နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ မြစ်သားမြို့နယ် တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲတက်ရောက်

 

နေပြည်တော်     ဒီဇင်ဘာ   ၂၉  


(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ  အကောင်အထည်ဖော်   တည်ဆောက်ပြီးစီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ရှိ တောင် တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး  လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖွင့်ပွဲအခမ်းအနားကို ယနေ့  နံနက် ၁၀ နာရီခွဲတွင်  မန္တလေးတိုင်းဒေသ ကြီး မြစ်သားမြို့နယ် တေစိုးကျေးရွာအနီးရှိ အဆိုပါ ဓာတ်အားပေးစက်ရုံ၌ ကျင်းပသည်။

 


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ ဝင် Jeng Phang နော်တောင်က တောင်တော်ကွင်း ၂၀   မဂ္ဂါဝပ်   နေရောင်ခြည်စွမ်းအင်သုံး   လျှပ်စစ် ဓာတ်အားပေးစက်ရုံ  ဖွင့်ပွဲအထိမ်းအမှတ် ဂုဏ်ပြု အမှာစကားပြောကြားပြီး လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က တောင် တော်ကွင်း  ၂၀ မဂ္ဂါဝပ်  နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက် ရခြင်း၏       အကျိုးကျေးဇူးများကိုလည်းကောင်း၊   မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက စက်ရုံတည်ဆောက်မှု  အခြေအနေများကို  လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဓာတ်အား ပေးစက်ရုံ    တည်ဆောက်ခဲ့မှု    မှတ်တမ်းဗီဒီယိုကို ကြည့်ရှုကြသည်။
ယင်းနောက် Green Power Energy Co.,Ltd မှ တာဝန်ရှိသူက ကျေးဇူးတင်စကား ပြောကြားသည်။

 


ဖဲကြိုးဖြတ်ဖွင့်လှစ်


ဆက်လက်၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊   စိုက်ပျိုးရေး၊    မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဦးသောင်းဟန်၊      စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် Green  Power Energy Co.,Ltd မှ တာဝန်ရှိသူတို့က တောင် တော်ကွင်း  ၂၀  မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား    ဖဲကြိုးဖြတ်၍  ဖွင့်လှစ်ပေးကြသည်။   ထို့နောက်   နိုင်ငံတော်စီမံ  အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် Jeng Phang နော်တောင်နှင့် ဦးစိုင်းလုံးဆိုင်တို့က  တောင် တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ    ကမ္ပည်းကျောက်စာ မော်ကွန်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

 


ယင်းနောက်             နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊   ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင် သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွင်း နေရောင် ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ် ပြီး     နိုင်ငံတော်ဓာတ်အားစနစ်သို့      ချိတ်ဆက်၍ ပို့လွှတ်ဖြန့်ဖြူးပေးနေမှုတို့ကို   လှည့််လည်ကြည့်ရှု ကြသည်။

 


၄၀၆၉၃ ရွာ လျှပ်စစ်ဓာတ်အားရရှိ


ယခု တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည် စွမ်းအင်သုံး        လျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ စက်တပ်ဆင်အင်အားမှာ      ၂၀  မဂ္ဂါဝပ်ဖြစ်ကာ  မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည် ဖော် တည်ဆောက်ပြီးစီးခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး  အဆိုပါစီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း  ၄၅ သန်း ထုတ်လုပ်ပေး နိုင်မည်ဖြစ်၍ အိမ်ထောင်စုပေါင်း ၂၁၀၀၀ ခန့်ကို  လျှပ်စစ်ဓာတ်အား     ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် နိုင်ငံတော်အတွင်း  ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ တစ်နိုင်ငံလုံးရှိ  မြို့ပေါင်း   ၅၀၈ မြို့၊ ကျေးရွာပေါင်း ၄၀၆၉၃ ရွာ လျှပ်စစ်ဓာတ်အား ရရှိခဲ့ပြီး  အိမ်ထောင်စုပေါင်း   ၆၉၅၆၂၉၅   စုကို  လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်၍ မြန်မာ တစ်နိုင်ငံလုံး၏   လျှပ်စစ်ဓာတ်အား   ရရှိမှုအချိုး အနေဖြင့်    နိုင်ငံ့လူဦးရေ၏  ၆၄   ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး  ၁၀၀  ရာခိုင်နှုန်းပြည့် လျှပ်စစ်မီးရရှိအောင် ရည်မှန်းချက်ထား ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။                

သတင်းစဉ်