
နေပြည်တော် ဒီဇင်ဘာ ၂၉
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲ တတိယနေ့ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟို ဌာန၌ ကျင်းပသည်။
တွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ် ကြီး မင်းနောင်၊ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများဖြစ်ကြသည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ နာယက ဖြားတန်ခွန်ဥက္ကာ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ ဒုတိယဥက္ကဋ္ဌ စောမြရာဇာလင်း၊ ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ် စောစတီး၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီမှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ လားဟူ ဒီမို ကရက်တစ် အစည်းအရုံး(LDU)မှ ဒုတိယဥက္ကဋ္ဌ ကျာဖူးနှင့် ငြိမ်းချမ်း ရေးဆွေးနွေးရေး ကိုယ်စားလှယ် များ တက်ရောက်ကြသည်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် သုံးရက်တာ ဆွေးနွေးညှိနှိုင်းချက် များအရ နှစ်ဖက်သဘောထား များကို ထပ်မံဆွေးနွေးကြပြီး အပြီးသတ်ရရှိလာသည့် သဘော တူညီချက်များကို အတည်ပြု လက်မှတ်ရေးထိုးကာ အပြန် အလှန် လဲလှယ်ကြသည်။
ယင်းနောက် တက်ရောက် လာကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုယ်စား ပအိုဝ်း အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO) နာယက ဖြားတန်ခွန်ဥက္ကာနှင့် ငြိမ်းချမ်း ရေးဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့က နိဂုံးချုပ်အမှာစကား ပြောကြား ကြပြီး နယ်စပ်ရေးရာဝန်ကြီးဌာန မှ ပေးအပ်သည့် SANDISOLAR MONO 18V 5W မီးအိမ်များကို လက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်