မြန်မာနိုင်ငံ၏ ပြည်တွင်းသုံးငွေစက္ကူများ ထုတ်ဝေခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာအခြေအနေများ ဆွေးနွေးပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၇


မြန်မာနိုင်ငံ၏ ပြည်တွင်းသုံးငွေစက္ကူများ ထုတ်ဝေ ခြင်းနှင့်     စီမံခန့်ခွဲခြင်းဆိုင်ရာ   အခြေအနေများ ဆွေးနွေးပွဲအခမ်းအနားကို   ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိခန်းမ၌ ကျင်းပ ရာ     မြန်မာနိုင်ငံတော်ဗဟိုဘဏ်    ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ လင်းအောင်၊ ဒါရိုက်တာအဖွဲ့ဝင်များ၊    အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများ၊ ပြည်ထဲ ရေးဝန်ကြီးဌာနမှ   တာဝန်ရှိသူများ၊   ဘဏ်များမှ အမှုဆောင်အရာရှိချုပ်များ၊ အထွေထွေမန်နေဂျာ များနှင့် ငွေကြေးဌာနတာဝန်ခံများ တက်ရောက် ကြသည်။

 


ဆွေးနွေးပွဲတွင်   မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က မြန်မာနိုင်ငံ တော်ဗဟိုဘဏ်အနေဖြင့် ပြည်တွင်းသုံးငွေစက္ကူများ ကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်း နှင့်   စီမံခန့်ခွဲခြင်းတို့ကို    ဆောင်ရွက်လျက်ရှိရာ ပြည်သူများ သန့်ရှင်းကောင်းမွန်ပြီး လုံခြုံမှုအဆင့် အတန်းမြင့်မားသော ငွေစက္ကူများကို ကိုင်တွယ်သုံးစွဲ နိုင်ရေးအတွက်  အလေးထား  ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် ပြည်တွင်းသုံးငွေ စက္ကူများနှင့်ပတ်သက်၍ ငွေစက္ကူအတု/အစစ်ခွဲခြားစစ်ဆေးရန်ကိစ္စရပ်များ၊    ဟောင်းနွမ်းငွေစက္ကူများ လျော့နည်းပပျောက်စေရန်    ကိစ္စရပ်များ    စသည့် အကြောင်းအရာများကို    ဆွေးနွေးမည်ဖြစ်သည့် အတွက် တက်ရောက်လာကြသူများ အကျိုးကျေးဇူး များစွာရရှိမည်ဖြစ်ပါကြောင်း၊ ဘဏ်များက အများ ပြည်သူနှင့် တိုက်ရိုက်ထိတွေ့  ဆက်ဆံနေရသည့် အတွက်   ယနေ့ဆွေးနွေးချက်များကို    မိမိတို့၏ လက်အောက်ဝန်ထမ်းများကို လက်ဆင့်ကမ်းဖြန့်ဝေ ပေးပြီး   ထုတ်ပြန်ထားသည့်   ညွှန်ကြားချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 


ဆက်လက်၍    မြန်မာနိုင်ငံတော်ဗဟိုဘဏ် ငွေကြေးစီမံခန့်ခွဲမှုဌာနမှ     ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်က    ပြည်တွင်းသုံးငွေ   ထုတ်ဝေခြင်းနှင့် ပတ်သက်၍  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ တရားဝင်လှည့်လည်သုံးစွဲလျက် ရှိသော ငွေစက္ကူအမျိုးအစားများ၊ ငွေစက္ကူအတုနှင့် ပတ်သက်သည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပါ တားမြစ်ချက်နှင့်    ပြစ်ဒဏ်များ၊   ငွေစက္ကူများ၏ သိသာထင်ရှားသော     သွင်ပြင်လက္ခဏာများကို အများပြည်သူနှင့် ဘဏ်များသို့ အသိပေးဆောင်ရွက် နေမှု၊ ငွေစက္ကူအတုတွေ့ရှိပါက ဘဏ်များမှ လိုက်နာ ဆောင်ရွက်ရန် အချက်များ၊ ငွေစက္ကူအစစ်နှင့် အတု အား အလွယ်တကူခွဲခြားစစ်ဆေးနိုင်သည့် အချက် များ၊   အများပြည်သူအတွင်း   လှည့်လည်သုံးစွဲ နေသော   ငွေစက္ကူများ သစ်လွင်သန့်ရှင်းမှုရှိစေရေးအတွက် ဟောင်းနွမ်း / စုတ်ပြဲ / ချွတ်ယွင်း  ငွေစက္ကူ များကို    လက်ခံလဲလှယ်ပေးရန်   ကိစ္စရပ်များကို   ဆွေးနွေးသည်။ 

 


ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီး စိုးနိုင်က ငွေစက္ကူအတုနှင့်ပတ်သက်၍ အတုပြုလုပ် ရောင်းဝယ်ကြသည့်အပေါ် ဖမ်းဆီးရမိမှု၊ ငွေစက္ကူ အတုများ ရောင်းဝယ်ဖောက်ကားရန် လိမ်လည်မှု ပြုကြသည့်အခြေအနေများ စုံစမ်းစစ်ဆေးအရေးယူမှု ကို ရှင်းလင်းဆွေးနွေးတင်ပြသည်။ 

 


တက်ရောက်လာသော   နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များက ပြည်သူများ၏ ပေးသွင်းငွေများ အပေါ်   စိစစ်ဆောင်ရွက်နေမှု၊   ငွေစက္ကူအတုနှင့် ပတ်သက်၍ အသိပေး ဆောင်ရွက်နေမှု၊ ငွေစက္ကူအတု တွေ့ရှိပါက ငွေစက္ကူအတုနှင့်တကွ အချက်အလက် များကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံသို့ အပ်နှံဆောင်ရွက် နေမှုအခြေအနေများ၊ ဗဟိုဘဏ်၏ ညွှန်ကြားချက် များအတိုင်း လိုက်နာဆောင်ရွက်နေမှုကို ဆွေးနွေးခဲ့ ကြပြီး ယနေ့ဆွေးနွေးပွဲမှ  သိရှိလာသော  အချက် အလက်များကို မိမိတို့ဘဏ်များအလိုက် ဝန်ထမ်းများ ကို အသိပညာဗဟုသုတဖြန့်ဝေခြင်း (Knowledge Sharing)  များ      ပြုလုပ်သွားကြမည်ဖြစ်ကြောင်း ဆွေးနွေးကြသည်။  

 


ဆက်လက်၍       မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များက ဘဏ် လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လိုအပ်သည် များကို   အကြုံပြုဆွေးနွေးပြောကြားခဲ့ပြီး   ဒုတိယ ဥက္ကဋ္ဌ   ဒေါက်တာ လင်းအောင်က   ဆွေးနွေးပွဲနှင့် ပတ်သက်၍    နိဂုံးချုပ်အမှာစကား   ပြောကြားခဲ့ ကြောင်း သိရသည်။                          

သတင်းစဉ်