ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား မပြတ်တောက်စေရေး ပြင်ဆင်ဆောင်ရွက်ထားမှုများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဒီဇင်ဘာ  ၂၇
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားများအား အသွင်သဏ္ဌာန်ရော အနှစ် သာရပါ ပြည့်ဝအောင် နိုင်ငံတော်အဆင့် ခမ်းနား ထည်ဝါစွာ ကျင်းပမည်ဖြစ်ရာ ယင်းကာလအတွင်း လျှပ်စစ်ဓာတ်အားများ မပြတ်တောက်စေရေးနှင့်  တည်ငြိမ်ပြည့်ဝစွာ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးအတွက် စီမံချက်အတိုင်း   လုပ်ငန်းများ    လစ်ဟာမှုမရှိစေရန်  အထူးအရေးကြီး တာဝန်တစ်ရပ်အနေဖြင့် ကျေပွန် စွာ ထမ်းဆောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောကြား သည်။        
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန    ဒုတိယဝန်ကြီး သည်   ဒီဇင်ဘာ  ၂၅  ရက်က  ပင်မဓာတ်အားခွဲရုံများ၊ ဓာတ်အားဖြန့်ဖြူးရေးခွဲရုံများ၊    အခမ်းအနားများ ကျင်းပမည့်   နေရာများသို့     ကြည့်ရှုစစ်ဆေးစဉ် ထိုကဲ့သို့ တိုက်တွန်းပြောကြားခြင်းဖြစ်သည်။
ဦးစွာ ဒုတိယဝန်ကြီးသည် တပ်ကုန်းမြို့နယ်ရှိ  ၂၃၀ ကေဗွီ ရွှေမြို့ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး ဦးထွန်းထွန်းဝင်းက ၂၃၀ ကေဗွီ သာစည်လိုင်းနှင့် ၂၃၀ ကေဗွီ ပျဉ်းမနားလိုင်း ကြံ့ခိုင် ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရမည်းသင်းမြို့ သို့ ပို့လွှတ်မည့် ၆၆ ကေဗွီ တိုးချဲ့ Gantry လုပ်ငန်း ဆောင်ရွက်နေမှု၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာ စီမံကိန်းများ၏ Gantry အတွက် မြေနေရာပြင်ဆင် ထားမှုတို့ကို  ရှင်းလင်းတင်ပြရာ  ဒုတိယဝန်ကြီးက  လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍  ပုဗ္ဗသီရိမြို့နယ်ရှိ  ၂၃၀  ကေဗွီ နေပြည်တော် (၂) ပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ဓာတ်အားခွဲရုံမှူး ဒေါ်စိုးရူပါသိန်းက ၂၃၀/၃၃/၁၁ ကေဗွီ၊ ၃၃ ဒသမ ၃ အမ်ဗွီအေ Y Phase ထရန်စဖော်မာ ၏ Bushing များ အပူချိန်မြင့်တက်လာ၍ ပြုပြင်ရေး လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်    ၂၃၀    ကေဗွီ နေပြည်တော် (၁) -  နေပြည်တော် (၂) ဓာတ်အားလိုင်း အတွက် တိုးချဲ့ Gantry ရှိ မြို့ပြပိုင်း တည်ဆောက် ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။ 
ယင်းနောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လွတ်လပ်ရေးနေ့အခမ်းအနားနှင့်      ဆက်စပ် အခမ်းအနားများကျင်းပစဉ် ဓာတ်အားဖြန့်ဖြူးပေး ထားမည့်   ဓာတ်အားဖြန့်ဖြူးရေး    ခွဲရုံများကို သွားရောက်စစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းမှ   နေပြည်တော်    အင်ဂျင်နီယာချုပ် ဦးမိုးသက်နှင့်   ဒုတိယအင်ဂျင်နီယာချုပ်   ဦးဇော် မင်းထွန်းတို့က  လျှပ်စစ်ဓာတ်အား  မပြတ်တောက် စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို  တင်ပြကြပြီး  အဖွဲ့ဝင်များကလည်း  လိုအပ်သည် များကို  အချိန်နှင့်တစ်ပြေးညီ  တင်ပြဆောင်ရွက် သွားရန်၊     မမျှော်လင့်ဘဲ      ပင်မဓာတ်အားလိုင်း ပြတ်တောက်ပါက         အရန်ဓာတ်အားလိုင်းဖြင့် အမြန်ဆုံး   ချိတ်ဆက်ဆောင်ရွက်ရန်၊  UPS  များ၊ Battery Bank များ၊  Transformer နှင့် Switchgear Control Panel များ၊ အရန်ဓာတ်အားလိုင်းများနှင့် အရန်မီးစက်များကို     ကြံ့ခိုင်မှုကောင်းမွန်စေရေး အလေးပေးဆောင်ရွက်ရန်၊ ဓာတ်အားဖြန့်ဖြူးမည့်  နေရာများကို အမြဲမပြတ် စစ်ဆေးရန်၊ အရန်ပစ္စည်း  ကိရိယာများ အမြဲအသင့်ရှိနေစေရန်၊ လုပ်ငန်းခွင်သုံး  အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ကြရန်၊ လုံခြုံရေး  အသိ၊ သတိဖြင့် ဆောင်ရွက်သွားကြရန်နှင့် အခမ်း အနားများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆက်စပ်ဌာန  အဖွဲ့အစည်းများနှင့်     ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် သွားကြရန် မှာကြားကြောင်း သိရသည်။ 
သတင်းစဉ်