
ရန်ကုန် ဒီဇင်ဘာ ၂၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တာဝန်ရှိသူတို့နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရှိ Wilmar Myanmar ကုမ္ပဏီသို့ရောက်ရှိပြီး စပါးခွံလောင်စာဖြင့် လျှပ်စစ် ထုတ်လုပ်မှုမှ ဆိပ်ကမ်းလုပ်ငန်းများ၊ ဆန်စက်လုပ်ငန်း၊ စားသုံးဆီ လုပ်ငန်းနှင့် ဂျုံလုပ်ငန်းများ လုပ်ကိုင်လည်ပတ်နေမှုတို့ကို ကြည့်ရှု လေ့လာသည်။(ယာပုံ)
ရှေးဦးစွာ ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကို ကုမ္ပဏီ၏ General Manager Mr.Chen Pan က စပါးခွံလောင်စာဖြင့် လုပ်ငန်းလည်ပတ်မှု ကိုလည်းကောင်း၊ မန်နေဂျင်းဒါရိုက်တာ ဦးမောင်ကျေးက နိုင်ငံအတွင်း ရှိ ကုမ္ပဏီ၏ ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ကုမ္ပဏီဝင်းအတွင်းရှိ ဆိပ်ကမ်းလုပ်ငန်း၊ ဆန်စက်လုပ်ငန်း၊ ဂျုံလုပ်ငန်း နှင့် စားသုံးဆီလုပ်ငန်းများ လည်ပတ်နေမှုတို့ကို လိုက်လံရှင်းလင်း ပြသသည်။
Wilmar Myanmar ကုမ္ပဏီအနေဖြင့် သီလဝါဆိပ်ကမ်းတွင် ခေတ်မီဘက်စုံသုံး နိုင်ငံတကာဆိပ်ခံတံတားနှင့် မြေဖွံ့ဖြိုးရေးလုပ်ငန်း များကို BOT စာချုပ်ဖြင့် ဆောင်ရွက်ခြင်း၊ စီးပွားရေးဆိုင်ရာ လုပ်ငန်း များ၊ ဂျုံနှင့်ဘေးထွက်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ စားသုံးဆီနှင့် ဆက်စပ် ထုတ်ကုန်လုပ်ငန်းများနှင့် ဆန်နှင့်ဆန် ဆက်စပ်ထုတ်ကုန်များကို ဆောင်ရွက်လျက်ရှိရာ ထိုလုပ်ငန်းများအတွက် စပါးခွံသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။
သတင်းစဉ်