
နေပြည်တော် ဒီဇင်ဘာ ၂၇
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်း ဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ ကြားက ပြည်သူ့စကား” အစီအစဉ်မှ “ရန်ကုန် - ဒလ မြစ်ကူးသင်္ဘောဖြစ်သည့် ချယ်ရီသင်္ဘောပေါ်၌ PDF အဖွဲ့၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှု” ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီ တွင် “ဒီးဒုတ်ခင်ကျေးရွာ လူသတ်မှု” ခေါင်းစဉ် ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉ - ၈၉၉ဝ၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင် နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ် တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်း နှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ် များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက် ပေးထားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်