“နိပါတ်တော်လာ ဇာတ်သဘင်မဟာအစီအစဉ်” မှ  “သောတ္ထိသေနသမ္ဘူလ” ဇာတ်တော်ကို  မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  ဒီဇင်ဘာ  ၂၈


မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှု ဖြင့် စိတ်အပန်းပြေစေ ရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း သိရှိ နားလည်ပြီး အသိပညာဗဟုသုတရရှိနိုင်ရန်နှင့် သဘင်ပညာရှင်များ ၏ အနုပညာစွမ်းရည်များ  ဖော်ထုတ်ပြသနိုင်ရန်  ရည်ရွယ်ချက်များ ဖြင့် “နိပါတ်တော်လာ ဇာတ်သဘင်မဟာအစီအစဉ်”  ဆန်းသစ်တင်ဆက် မှုကို အောက်တိုဘာ ၂၂ ရက်မှ စတင်၍ အပတ်စဉ်စနေနေ့ညတိုင်း မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက် ရှိသည်။ အဆိုပါ အစီအစဉ်မှ “သောတ္ထိသေန သမ္ဘူလ”  ဇာတ်တော်ကို  သဘင်ပညာရှင် ပတ္တမြားကေခိုင် စီစဉ်ပြီး Art Director ဆန်းမင်း၏ အနုပညာဖန်တီးမှု၊ ရွာစားဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှု၊ ဇံဟိန်း၊  နန်းခင်မွှေး၊ ချမ်းချမ်းမိုး၊ ဦးဝါဝင်း၊ ဦးစံငွေတို့နှင့်အတူ  သဘင်ပညာ ရှင်များက   ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။

 


ထိုသို့တင်ဆက်မှုကို ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၃၁ ရက် (စနေနေ့) ည ၉ နာရီခန့်တွင်  ပြသမည်ဖြစ်ပြီး ၂၀၂၃ခုနှစ် ဇန်နဝါရီ ၄ ရက် (ဗုဒ္ဓဟူးနေ့) ညနေ ၆ နာရီခွဲတွင်လည်း  ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်