MSME လုပ်ငန်းများတွင် အသေးစားလုပ်ငန်းများသည် Export ထုတ်ရန်မလိုဘဲ ပြည်တွင်းသုံးစွဲမှုနှင့် အလတ်စား၊ အကြီးစားလုပ်ငန်းများတွင် လိုအပ်သောလုပ်ငန်းသုံးပစ္စည်းများကို ချိတ်ဆက်ဖြည့်ဆည်းနိုင်ရေး စဉ်းစားဆောင်ရွက်ရန်လို

 

နေပြည်တော်   ဒီဇင်ဘာ    ၂၈


ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ    အသေးစား၊   အငယ်စားနှင့် အလတ်စား  စီးပွားရေးလုပ်ငန်း များနှင့်ပတ်သက်၍   တိုင်းဒေသ ကြီး   အစိုးရအဖွဲ့ဝင်များ၊  ခရိုင်/မြို့နယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံပွဲကို  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး   အစိုးရ အဖွဲ့ရုံး    အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်   ကာကွယ်ရေးဦးစီး ချုပ်     ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

 


အဆိုပါအခမ်းအနားသို့ နိုင်ငံ တော်  စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်   ကာကွယ် ရေးဦးစီးချုပ်(ကြည်း)    ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ဆောက်လုပ်ရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးမျိုးသန့်၊
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်     ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊  ရန်ကုန်တိုင်းစစ်ဌာနချုပ်   တိုင်းမှူး၊  စက်မှု ဝန်ကြီးဌာန     ဒုတိယဝန်ကြီး၊   တိုင်းဒေသကြီး စက်မှုဇုန်များ     ဖော်ဆောင်ခြင်းနှင့်     ကြီးကြပ်မှု ကော်မတီ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နှင့် ချေးငွေစိစစ်ရေးကော်မတီတို့မှ တာဝန်ရှိသူများ၊   တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

 


ဦးစွာ   ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးစိုးသိန်းက  တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍  ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြ


ဆက်လက်ပြီး     MSME    လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က MSME လုပ်ငန်းများနှင့် ပတ်သက် သည့်   မူဝါဒနှင့်   လမ်းညွှန်ချက်ဆိုင်ရာများကို လည်းကောင်း၊   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးမျိုးမြင့်အောင်က တိုင်းဒေသ ကြီးအတွင်းရှိ  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) အကောင်အထည် ဖော်    ဆောင်ရွက်ထားရှိမှုများနှင့်   ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 


ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး


ထို့နောက် တက်ရောက်လာကြသည့် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ   စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊  အသေးစားစက်မှု/လက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန ၊ စိုက်ပျိုးရေး ဦးစီးဌာန၊      မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့မှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ က MSME Member Card ထုတ်ပေးနေမှု ၊ MSME လုပ်ငန်းရှင်များသို့ ချေးငွေအထောက်အပံ့များ ပံ့ပိုး ပေးထားမှု၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အသိပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ပေးမှု၊ စက်မှုဇုန်သတင်း အချက်အလက်စနစ် တည်ဆောက်ထားရှိမှု  စသည့် ကိစ္စရပ်များအား   သက်ဆိုင်ရာ  ကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြရာ    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က  သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 


