ဖွဲ့ယန္တရားတပ်ခွဲ၊  သံချပ်ကာတပ်ဖွဲ့ ယန္တရားတပ်ခွဲ၊ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ ယန္တရားတပ်ခွဲ၊   စစ်အင်ဂျင်နီယာတပ်ဖွဲ့ယန္တရား တပ်ခွဲ၊ တပ်မတော်(ရေ) ယန္တရားတပ်ခွဲ၊ ပြည်ထဲရေး ဝန်ကြီးဌာန ယန္တရားတပ်ခွဲတို့ လိုက်ပါချီတက်ပြီး အလေးပြုကြသည်။

 


ယပ်တောင်ပုံစံဖြင့်  ဖြန့်ခွဲပျံသန်း


ထိုသို့ချီတက်အလေးပြုနေစဉ် တပ်မတော်(လေ)မှ  K-8 W   ဂျက်တိုက်လေယာဉ်များ အုပ်စုဖွဲ့ပြီး နိုင်ငံတော်အလံကိုယ်စားပြု အရောင်များဖြစ်သည့် အဝါရောင်၊ အစိမ်းရောင်နှင့် အနီရောင် Smoke Trail များထုတ်လွှတ်၍ပျံသန်းခြင်း၊ Su -30 ဘက်စုံသုံး အကြီးစား   တိုက်လေယာဉ်  နှစ်စင်းနှင့်  MIG-29 ဘက်စုံသုံးတိုက်လေယာဉ် နှစ်စင်းတို့က Composite Box Formation ဖြင့် အုပ်ဖွဲ့ပျံသန်းခြင်းနှင့် Fan Break  ခေါ် ယပ်တောင်ပုံစံဖြင့်  ဖြန့်ခွဲပျံသန်းခြင်း များ ဆောင်ရွက်၍ အလေးပြုကြသည်။ 

 


မီးရှုးမီးပန်းများ ဂုဏ်ပြုပစ်ဖောက်


ယင်းနောက် စိန်ရတုလွတ်လပ်ရေး ဂုဏ်ပြုယာဉ် နှင့်အတူ ယဉ်ကျေးမှုအကအဖွဲ့များက “ပြည့်ရတနာ သီချင်း”ဖြင့်   ကပြဖျော်ဖြေတင်ဆက်    ချီတက် အလေးပြုကြပြီး  Su -30  ဘက်စုံသုံးအကြီးစား တိုက်လေယာဉ်တစ်စင်းက   တိုက်လေယာဉ်များ၏ အဆင့်မြင့် လှုပ်ရှားစစ်ကစားမှု High Performance Maneuver   များကို  စွမ်းရည်ပြပျံသန်းခြင်းများ ဆောင်ရွက်၍ ပျံသန်းအလေးပြုကြပြီး Day Time Colour Smoke မီးရှူးမီးပန်းများ ဂုဏ်ပြုပစ်ဖောက် ကြသည်။

 


ရင်းရင်းနှီးနှီး လက်ပြနှုတ်ဆက်


ချီတက်အလေးပြုစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  ဇနီး၊ ဧည်သည်တော်များသည်  ချီတက်အလေးပြုသည့် ဂုဏ်ပြုယာဉ်များ၊   သရုပ်ပြအဖွဲ့များနှင့်  ဂုဏ်ပြု အကအဖွဲ့များကို  ရင်းရင်းနှီးနှီး လက်ပြနှုတ်ဆက် ကြသည်။ 

 


အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ သည် အခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှုတ်ဆက်၍   (၇၅)  နှစ်မြောက်  စိန်ရတု လွတ်လပ်ရေးနေ့   ဂုဏ်ပြုအခမ်းအနားကျင်းပရာ ဥပစာရင်ပြင်မှ     ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်