၂ဝ၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများစာရင်း ထုတ်ပြန်

 

နေပြည်တော်  ဇန်နဝါရီ   ၃
၂၀၂၃ ခုနှစ်၊ (၇၅)  နှစ်မြောက်    စိန်ရတုလွတ်လပ် ရေးနေ့        အထိမ်းအမှတ်    ဆောင်းပါးပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန       ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက   ၂၀၂၂    ခုနှစ်၊ နိုဝင်ဘာ ၂၆ရက်မှစ၍   ဖိတ်ခေါ်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက် ညနေ  ၄  နာရီတွင် နောက်ဆုံးပေးပို့ရန် ဖိတ်ခေါ် ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းဆောင် ရွက် ခဲ့မှု၊   သမိုင်းမှတ်တမ်းတစ်လျှောက် အစဉ်အလာ ကြီးမားခဲ့သည့်   လွတ်လပ်ရေးနေ့၏    ပုံရိပ်များနှင့်    လွတ်လပ်ရေးကို    ထိန်းသိမ်းစောင့်ရှောက်ရမည့်  မွန်မြတ်သော ရည်ရွယ်ချက်များ   စသည့်   လွတ်လပ် ရေး၏အနှစ်သာရကို      ဖော်ကျူးရေးထားသည့် ဆောင်းပါး  ၉၆ ပုဒ်ဖြင့်  ပြိုင်ပွဲဝင် ၉၆ ဦးက ပါဝင် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ဆောင်းပါးပြိုင်ပွဲဝင်   ဆောင်းပါးများ အား    မြန်မာနိုင်ငံ    စာရေးဆရာအသင်းမှ စာပေ ပညာရှင်ကြီးများက စိစစ်အကဲဖြတ်ကြရာ ပထမဆု   ဘုန်းမောင်ဝင်း  (ဖျာပုံ)၊ ဒုတိယဆု  ငြိမ်းချမ်းမေ၊ တတိယဆု ရင်ငြိမ်းအေး (မေတ္တာမြေ) တို့က ရရှိခဲ့ကြ ပြီး အထူးဆုများအဖြစ်    တင်ကိုဝင်း၊   မနောသစ်   (ပခုက္ကူ)၊     မင်းသန်းနိုင်(မုဒုံ)၊ မင်းလပြည့် (ဟားခါး)၊   မောင်(ပုလဲမြေ)တို့က အသီးသီးရရှိကြသည်။
ဆုရရှိသူများအား    ပြန်ကြားရေးဝန်ကြီး ဌာနက   ဆုများ   ထိုက်တန်စွာ  ချီးမြှင့်သွားမည်ဖြစ်ကြောင်း နှင့်     ဆုပေးပွဲကျင်းပမည့်ရက်အား   ထပ်မံအသိပေး အကြောင်းကြားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်