အရေးကြီးသောအခန်းကဏ္ဍမှ ရပ်တည်


ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ     ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး  စိုးဝင်း က  အမှာစကားပြောကြားရာတွင် နိုင်ငံတော်ဝန်ကြီး ချုပ်၏ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၃ ရက်နေ့ MSME အဖွဲ့များနှင့် တွေ့ဆုံစဉ် လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများ ကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရန် လာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊   MSME  လုပ်ငန်းများသည် မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင်  နိုင်ငံစီးပွားရေး၏ ကုန်ထုတ် လုပ်မှု၌  ၉၉ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိပြီး နိုင်ငံ၏ GDP တွင် အရေးကြီးသောအခန်းကဏ္ဍမှ ရပ်တည် လျက်ရှိကြောင်း၊   MSME  ၏  အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊        ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့်    လူ့စွမ်းအားအရင်းအမြစ်တို့နှင့် ပတ်သက်၍  နိုင်ငံတော်အနေဖြင့်  တတ်နိုင်သရွေ့ နိုင်ငံစီးပွားမြှင့်တင်ရေး   ရန်ပုံငွေထုတ်ပေးလျက် ရှိကြောင်း၊ ထို့ပြင် လူ့စွမ်းအား အရင်းအမြစ်တို့ အတွက်        အလယ်တန်းအဆင့်နှင့်အောက် တတ်မြောက်သူများအတွက်   ဝန်ကြီးဌာန  ခုနစ်ခုမှ ကာလတိုနှင့် ကာလရှည် သင်တန်းပေါင်း ၁၉၈ မျိုး အား ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ အထက် တန်းအဆင့် ပညာတတ်မြောက်ပြီးသူများအတွက် THS ၊ စိုက်ပျိုးရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် စက်မှုသိပ္ပံ တို့ ဖွင့်လှစ်ပေးမှုအခြေအနေ၊ အဆင့်မြင့်ပညာနှင့် ပတ်သက်၍ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ် များအား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးနေမှု အခြေအနေ၊  ကုန်ထုတ် လုပ်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန်တိုးမြှင့်ရေး အတွက်   ထုတ်ကုန်ဦးစားပေး ဆောင်ရွက်ရာတွင်   ဒေသအလိုက်       ထွက်ရှိကုန်ကြမ်းများမှတစ်ဆင့် ကုန်ချောထုတ်လုပ်နိုင်မည့်     မူဝါဒကိုလည်း လက်မလွတ်စေရန် လိုအပ်သည့်အခြေအနေ ၊ MSME လုပ်ငန်းနှင့်  ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး၌ အေဂျင်စီဖွဲ့စည်းပြီးဖြစ်၍ အေဂျင်စီသည် ဆက်စပ် ဝန်ကြီးဌာန   ၁၁   ခု၊   လုပ်ငန်းသုံးသပ်ရေးအဖွဲ့၊ ရန်ပုံငွေစိစစ်ရေးအဖွဲ့တို့နှင့် ချိတ်ဆက်၍ လုပ်ငန်း ကော်မတီနှင့်ဗဟိုကော်မတီအဆင့်ဆင့်တို့ ချိတ်ဆက် တင်ပြဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများကို ပြောကြားသည်။

 


ဥပဒေနှင့်အညီ တောင်းခံ


ဆက်လက်ပြီး         စိုက်ပျိုးရေးချေးငွေနှင့် ပတ်သက်၍  ခရိုင်  ၁၄  ခု  အားလုံး၌  ပေးဆပ်ရန် ကျန်ပမာဏများပြားနေကြောင်း၊    ပေးဆပ်ရန် ရှိသည်များ    အမြန်ဆုံးပေးဆပ်ရန်လိုပြီး   ထိုသို့ ပေးဆပ်မှသာ လိုအပ်သူများအတွက် ထပ်မံချေးငှား ခြင်းဖြင့်  လုပ်ငန်းတိုးချဲ့မှုများ  ဆောင်ရွက်နိုင်မည် ဖြစ်၍   စည်းရုံးဆောင်ရွက်ခြင်း၊   ဥပဒေနှင့်အညီ တောင်းခံခြင်းများ ဆောင်ရွက်ရန်လိုကြောင်း။

 


တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့် ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့၏ မိုးရွာသွန်းရက်နှင့် မိုးရေချိန်များသည် များစွာကွာခြား မှု  မရှိကြောင်း၊   သို့ရာတွင်   အဓိကစိုက်ပျိုးသီးနှံ ဖြစ်သည့် စပါးနှင့် ပဲမျိုးစုံစိုက်ဧက လျာထားချက်ကို မြို့နယ်အားလုံး  ပြည့်မီခြင်းမရှိသလို  အထွက်နှုန်း မှာလည်း ပန်းတိုင်အထွက်နှုန်းကိုပြည့်မီရန် လိုအပ် နေသေးသည်ကို တွေ့ရပါကြောင်း၊ စိုက်ဧကတိုးချဲ့မှု အစား လက်ရှိစိုက်ဧကအား သီးနှံအထွက်ပိုမိုတိုးမြှင့် ရေးကြိုးပမ်းရန်   လိုအပ်ကြောင်း၊   သီးနှံတိုးတက် ထုတ်လုပ်နိုင်ရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ အသုံးပြုရန် လိုအပ်မှု၊ သွင်းအားစု၊ လိုအပ်ရေပမာဏ ရရှိရေး၊   စိုက်နည်းစနစ်မှန်ကန်ရေးကို ဂရုပြုရန် လိုသလို စိုက်ပျိုးရာတွင်လည်း နိုင်ငံတကာဈေးကွက် အထိ   အဆင့်မီတင်ပို့နိုင်ရေး  Good  Agriculture practice(GAP) အသိပညာသိရှိအောင် စိုက်ပျိုးသူ များကို ပညာပေးရန်လိုကြောင်း။

