
ရန်ကုန် ဒီဇင်ဘာ ၃၀
မြန်မာ့ကြက်တောင် အားကစား အဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန် အတွက် ပြောင်းလဲလာသော ခေတ်စနစ်နှင့် အညီ ကြက်တောင်အားကစားအောင်နိုင်ရေးလုပ်ငန်းများ အရှိန် အဟုန်မပြတ် စနစ်တကျ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရန်နှင့် မြန်မာ့ကြက် တောင်အားကစားအဆင့်အတန်း ကို အရှေ့တောင်အာရှ၊ အာရှ အဆင့်မှ ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရန် မျိုးဆက်သစ် လူငယ်အားကစား မောင်မယ်များ နိုင်ငံ့ကိုယ်စားပြု လက်ရွေးစင် အားကစားသမားများ ပေါ်ထွန်း လာစေရန်ရည်ရွယ်၍ အမျိုးသား တံခွန်စိုက် ကြက်တောင်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့ညနေ ၄ နာရီက ရန်ကုန်မြို့ လမ်းမတော် မြို့နယ် အမျိုးသားကြက် တောင်အားကစားရုံ၌ ကျင်းပ သည်။
ပြိုင်ပွဲအပြီးတွင် ရန်ကုန်တိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောဂျက်ကော့ထူး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်း သိန်းနှင့် တာဝန်ရှိသူများက သက်တမ်းအလိုက် ပထမ၊ ဒုတိယ နှင့် ပူးတွဲတတိယဆုရရှိကြသော အသက် ၉ နှစ်နှင့် အောက် ယောက်ျားလေး တစ်ဦးချင်း ပြိုင်ပွဲ၊ ယောက်ျားလေး နှစ် ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေး တစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေး နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၁၁ နှစ်နှင့်အောက် ယောက်ျားလေး တစ်ဦးချင်းပြိုင်ပွဲ ၊ ယောက်ျားလေး နှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေး တစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေး နှစ်ယောက်တွဲပြိုင်ပွဲ။
အသက် ၁၃ နှစ်နှင့်အောက် ယောက်ျားလေး တစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေး နှစ်ယောက်တွဲ ပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်း ပြိုင်ပွဲ၊ မိန်းကလေး နှစ်ယောက်တွဲ ပြိုင်ပွဲ၊ အသက် ၁၅ နှစ်နှင့် အောက်ယောက်ျားလေး တစ်ဦး ချင်းပြိုင်ပွဲ၊ ယောက်ျားလေး နှစ် ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေး တစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေး နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၁၇ နှစ်နှင့်အောက် ယောက်ျား လေးတစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျား လေး နှစ်ယောက်တွဲပြိုင်ပွဲ၊ မိန်းကလေး တစ်ဦးချင်းပြိုင်ပွဲ၊ မိန်းကလေး နှစ်ယောက်တွဲ ပြိုင်ပွဲ။
အသက် ၁၉ နှစ်နှင့် အောက် ယောက်ျားလေး တစ်ဦးချင်းပြိုင်ပွဲ၊ ယောက်ျားလေး နှစ်ယောက်တွဲ ပြိုင်ပွဲ၊ မိန်းကလေးတစ်ဦးချင်း ပြိုင်ပွဲ၊ မိန်းကလေး နှစ်ယောက်တွဲ ပြိုင်ပွဲများ၊ သာမန်တန်း အမျိုး သား တစ်ဦးချင်းပြိုင်ပွဲ၊ သာမန် တန်း အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲ၊ သာမန်တန်း အမျိုးသား နှစ်ယောက်တွဲပြိုင်ပွဲ ၊ သာမန်တန်း အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ သာမန်တန်း အမျိုးသား + အမျိုး သမီး နှစ်ယောက်တွဲပြိုင်ပွဲများ၊ ဝါသနာရှင်တန်း အမျိုးသား နှစ် ယောက်တွဲပြိုင်ပွဲ၊ ဝါသနာရှင်တန်း အမျိုးသမီး နှစ်ယောက်တွဲ ပြိုင်ပွဲ များ၊ သက်ကြီးတန်း နှစ်ယောက် ပေါင်း ၇၀ နှစ်၊ သက်ကြီးတန်း နှစ်ယောက်ပေါင်း ၉၀ နှစ်၊ သက်ကြီးတန်း နှစ်ယောက်ပေါင်း ၁၀၀ နှစ်၊ သက်ကြီးတန်း နှစ် ယောက်ပေါင်း ၁၁၀ နှစ်များ၊ အကြီးတန်း (ကျား) တစ်ဦးချင်း၊ အကြီးတန်း (မ) တစ်ဦးချင်း၊ အကြီးတန်း(ကျား)နှစ်ယောက်တွဲ၊ အကြီးတန်း(မ)နှစ်ယောက်တွဲ၊ အကြီးတန်း(ကျား+မ) နှစ်ယောက် တွဲပြိုင်ပွဲများကို ဆုများချီးမြှင့် ခဲ့ကြောင်း သိရသည်။
အားကာမောင်