(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့် စာပေအနုပညာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး ကျောင်းသား ကျောင်းသူများ၊ လူငယ်များနှင့်ကလေးများ၊ စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသူများဖြင့် အထူးစည်ကား

 

နေပြည်တော်   ဒီဇင်ဘာ  ၂၉


၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေး နေ့အထိမ်းအမှတ်   လူငယ်နှင့် စာပေအနုပညာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌   ဆက်လက်ကျင်းပရာ ဝန်ကြီးဌာနများမှ    ဝန်ထမ်းများနှင့်   မိသားစုများ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊  ကလေး များနှင့်   (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ တွင်     ပြည်နယ်နှင့်   တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ကပြဖျော်ဖြေကြမည့်    ယဉ်ကျေးမှုအကအဖွဲ့ များ     စိတ်ပါဝင်စားစွာဖြင့်    လာရောက်လေ့လာ ကြည့်ရှုကြသဖြင့် အထူးစည်ကားခဲ့သည်။ 

 


ယနေ့သည်  ပြပွဲနောက်ဆုံးနေ့ဖြစ်သည့်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊   စီမံကိန်းနှင့်   ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊  သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊   ပညာရေး ဝန်ကြီးဌာန၊         သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန ၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့်  မြန်မာနိုင်ငံ  မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့မှ     သက်ဆိုင်ရာ   ကဏ္ဍများ အလိုက်    ခင်းကျင်းပြသထားသည့်    ပြခန်းများတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့်   အသိပညာပေး ပြခန်း၊  လူကုန်ကူးမှုတိုက်ဖျက်ရေး  အသိပညာပေး ပြခန်း၊  ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းအသိပညာ ပေး ပြခန်း၊   သစ်တောသစ်ပင်ဆိုင်ရာ   အသိပညာပေး ပြခန်း၊  နည်းပညာတက္ကသိုလ်များ၏  ကဏ္ဍအလိုက် ဆန်းသစ်တီထွင်မှု ပြခန်းများ၊ ကိုဗစ် - ၁၉ ကပ် ရောဂါဆိုင်ရာအသိပညာပေးနှင့် ဆေးလိပ်/ဆေးရွက် ကြီးနှင့်    ကွမ်းစားခြင်းအန္တရာယ်   အသိပညာပေး ပြခန်းတို့ကို စိတ်အားထက်သန်စွာ  လေ့လာကြည့်ရှု သူများဖြင့် အထူးစည်ကားခဲ့သည်။

 


ပြပွဲမျက်နှာစာရှေ့၌  နေပြည်တော်ရဲတပ်ဖွဲ့က “မူးယစ်ဆေးဝါးကင်းစင်ဖို့    အသိပညာဖြန့်ဝေစို့” ဆောင်ပုဒ်ဖြင့်  မှုခင်းအသိပညာပေးပြခန်းယာဉ်ကို ပြသထားရှိ၍   လုံခြုံရေး၊  တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖော်ထုတ်နိုင်မှုများ၊    ပြည်သူ့အကျိုးပြု လုပ်ငန်းနှင့် စွမ်းရည်တိုးတက်မြင့်မားရေးဆောင်ရွက် မှုများ၊ ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်း အသိပညာ ပေး ကာတွန်းပုံများ၊ လောင်းကစားပြစ်မှုပြစ်ဒဏ်များ၊ သိသင့်သိထိုက်သောဥပဒေနှင့်     ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးမှုပြစ်မှုပြစ်ဒဏ်များကို   ပြသထားသည့် အပြင်   ပြည်ထဲရေးဝန်ကြီးဌာနမှ    အသုံးပြုလျက်ရှိ သည့် အထူးလုံခြုံရေးသုံး အ‌ထောက်အကူပစ္စည်းကို လည်း ပြသထားရာ  ကျောင်းသား  ကျောင်းသူများ နှင့် လူငယ်များ  စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။

 


