
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စိတ်ပျော်ရွှင်ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) အဖွဲ့တို့က သွားရောက်ဂုဏ်ပြုဖျော်ဖြေ
နေပြည်တော် ဒီဇင်ဘာ ၂၈
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားပြည်သူ များ စိတ်အေးချမ်းသာစွာ နေထိုင် လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို မိဝေးဖဝေး၊ မိသားစုများ နှင့် ဝေးကွာစွာဖြင့် နေ့မအား ညမနား ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းတို့၏ မိသားစုများအပေါ် လွမ်းဆွတ်သတိရသည့် စိတ်များ ခေတ္တခဏမျှ ပြေပျောက်စေရန်နှင့် စိတ်ပျော်ရွှင် ကြည်နူးစေရန် အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြား ရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများနှင့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ အဖွဲ့သူ အဖွဲ့သားများက တိုင်းစစ်ဌာနချုပ် အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်များ သို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေသီဆိုကပြလျက် ရှိသည်။
ထိုသို့ သွားရောက်ဂုဏ်ပြု သီဆိုကပြ ဖျော်ဖြေလျက်ရှိရာ ဒီဇင်ဘာ ၂၇ ရက်တွင် တောင်ပိုင်း တိုင်း စစ်ဌာနချုပ်နယ်မြေရှိ လိပ်သိုမြို့၊ ကျောက်ကြီးမြို့၊ သံဘို မြို့နှင့် မုန်းမြို့တို့ရှိ ရှေ့တန်းစခန်း များနှင့် နယ်မြေခံတပ်ရင်းဌာနချုပ် များသို့ နယ်လှည့်ပြည်သူ့ဆက်ဆံ ရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ အဖွဲ့သူ၊ အဖွဲ့သားများက စစ်ချီတေး၊ စစ်သည်တေးသီချင်းများ၊ ခေတ် ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်း များဖြင့်ဖျော်ဖြေကြရာ တပ်မတော် သားများနှင့် မိသားစုဝင်များက စိတ်လက် ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ အချို့စစ်သည်များနှင့် မိသားစုများ က လွတ်လပ်ပေါ့ပါးစွာဖြင့်အတူ တကွ ပါဝင်သီဆိုကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကြသည်။
ထိုကဲ့သို့ လာရောက်သီဆို ဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံတပ်များမှ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေ များနှင့် မိသားစုဝင်များက လက် ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ဒေသထွက် အစားအစာများဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်