လွတ်လပ်ရေးဆိုသည်မှာ

 

လွတ်လပ်ရေးဆိုသည်မှာ

 

H    လွတ်လပ်ရေးဆိုသည်မှာ . . . ။ 
    ရှိနေစဉ် မသိသာလှပေမယ့်
    မရှိလေလျှင် သိသာလှ 
    ဒုက္ခကွန်ချာ။
    ကျွန်အဖြစ် နွံနစ်ပါ
    အသည်းနာစရာ အလွန်ကောင်း။
    ကိုယ့်ဆန်ကို ကိုယ်မစားရပေဘူး
    ကိုယ်ခြံမှာ ကိုယ်မနားရပေဘူး
    တစ်ပါးသူပြုသမျှ 
    နုရပေကြောင်း။
H    လွတ်လပ်ရေးဆိုသည်မှာ . . . ။
    အမှုမဲ့ မနေလိုက်ပါနဲ့
    အမှတ်မဲ့ မနေလိုက်ပါနဲ့
    နေလိုက်လျှင် မထင်မှတ်ပါပဲ
    ဖျတ်ခနဲဆို သူ့လက်တွင်း
    သက်ဆင်းရပါ။ 
    ပြန်ရဖို့ အချိန်မှာ 
    ရှည်ကြာလှ နှစ်ပေါင်း။ 
    မြောက်မြားစွာ အသက် သွေးတွေ 
    ပေးဆပ်ရကြောင်း။
H    လွတ်လပ်ရေးဆိုသည်မှာ . . . ။
    နိုင်ငံသူ နိုင်ငံသားတို့ 
    နိုးကြားအတွေး ရှင်သန်လို့ 
    အမျိုးသားရေး အမြင်မှန်လို့
    တစ်ကြော့ပြန် တစ်ဖန်မပျောက်အောင် 
    စောင့်ရှောက်ရမှာ။
    မြန်မာ့ရဲ့ အချုပ်အခြာ အာဏာ
    မြန်မာသာ ပိုင်စေဖို့။
    တိုင်းရင်းသား ပြည်သူတို့
    ရိုင်းပင်းအား ညီတူလို့
    ရှေ့တူရူ ခရီးဆက်မယ်
    တွဲလက် ခိုင်စို့။    ။

    မြင်းမူမောင်နိုင်မိုး