ထို့ပြင် ပို့ဆောင်ရေးနှင့်  ဆက်သွယ်ရေးဝန်ကြီး ဌာနအနေဖြင့်    ရေကြောင်းပြခန်းတွင်    ရေယာဉ် မောင်းနှင်မှုသရုပ်ပြကွက်၊  သင်္ဘော Model ပုံစံငယ် များပြကွက်၊  ရေယာဉ်တည်ဆောက်သည့်အချိန်တွင် အသုံးပြုသည့်     ဂဟေဆက်ခြင်း   သရုပ်ပြကွက်၊ လေအားဖြင့်  မောင်နှင်သည့် အင်ဂျင်ပုံစံငယ်ပြကွက်၊ သုတေသနပြုလုပ်ထားသည့်   ရေငုပ်သင်္ဘောပုံစံငယ် ပြကွက်၊   မြန်မာနိုင်ငံ   ရေကြောင်းပညာတက္ကသိုလ် ကျောင်းပုံစံငယ်ပြကွက်၊ အယောက်၂၀ စီး  အသက် ကယ်လှေတွင်     ပါဝင်သည့်ပစ္စည်းများ     ပြကွက်၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ  ခရီးသည်ဆိပ်ကမ်းပုံစံ ငယ်ပြကွက်၊   ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ   သုတေသနစာတမ်း များ၊    ရေထုထည်စီးနှုန်းတိုင်းကိရိယာ၊    ဂြိုဟ်တု အခြေပြုတည်နေရာ  အနိမ့်အမြင့်တိုင်းကိရိယာတို့ကို ပြသထားရာ ကျောင်းသား ကျောင်းသူများ၊ လူငယ် များနှင့်   စိန်ရတုလွတ်လပ်ရေးနေ့တွင်   တိုင်းဒေသ ကြီးနှင့်ပြည်နယ်  ကိုယ်စားပြု     ပါဝင်ကပြဖျော်ဖြေ ကြမည့်  ယဉ်ကျေးမှုအကအဖွဲ့များဖြင့်    စည်ကား လျက်ရှိသည်။

 


အလားတူ     ကုန်လမ်းပို့ဆောင်ရေးဦးစီးဌာန ပြခန်းတွင် ဒီဇယ်အင်ဂျင်သုံး အမောင်းစနစ် ဖြတ်ပိုင်း ပုံစံငယ်ပြကွက်၊   ယာဉ်စည်းကမ်း၊   လမ်းစည်းကမ်း အသိပညာပေးရုပ်ပြများ၊ ခေတ်အဆက်ဆက် အသုံးပြု ခဲ့သည့် ယာဉ်ပုံစံငယ်များ ပြကွက်တို့ကိုလည်းကောင်း မြန်မာ့မီးရထားပြခန်းတွင်     ရန်ကုန်မြို့ပတ်ရထား လမ်း၊ ရထားပြေးဆွဲမှု ပုံစံငယ်ပြကွက်၊ ဒီဇယ်လျှပ်စစ် ခေါင်းပုံစံငယ်၊ ရေနွေးငွေ့စက်ခေါင်းပုံစံငယ်၊  တွဲရွေ့ စက်ခေါင်းပုံစံငယ်၊   ကျောက်တင်ဘိုဂီတွဲ   ပုံစံငယ်၊ ကုန်တင်ဘိုဂီတွဲပုံစံငယ်တို့ကို  ခင်းကျင်းပြသထားရာ လာရောက်လေ့လာကြည့်ရှုကြသူများ  စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်ကို တွေ့ရသည်။ 

 


ဆိုက်ဘာလုံခြုံရေးပြခန်းတွင်   ဆိုက်ဘာလုံခြုံ ရေးနှင့်   ပတ်သက်သည့်အသိပညာပေးပိုစတာများ ပြသခြင်း၊    လက်ကမ်းစာစောင်များ    ဝေငှခြင်း၊ ဆိုက်ဘာလုံခြုံရေးနှင့် ပတ် သက်သည့်  အခြေခံပညာ၊ တက္ကသိုလ်၊    ပညာရှင်အဆင့်    ဉာဏ်စမ်းပဟေဠိ မေးခွန်းများကို    ဖြေဆိုကြသူများဖြင့်   စည်ကား လျက်ရှိသည်။

 


မြန်မာ့ဆက်သွယ်ရေးပြခန်းတွင် ပြပွဲသို့လာရောက် လေ့လာကြည့်ရှုသူများကို  MPT Sim Card မှတ်ပုံ တင်ခြင်း၊ MPT Pay Account  ဖွင့်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးလျက်ရှိသည်ကိုလည်း တွေ့ရသည်။ 

 


