တရုတ်နိုင်ငံ၏ အနောက်ဘက်စွန်း Pamir ကုန်းပြင်မြင့်နေပြည်သူများ လေယာဉ်ဖြင့် သွားလာနိုင်ပြီ

 

ပေကျင်း  ဒီဇင်ဘာ ၃၀
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း  ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  Taxkorgan Tajik    ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင် Taxkorganလေဆိပ်ကို ဒီဇင်ဘာ ၂၃ ရက်က ခရီးသည်တင်လေယာဉ်တစ်စင်း ရောက်ရှိလာခဲ့ သည်။  ၎င်းမှာ   ယင်းဒေသ၏    ပထမဆုံး ကုန်းပြင်မြင့်  လေဆိပ်ဖော်ဆောင်နိုင်ခြင်း၏ အမှတ်သင်္ကေတလည်းဖြစ်သည်။ 
ပင်လယ်ရေမျက်နှာပြင်အထက် ၃၂၅၈ မီတာရှိသော အဆိုပါလေဆိပ်သည် တရုတ်နိုင်ငံ အနောက်ဘက်စွန်းရှိ  သယ်ယူပို့ဆောင်ရေး လေဆိပ် ဖြစ်သည်။ မီတာ ၃၈၀၀ ပြေးလမ်း ရှိသော  ယင်းလေဆိပ်ကို   နှစ်စဉ်ခရီးသည် ၁၆၀၀၀၀ နှင့် ကုန်ပစ္စည်း၊  စာပို့တန်ချိန် ၄၀၀ ဝင်ထွက်သွားလာနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်ကြောင်း သိရသည်။ 
အဆင်ပြေလွယ်ကူစေသော  လေကြောင်း သွားလာမှုက Pamir ကုန်းပြင်မြင့်သို့ လူများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့်    သတင်းအချက် အလက် အဆက်မပြတ်   စီးဆင်းစေနိုင်မည် ဖြစ်ရာ   ယင်းကုန်းမြင့်ဒေသ၏   စက်မှုဖွံ့ဖြိုး တိုးတက်ရေးကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါလေဆိပ်သည်     ဒေသသယ်ယူ ပို့ဆောင်ရေး ကောင်းမွန်အောင် မြှင့်တင်ပေးမည် ဖြစ်ပြီး ဒေသခရီးသွားကဏ္ဍနှင့် ပြင်ပကမ္ဘာသို့ တံခါးလှပ်မှုကို   တိုးပွားစေမည်ဖြစ်ကြောင်း သိရသည်။