သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်ကြော်ငြာစာအမှတ်    ၁  / ၂၀၂၃
၁၃၈၄ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက်
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ  ၄  ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အောက်ဖော်ပြပါ ထင်ရှားကျော်ကြား၍ ဩဇာတိက္ကမကြီးခဲ့ပြီး ပျံလွန်တော်မူပြီးဖြစ်သော ဆရာတော်ကြီးများအား   သာသနာတော်ဆိုင်ရာ   ဘွဲ့တံဆိပ်တော်များ ကို ဆက်ကပ်လှူဒါန်း အပ်နှင်းလိုက်ပါသည်-
အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်
၁။    ဘဒ္ဒန္တဉာဏဓဇ(လယ်တီဆရာတော်ကြီး)၊   မဟာလယ်တီ ကျောင်းတိုက်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး 
၂။    ဘဒ္ဒန္တဇနကာဘိဝံသ(တောင်မြို့မဟာဂန္ဓာရုံဆရာတော်ကြီး)၊ မဟာဂန္ဓာရုံကျောင်း၊    ဆင်စွယ်ပွတ်ရပ်ကွက်၊   အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး 
၃။    ဘဒ္ဒန္တဝိမလ(မိုးကုတ်ဆရာတော်ကြီး)၊ မင်္ဂလာကျောင်းတိုက်၊ အမရပူရမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး  
၄။    ဘဒ္ဒန္တသောဘန(မဟာစည်ဆရာတော်ကြီး)၊ မဟာစည်သာသနာ့ ရိပ်သာကျောင်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး 
၅။    ဒေါက်တာဘဒ္ဒန္တသီလာနန္ဒာဘိဝံသ (ပါဠိ-ရိုမန်ဆရာတော်ကြီး)၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ အမှတ် (၅) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်
၁။    ဘဒ္ဒန္တကုမာရ၊ ကျောက်ဆည်ဝေဘူချောင်ကျောင်း၊ ကျောက် ဆည်မြို့၊ မန္တလေးတိုင်းဒေသကြီး
၂။    ဘဒ္ဒန္တကဝိ၊ စွန်းလွန်းဂူကျောင်းတိုက်၊ စွန်းလွန်းကျေးရွာ၊ မြင်းခြံ မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
၃။    ဘဒ္ဒန္တဥတ္တမ၊ ရွှေစေတီကျောင်းတိုက်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ် 
၄။    ဘဒ္ဒန္တဥက္ကဋ္ဌ၊    သဲအင်းဂူဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက်၊ နှောကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
၅။    ဘဒ္ဒန္တဝိစာရ၊ ဝေဠုဝန်ကျောင်းတိုက် ၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး     
                            (ပုံ) မင်းအောင်လှိုင်
        ဗိုလ်ချုပ်မှူးကြီး
        ဥက္ကဋ္ဌ
        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