ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ချီတက်ဂုဏ်ပြုမည့်ဝန်ထမ်းများနှင့်တွေ့ဆုံ

 

နေပြည်တော်   ဒီဇင်ဘာ  ၂၉ 


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အခမ်း အနားတွင်   ချီတက်ဂုဏ်ပြုမည့်   ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန   ဝန်ထမ်း များနှင့်   တွေ့ဆုံပွဲအခမ်းအနားကို      ယနေ့တွင် နေပြည်တော်   ရုံးအမှတ် (၁)   အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


တွေ့ဆုံစဉ်   ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဇန်နဝါရီ ၄ ရက်တွင် ကျရောက် မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် မြန်မာနိုင်ငံအတွက်   အထူးအရေးပါသည့်   ဂုဏ်ယူ ဖွယ်ရာနေ့ထူးနေ့မြတ်ဖြစ်ပြီး    (၇၅)  နှစ်ဆိုသည့် စိန်ရတုအချိန်အခါနှင့်           တိုက်ဆိုင်မှုမှာလည်း ကြုံတောင့်ကြုံခဲ  အခွင့်အရေးတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါအခမ်းအနားတွင်    မိမိတို့ဝန်ကြီးဌာနအနေ ဖြင့် ဂုဏ်ပြုယာဉ်နှင့် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပြခန်းတွင်      ပါဝင်ဆောင်ရွက်ရမည်ဖြစ်၍ ဂုဏ်ပြုယာဉ်နှင့်     ပြခန်းများတွင်     စနစ်တကျ ခင်းကျင်းပြသနိုင်ရေးအတွက်         ဝန်ထမ်းအားလုံး စုစည်းညီညွတ်စွာ  ကြိုးပမ်းသွားကြရန်   ပြောကြား သည်။  

 


ဆက်လက်၍   ဒုတိယဝန်ကြီးက   ဂုဏ်ပြုယာဉ် နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းတွင် ပါဝင် ဆောင်ရွက်ကြမည့်  ဝန်ကြီးဌာန  ဝန်ထမ်းအားလုံး သက်ဆိုင်ရာကဏ္ဍအလိုက်  စီစဉ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်    အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့်   ဒုတိယ ဝန်ကြီးတို့က (၇၅) နှစ်မြောက်  စိန်ရတုလွတ်လပ်ရေး နေ့   အခမ်းအနားတွင်   ပါဝင်ဆောင်ရွက်ကြသည့် ဝန်ထမ်းများကို    ဂုဏ်ပြုဝတ်စုံများ    ပေးအပ်ရာ ဝန်ထမ်း ကိုယ်စားလှယ်တို့က လက်ခံရယူကြသည်။ 
ယင်းနောက်    ပြည်ထောင်စုဝန်ကြီး၊    ဒုတိယ ဝန်ကြီးနှင့်  ဌာနအကြီးအကဲများက   ဝန်ထမ်းများ နှင့် ရင်းရင်းနှီးနှီး  အတူတကွ လက်ရည်တစ်ပြင်တည်း နေ့လယ်စာ သုံးဆောင်ကြသည်။ 

 


(၇၅)   နှစ်မြောက်    စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနား၌   ဝန်ကြီးဌာနကိုယ်စားပြု  အထိမ်း အမှတ်ပြခန်း   ခင်းကျင်းပြသခြင်းနှင့်   ဝန်ကြီးဌာန ကိုယ်စားပြုဂုဏ်ပြုယာဉ်နှင့် သရုပ်ပြဂုဏ်ပြုချီတက် ခြင်းတို့ကို         ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်