အဆိုပါပွဲတော်ကြီးသို့  လာရောက်လေ့လာဆင်နွှဲ ကြသည့် ကျောင်းသား  ကျောင်းသူများ၊ လူငယ်များ နှင့်    ကလေးငယ်များ   ဗဟုသုတတိုးပွားစေရန်နှင့် ပျော်ရွှင်စေရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့်ပတ်သက်သည့်   ဉာဏ်စမ်းပဟေဠိ၊    (၇၅) နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့ကို   ဂုဏ်ပြုသော ပဟေဠိ၊   ကျန်းမာရေးဆိုင်ရာ   ဉာဏ်စမ်းပဟေဠိနှင့် ကြီးမြတ်သော မြန်မာ 3D  ရုပ်ရှင်ဇာတ်ကားအဖွဲ့သား များ၏ ပျော်ရွှင်စရာ  ဉာဏ်စမ်းကမ္ဘာအစီအစဉ်များ တွင်  ကျောင်းသား ကျောင်းသူများ၊  လူငယ်များနှင့် စိန်ရတုလွတ်လပ်ရေးနေ့တွင်    တိုင်းဒေသကြီးနှင့် ပြည်နယ်    ကိုယ်စားပြု   ပါဝင်ကပြဖျော်ဖြေကြမည့် ယဉ်ကျေးမှု အက အဖွဲ့များက စိတ်အားထက်သန်စွာ ဝင်ရောက်ဆော့ကစား၍      ကစားနည်းအလိုက် အနိုင်ရရှိသူများကိုလည်း     ဆုများပြန်လည်ချီးမြှင့် ပေးခဲ့ရာ ပျော်ရွှင်စရာ အစီအစဉ်ကောင်းတစ်ခုအဖြစ် တွေ့မြင်ရသည်။
ပြပွဲတွင်      အထူးအစီအစဉ်တစ်ရပ်အနေဖြင့် မြန်မာနိုင်ငံ၏  ပထမဆုံး 3D ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်သော  ကြီးမြတ်သောမြန်မာ မှတ်တမ်းရသရုပ်ရှင် ဇာတ်ကားကြီး  အောင်မြင်စွာ ရိုက်ကူးနိုင်ရန်အတွက် အသုံးပြုခဲ့သည့် ရိုက်ကူးရေးသုံးနည်းပညာပစ္စည်းများ၊    ရိုက်ကွင်းကြိုတင်ပြင်ဆင်မှုများ၊   ရိုက်ကွင်း ပုံရိပ်များကို   ပြည်သူများသိရှိနိုင်စေရန် ပြသထား ရာ လာရောက်လေ့လာကြသူများက  ရိုက်ကူးရေးသုံး ပစ္စည်းများနှင့်   အမှတ်တရဓာတ်ပုံများရိုက်ကြပြီး ပြကွက် များနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကိုလည်း အနုပညာရှင်များက      လိုက်လံရှင်းလင်းပြသကြ သည်ကို တွေ့ရသည်။ 

 


ဧရာဝတီတိုင်းဒေသကြီး         ဒေသထွက်ကုန် အစားအစာနှင့် အမှတ်တရပစ္စည်းအရောင်းပြခန်း ၌လည်း   ပုသိမ်ထီး  လက်တွေ့ပြုလုပ်ပုံအဆင့်ဆင့်ကို လက်မှုပညာရပ် တစ်ခုအနေဖြင့်  ပြသပြီး ဒေသထွက် အစားအစာများဖြစ်သော   ပုသိမ်ဟလဝါ၊   ခြံထွက် နွားနို့၊  ဒိန်ချဉ်၊  ငှက်ပျောကြော်နှင့်  ပုသိမ်ထီးများကို လည်း ရောင်းချခဲ့ရာ   လာရောက်အားပေးဝယ်ယူသူ များဖြင့်လည်း စည်ကားလျက်ရှိသည်။ 

 


ယခုကျင်းပခဲ့သည့် လူငယ်နှင့်စာပေအနုပညာ ပြပွဲအား  ကျောင်းသား  ကျောင်းသူများနှင့်လူငယ်များ စာအုပ်စာစောင်များကို   တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့်    စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊  ရုပ်ရှင်အနုပညာမှတစ်ဆင့်  မျိုးချစ် စိတ်ဓာတ်နှင့် အမျိုးဂုဏ် ဇာတိဂုဏ်   မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု         သမိုင်းကြောင်းများ၊  ကိုလိုနီ လက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှု များကို သိမြင်စေကာ မိမိတို့နိုင်ငံ၏   လွတ်လပ်ရေး ကို    လေးစားတန်ဖိုးထားတတ်စေရန်၊     ဓာတ်ပုံ အနုပညာပြပွဲမှတစ်ဆင့်   မြန်မာနိုင်ငံ၏   အေးချမ်း တည်ငြိမ်မှု၊  သာယာလှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ   အလှအပများကို    သိရှိ ခံစားပြီး   မိမိတို့၏   တိုင်းဒေသကြီး၊ ပြည်နယ်များ အပေါ်  မြတ်နိုးတန်ဖိုးထားစိတ်များ    ဖြစ်ပေါ်လာ စေရန်နှင့် ပြခန်းများ  ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာန အသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန်ဟူသည့်  ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ 


သတင်း - ဟိန်းမင်းစိုး၊ သန်းမင်းအောင်
ဓာတ်ပုံ - ကိုကြီးထိန်