
နေပြည်တော် ဒီဇင်ဘာ ၃၀
မြန်မာတို့၏ ရိုးရာအမွေအနှစ် ကိုယ်ခံပညာတစ်ရပ် ဖြစ်သည့် မြန်မာ့သိုင်းအားကစားနည်း ဖွံ့ဖြိုး တိုးတက်စေရေး၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ရွက်ပုန်းသီးမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် မြန်မာ့သိုင်းပညာရပ်များ နိုင်ငံတကာသို့ ပျံ့နှံ့ရောက်ရှိစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ် တန်းဖိတ်ခေါ်) မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်နှင့် ဦးရွှေကြိမ်း၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က သိုင်းပညာရပ်သည် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ် တစ်ခုဖြစ်သောကြောင့် ပျောက်ပျက်မသွားစေရေး၊ အခြားနိုင်ငံများ၏ ပညာရပ်များ ရောနှောမသွားစေ ရေးအတွက် ပညာရှင်အချင်းချင်း စည်းလုံးညီညွတ်စွာ ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် ခေတ်နှင့်အညီ ပြန့်ပွားတိုးတက်ရေးကို နိုင်ငံသားတိုင်း၏ အမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာ့သိုင်းပညာသည် နိုင်ငံတော် ကာကွယ်ရေးအတွက် အရေးပါသည့်အပြင် မြန်မာ့ ရိုးရာအမွေအနှစ် ကိုယ်ခံပညာရပ် တစ်ရပ်အနေဖြင့် လည်း အလေးအနက်ထားထိန်းသိမ်းစောင့်ရှောက် သွားရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး တွင်ရှိသော မြန်မာ့သိုင်းပညာရှင်များနှင့် မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့က လူငယ်လူရွယ် တိုင်း မြန်မာ့ရိုးရာသိုင်းပညာကို စိတ်ပါဝင်စားစွာ လေ့ကျင့်ကစားလာကြစေရန်အတွက် စည်းရုံးဆောင် ရွက်ပြီး လက်ဆင့်ကမ်း လေ့ကျင့်သင်ကြားပေးရန် မှာကြားလိုကြောင်း။
ပြိုင်ပွဲတွင် တာဝန်ယူဆောင်ရွက်မည့် ဒိုင်လူကြီး များအနေဖြင့် ဘက်လိုက်မှုကင်းရှင်းပြီး တရားမျှတ မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြိုင်ပွဲဝင် အားကစားသမားများအနေဖြင့်လည်း မိမိတို့ကိုယ်စားပြု ယှဉ်ပြိုင်သည့်အသင်း အောင်နိုင် ရေးအတွက် မိမိတို့၏ အားကစားစွမ်းရည်များကို ဖော်ထုတ်ပြသ၍ အားကစားစိတ်ဓာတ်အပြည့်အဝ ဖြင့် အနိုင်မခံအရှုံးမပေးဘဲ အကောင်းဆုံးပါဝင် ယှဉ်ပြိုင်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက် ပြီး ရိုးရာအမွေအနှစ်ကို ဆက်ခံထိန်းသိမ်းနိုင်သော နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် မြန်မာ့သိုင်းအားကစား သမားကောင်းများ၊ သိုင်းပညာရှင်များဖြစ်လာအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားကာ ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ် တန်းဖိတ်ခေါ် ) မြန်မာ့သိုင်းပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက နိုင်ငံတော်သီချင်းသီဆိုပြီး အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုကြကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်၍ မြန်မာ့သိုင်းပြိုင်ပွဲ ပထမနေ့ပွဲစဉ်များ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြ သည်။ (အပေါ်ပုံ)
၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့် တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ် ) အမျိုးသား/ အမျိုးသမီး မြန်မာ့သိုင်းပြိုင်ပွဲကို ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဒီဇင်ဘာ ၃၀ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အသင်း ၁၄ သင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်