ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်(အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၉


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့်  (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား  ဝန်ကြီးဌာနပေါင်းစုံ  ဖူဆယ် (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့နံနက် ၉ နာရီမှ စတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

 


အဆိုပါ          ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း     အခမ်းအနားသို့ စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး၊ အားကစား နှင့်    လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန          ပြည်ထောင်စုဝန်ကြီး ဒေါက်တာ        သက်သက်ခိုင်နှင့် ဒုတိယဝန်ကြီးများ၊   ဌာနဆိုင်ရာ များမှ        တာဝန်ရှိသူများနှင့် အရာထမ်း/         အမှုထမ်းများ၊ မြန်မာနိုင်ငံ  ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်    အားကစား ဝါသနာရှင်များ         လာရောက် ကြည့်ရှုအားပေးကြသည်။

 


ဖူဆယ်  (အမျိုးသား) ပြိုင်ပွဲ တတိယလုပွဲ    ပွဲစဉ်တွင်    လူမှု ဝန်ထမ်း၊       ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအသင်းက       စိုက်ပျိုးရေး၊  မွေးမြူရေးနှင့်    ဆည်မြောင်း ဝန်ကြီးဌာနအသင်းကို ခုနစ်ဂိုး - သုံးဂိုးဖြင့် လည်းကောင်း၊   ဗိုလ်လု ပွဲ  ပွဲစဉ်တွင်   အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာန      အသင်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအသင်းကို နှစ်ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း   ယှဉ်ပြိုင် အနိုင်ရရှိသည်။

 


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ပွဲအခမ်းအနားကို      ဆက်လက် ကျင်းပရာ    ဖူဆယ်   (အမျိုးသား) ပြိုင်ပွဲတွင်       စတုတ္ထဆုရရှိသော စိုက်ပျိုးရေး၊          မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန  အသင်း ကို   အားကစားနှင့်  လူငယ်ရေးရာ ဝန်ကြီးဌာန           ဒုတိယဝန်ကြီး ဒေါက်တာစိုးဝင်းက  ဂုဏ်ပြုဆုငွေ ကျပ် ငါးသိန်းကို   လည်းကောင်း၊ တတိယဆုရရှိသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန  အသင်းကို အားကစားနှင့်     လူငယ်ရေးရာ ဝန်ကြီးဌာန         ဒုတိယဝန်ကြီး ဦးမျိုးလှိုင်က   တစ်ဦးချင်း    ဆု ဆွဲပြားနှင့် ဂုဏ်ပြုဆုငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊   ဒုတိယ ဆုရရှိသော         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ဝန်ကြီး ဌာနအသင်းကို      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာသက်သက်ခိုင် က    တစ်ဦးချင်းဆု    ဆွဲပြားနှင့် ဂုဏ်ပြုဆုငွေကျပ် ၁၅   သိန်းကို လည်းကောင်း၊  ပထမဆုရရှိသော အားကစားနှင့်        လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းကို အားကစား  နှင့်     လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ က  တစ်ဦးချင်းဆု ဆွဲပြား၊ ဂုဏ်ပြု ဆု ငွေကျပ်သိန်း ၂၀ နှင့် တံခွန်စိုက် ဆုဖလားကို          လည်းကောင်း ပေးအပ်ချီးမြှင့်သည်။

 


(၇၅)  နှစ်မြောက်   စိန်ရတု လွတ်လပ်ရေးနေ့  အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌဖလား   ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်   (အမျိုးသား)   ပြိုင်ပွဲကို ဒီဇင်ဘာ ၂၀ ရက်မှ  ၂၉  ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ ဖူဆယ်အားကစားရုံ၌ ဝန်ကြီး ဌာနအသီးသီးမှ ပြိုင်ပွဲဝင်အမျိုးသား အသင်း ၂၂ သင်း   ပါဝင်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်