 


နိုင်ငံတော်မှ စီမံဆောင်ရွက်နေ


သမဝါယမအသင်းဖွဲ့စည်းမှုနှင့်   ပတ်သက်၍ ဆောင်ရွက်နိုင်မှုအပေါ် ကျေနပ်အားရဖွယ် တွေ့ရှိရ ကြောင်း၊ ကုန်ထုတ်လုပ်မှု သမဝါယမအသင်း  ၉၇၄ သင်း၊ ကုန်သွယ်မှုသမဝါယမအသင်း  ၉၁၁ သင်းနှင့် ဝန်ဆောင်မှုသမဝါယမအသင်း  ၆၄၉ သင်း စုစုပေါင်း ၂၅၃၄ သင်းအထိ ဖွဲ့စည်း၍ လုပ်ငန်းများလည်ပတ် နေသည်ကို   သိရ၍  ယခုထက် အောင်မြင်အောင် တိုးချဲ့ဆောင်ရွက်သွားရန်  တိုက်တွန်းလိုကြောင်း၊ MSME လုပ်ငန်းများ၏ အဓိကအခက်အခဲများတွင် ချေးငွေရယူလိုမှုနှင့်  ချေးငွေသက်တမ်းတိုးလိုမှုကို တွေ့ရပြီး  မှန်ကန်စွာဖြေရှင်းနိုင်ရန်မှာ ချေးငွေကို အချိန်မှန်ပေးဆပ်ရန်ပင်ဖြစ်ကြောင်း၊ ဒုတိယအချက် မှာ မြေနေရာရရှိလိုမှုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဆန်စပါး အဓိကထုတ်လုပ်သောနိုင်ငံဖြစ်၍ လယ်မြေ နှင့် ပတ်သက်လျှင်  အခြားနည်းသုံးစွဲရန်  ခွင့်မပြု ကြောင်းကို   နိုင်ငံတော်ဝန်ကြီးချုပ်က  လမ်းညွှန် မှာကြားထားပြီးဖြစ်ကြောင်း၊ အလားတူ စက်မှုဇုန် သည် ကုန်ထုတ်လုပ်မှုအတွက် ရည်ရွယ်ထူထောင် ထားခြင်းဖြစ်၍ လူနေအိမ်ရာနှင့် ရပ်ကွက်အဖြစ်သို့ ပြောင်းလဲ၍မရပါကြောင်း၊    မဖြစ်သင့်ပါကြောင်း၊ တတိယအချက်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြစ်ပြီး နိုင်ငံ၏လက်ရှိ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု အခြေအနေအရ     လုံလောက်မှုမရှိသေးကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအရ လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံစေရေး၊ ရေအားလျှပ်စစ်၊ ဆိုလာစနစ် မှစ၍   အဏုမြူစွမ်းအင်သုံး   အသေးစားလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်ရေးအထိ နိုင်ငံတော်မှ စီမံ ဆောင်ရွက်နေပါကြောင်း၊ လတ်တလော အခြေအနေ အရ လျှပ်စစ်ဓာတ်အားမရှိလျှင် ကုန်ထုတ်လုပ်မှုကို လည်း ဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် တစ်ပိုင် တစ်နိုင် လုပ်ငန်းရှင်တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ ဖြစ်စေ ဆိုလာစနစ်၊ လေအားလျှပ်စစ်နှင့် ဒီဇယ်သုံး လျှပ်စစ်ဓာတ်အားများကိုလည်း   တစ်ပိုင်တစ်နိုင် စီမံဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များကို ဖွဲ့စည်း ထားပြီး အေဂျင်စီက လိုအပ်သလို ပေါင်းစပ်ညှိနှိုင်း ပေးရန်လိုကြောင်း။

