
အလုံ ဒီဇင်ဘာ ၃၁
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့ မွန်းလွဲ ၁နာရီက ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ် သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေး သူအဖြစ် အလုံပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ချိုနှင့် အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းဝင်းရီတို့က ဆွေးနွေးကာ ကျောင်းသား ကျောင်းသူ ခြောက်ဦးက လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာပေ အကြောင်းအရာများကို ဆွေးနွေးကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေး သူများက ပြန်လည်ဆွေးနွေးကြသည်။ စကားဝိုင်းသို့ အလုံမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဆန်းထွန်းနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ကြောင်း သိရသည်။
ယင်းနောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်များကို တက်ရောက်လာသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
မောင်မောင်(လျှပ်စစ်)