
မောတောင် ဒီဇင်ဘာ ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ် ခရိုင်အတွင်းရှိ မောတောင်မြို့နှင့် ထိစပ်နေသော မြန်မာ - ထိုင်း နယ်စပ်ဂိတ်တစ်ခုဖြစ်သော စင်ခွန် နယ်စပ်ဂိတ်ကို နှစ်သစ်ကူး ပီမိုင် ကာလအဖြစ် သုံးရက်ခေတ္တပိတ် ထားမည်ဖြစ်ကြောင်း ဒေသခံ ကုန်သည်များထံမှ သိရသည်။
မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မောတောင် - စင်ခွန်ဂိတ်တွင် ထိုင်း- မြန်မာ ကုန်သွယ်ရေး ဆောင်ရွက်နေမှု များကို ထိုင်းနိုင်ငံက နှစ်သစ်ကူး ပီမိုင်ကာလအဖြစ် သတ်မှတ်ထား သည့်အတွက် ဒီဇင်ဘာ ၃၀၊ ၃၁ နှင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် အထိ စုစုပေါင်း သုံးရက်တာကာလ အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများကို ခေတ္တရပ်ဆိုင်း ၍ အများပြည်သူနားရက်အဖြစ် ပရကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန်ရုံးမှ ဒီဇင်ဘာ ၂၀ ရက်က အတည်ပြု ထုတ်ပြန်ချက်အရ သိရသည်။
စင်ခွန် - မောတောင်နယ်စပ် ဂိတ်သည် ထိုင်းနှင့် မြန်မာအကြား တွင် ကုန်သွယ်ရေးလုပ်ငန်းများ အတွက် ပိုမိုအချက်အချာ ကျလာ သော ကုန်သွယ်မှုတန်ဖိုးများ ပိုမို မြင့်မားလာသော ဂိတ်သစ်တစ်ခု ဖြစ်ကာ မြိတ်ခရိုင်အတွက် ရေထွက် ပစ္စည်းများကို အရှေ့ဘက်တံခါး ပေါက်တစ်ခုအဖြစ် အားထားကာ တင်ပို့နေရသော နယ်စပ်ဂိတ် တစ်ခုလည်း ဖြစ်သည်။
မြင့်ဦး(မြိတ်)