နယ်သာလန်၏အကူအညီဖြင့် မြန်မာ့လက်မှုပညာများကို ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်

 

ရန်ကုန်   ဒီဇင်ဘာ   ၂၉


မြန်မာနိုင်ငံထုတ် ကြိမ်နှင့် ဝါး အခြေခံ   မြန်မာ့လက်မှုပညာ အသုံးအဆောင်များ၊ ယွန်းထည် ပရိဘောဂပစ္စည်းများကို   နိုင်ငံ တကာနှင့်   ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်အတွက် Burmacrafts အမည်ရှိ Website ကို လွှင့်တင်ထားပြီး  ဝင်ရောက် ကြည့်ရှုခြင်း၊   ဝယ်ယူခြင်းများ ပြုလုပ်နိုင်ကြောင်း သိရှိရသည်။

 


အဆိုပါ    ဝက်ဘ်ဆိုက်ကို နယ်သာလန်အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနက   ဘဏ္ဍာရေးနှင့် နည်းပညာများ ပံ့ပိုးပေးထားပြီး မြန်မာ့လက်မှုများကို   ကမ္ဘာ့ ဈေးကွက်သို့   ထိုးဖောက်နိုင်ရန် အတွက်   ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း   သိရသည်။ ဝက်ဘ်ဆိုက်အတွက် လိုအပ်သည့် လွှင့်တင်မှုများကို မြန်မာနိုင်ငံ ကြိမ်နှင့်   ဝါးလုပ်ငန်းရှင်များ အသင်းက   ဦးဆောင်၍    စီမံ ဆောင်ရွက်နေခြင်းဖြစ်သည်။

 


အဆိုပါ  ဝက်ဘ်ဆိုက်တွင် မြန်မာ့သစ်တောထွက် ကြိမ်နှင့် ဝါးအခြေခံ အိမ်တွင်းပရိဘောဂ၊ အသုံးအဆောင်နှင့် လက်ဆောင် ပစ္စည်းများ၊   အလှဆင်ပစ္စည်း များကို လေ့လာနိုင်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးမှ အလွယ်တကူဝယ်ယူ ခွင့်ရရှိနိုင်ရန် စီစဉ်ထားသည်ကို တွေ့ရသည်။    မြန်မာနိုင်ငံမှ တစ်ဆင့် ပြည်ပသို့ နှစ်စဉ် ယင်း ပစ္စည်းများ    တင်ပို့လျက်ရှိရာ ပြည်တွင်းဝက်ဘ်ဆိုက်မှတစ်ဆင့် ပိုမိုဖြန့်ချိနိုင်မည်ဟု ယူဆကြောင်း မြန်မာနိုင်ငံ     ကြိမ်နှင့်  ဝါး လုပ်ငန်းရှင်များအသင်းမှ  သိရ သည်။                            

သီရိ