 


အဓိကဒေါက်တိုင်အဖြစ် ကြိုးပမ်း


 MSME လုပ်ငန်းများတွင် အသေးစားလုပ်ငန်းများ သည် Export ထုတ်ရန်မလိုဘဲ ပြည်တွင်းသုံးစွဲမှုနှင့် အလတ်စား၊ အကြီးစားလုပ်ငန်းများတွင် လိုအပ် သော လုပ်ငန်းသုံးပစ္စည်းများကို ချိတ်ဆက်ဖြည့်ဆည်း နိုင်ရေး စဉ်းစားဆောင်ရွက်ရန်လိုကြောင်း၊ MSME လုပ်ငန်းဆောင်ရွက်မှုနှင့်   ပတ်သက်၍    ဖြစ်ပေါ် တိုးတက်မှုများကို ကိန်းဂဏန်း Data အချက်အလက် ပြည့်စုံစွာဖြင့်       ဆွေးနွေးအဖြေထုတ်နိုင်ပါက ဗဟိုကော်မတီအစည်းအဝေး (၁/၂၀၂၂)နောက်ပိုင်း တိုးတက်မှုကို တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ၏ ထုတ်ကုန်များကို ပြပွဲပြိုင်ပွဲ တစ်မျိုး တည်းသာ        ဆောင်ရွက်ပါက       မိမိထုတ်ကုန်Production  ပိုင်းသာ ဖော်ပြနိုင်မည်ဖြစ်၍ Trade ပြပွဲနှင့် ပူးတွဲဆောင်ရွက်မှသာ Trade ပြပွဲက မိမိ ထုတ်ကုန်ကို အရောင်းမြှင့်တင်နိုင်မည့် ဈေးကွက် Promotion ကိုလည်း တစ်ပါတည်း ဆောင်ရွက်နိုင် မည်ဖြစ်၍ နောင်တွင် MSME ပြပွဲပြိုင်ပွဲအား Trade ပြပွဲနှင့်ပါ ပူးတွဲကျင်းပခြင်း၊ မိမိတိုင်းဒေသကြီးတစ်ခု တည်းသာမဟုတ်ဘဲ     ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် MSME အေဂျင်စီများမှတစ်ဆင့် လုပ်ငန်းရှင် များကိုလည်း ပြပွဲပြိုင်ပွဲများသို့ ဖိတ်ခေါ်ဆောင်ရွက် ပါက MSME ၏ တိုးတက်မှုမှာ ထုတ်ကုန်ပိုင်းရော ဈေးကွက်ရရှိမှုပိုင်းမှာပါ ပြည့်စုံစေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ  ရန်ကုန်မြို့အား  နိုင်ငံ၏ စီးပွားရေးမြို့တော်အဖြစ်  သတ်မှတ်ထားပြီးဖြစ်၍  နိုင်ငံတော်စီးပွားရေး   ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဒေါက်တိုင်အဖြစ် ကြိုးပမ်းဆောင်ရွက်သွား ရန်လိုကြောင်း၊   ထိုသို့  ဆောင်ရွက်နိုင်ရန် တစ်ဦး တစ်ယောက်ဖြင့် ဆောင်ရွက်၍ မရနိုင်သဖြင့် လူတန်း စား  အလွှာအသီးသီးအားလုံး  ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်းဖြင့် ပြောကြားသည်။

 


ဆက်လက်၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်    ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် လှိုင်သာယာမြို့နယ်အတွင်းရှိ FAME ဆေးဝါးစက်ရုံ၊ OK စည်သွတ်ဘူးနှင့် ခေါက်ဆွဲ ခြောက်စက်ရုံ၊ ထူးသစ် ငါး/ပုစွန်မွေးမြူရေး အစာ တောင့်စက်ရုံ၊ ရွှေငါး ငါးမုန့်စက်ရုံ၊ TOP သီဟိုဠ်စေ့ စက်ရုံများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။

