အသိပေးနှိုးဆော်ချက်

၁။    ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံတကာ နှစ်သစ်ကူးကာလ တွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ထုတ်လုပ်ရောင်းချ ခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မရှိစေရေးအတွက် ရန်ကုန် တိုင်းဒေသကြီး   အစိုးရအဖွဲ့က  သတိပေးနှိုးဆော်ချက်များ  နှစ်စဉ် ထုတ်ပြန်လျက်ရှိပါသည်။
၂။    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များ၌ နိုင်ငံတကာ နှစ်သစ်ကူးကာလတွင် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး(ရှူးဒိုင်း)များကို ပစ်ဖောက်မှုများကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်စေခြင်း၊ မသမာသူများက ရပ်ရွာအေးချမ်းသာယာရေးနှင့် လုံခြုံရေးကို ထိခိုက် အောင် ပြုလုပ်လာနိုင်ခြင်းတို့ကြောင့် ဗြောက်အိုး၊ မီးရှူးနှင့် မီးဒုံး (ရှူးဒိုင်း)များကို ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပစ်ဖောက်ခြင်းများ မပြုလုပ်ကြရန်နှင့်  လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။         ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့