 


ရှင်းလင်းပြသ


ဦးစွာ      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ရွှေဥက္ကံကျေးရွာ အုပ်စု၊ စက်မှုဇုန်(၃)ရှိ မြန်မာ့တိုင်းရင်းဆေးထုတ်လုပ် သည့် FAME တိုင်းရင်းဆေးဝါးစက်ရုံသို့ ရောက်ရှိရာ FAME Pharmaceuticals ၏ Managing Director ဒေါက်တာ ခင်မောင်လွင်က စက်ရုံခန်းမတွင် FAME ဆေးဝါးစက်ရုံမှ   ထုတ်လုပ်သော   ထုတ်ကုန်များ၊ စက်ရုံအတွင်း ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း ပြသသည်။ 

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း ဆေးဝါးများထုတ်လုပ်နေမှုများ၊ သုတေသနစမ်းသပ် ခန်းများနှင့်  ထုတ်ကုန်ပစ္စည်းများ  အရည်အသွေး စစ်ဆေးဆောင်ရွက်နေမှု  စသည်တို့အား  လိုက်လံ ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

 


ဆက်လက်၍       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် အမှတ် (၁)ရပ်ကွက်၊ စက်မှုဇုန်  (၇) ရှိ   OK  စည်သွတ်ဘူးနှင့် ခေါက်ဆွဲခြောက်စက်ရုံသို့     ရောက်ရှိရာ    စက်ရုံ အစည်းအဝေးခန်းမတွင်   Managing  Director ဒေါက်တာ ရဲသူအောင်က  စက်ရုံမှ ထုတ်လုပ်သည့် ပစ္စည်းများ  ထုတ်လုပ်ပုံအဆင့်ဆင့်အား  ရှင်းလင်း တင်ပြသည်။

 


ထုတ်လုပ်ပုံအဆင့်ဆင့်တို့အား ကြည့်ရှု


ယင်းနောက်           နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စက်ရုံ အတွင်း ကုန်ပစ္စည်းများ သိုလှောင်ထားရှိမှုနှင့် စက်ရုံ အတွင်း    ထုတ်လုပ်ပုံအဆင့်ဆင့်တို့အား   လိုက်လံ ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။

 


ဆက်လက်၍          နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်   အဖွဲ့ဝင်များသည် ရွှေလင်ပန်းစက်မှုဇုန်ရှိ ထူးသစ် အစာတောင့်စက်ရုံ သို့ရောက်ရှိရာ Managing Director ဦးဇော်လင်းက စက်ရုံဆိုင်ရာ အချက်အလက်များ၊ စက်ရုံထုတ်ပစ္စည်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ    ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စက်ရုံ အတွင်း ကုန်ပစ္စည်းများသိုလှောင်ထားရှိမှု ငါး၊ပုစွန် အစာတောင့်များထုတ်လုပ်၊     ထုပ်ပိုးထားရှိမှုများ အား  လိုက်လံကြည့်ရှုလေ့လာကြသည်။

 


 TOP သီဟိုဠ်စေ့စက်ရုံသို့ ရောက်ရှိ


ဆက်လက်၍        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး    စိုးဝင်းနှင့်   အဖွဲ့ဝင်များသည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရွှေငါး ငါးမုန့် စက်ရုံနှင့် TOP သီဟိုဠ်စေ့စက်ရုံသို့ ရောက်ရှိကြရာ စက်ရုံအစည်းအဝေးခန်းမများတွင်    စက်ရုံများ အလိုက် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု၊ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ 

 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယ ဥက္ကဋ္ဌ   ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် စက်ရုံလုပ်ငန်း ခွင်များအတွင်း     စားသောက်ကုန်ပစ္စည်းများ အဆင့်ဆင့်ထုတ်လုပ်၊ ထုပ်ပိုးဆောင်ရွက်နေမှုများ အား လိုက်လံကြည့်ရှုလေ့လာခဲ့ကြပြီး လိုအပ်သည် များ   ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။                                

သတင်းစဉ်