နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ)နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော်    ဒီဇင်ဘာ   ၂၄


ယနေ့    ကျရောက်သည့်  (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ အထိမ်း အမှတ်   အခမ်းအနားကို   ယနေ့  မွန်းလွဲပိုင်းတွင်   ရန်ကုန်တိုင်းဒေသကြီးရှိ  နယ်မြေခံရေတပ် လေ့ကျင့် ရေးဌာနချုပ်   သီရိမဟာဇေယျကျော်ထင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး    မင်းအောင်လှိုင်   တက်ရောက်ချီးမြှင့်၍ အမှာစကား ပြောကြားသည်။

 


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ      တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဇနီး ဒေါ်ကြူကြူလှ၊   အငြိမ်းစားကာကွယ်ရေးဦးစီးချုပ် (ရေ)များနှင့်ဇနီးများ၊  အငြိမ်းစားကာကွယ်ရေးဦးစီး ချုပ်(လေ)များနှင့် ဇနီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊     ကာကွယ်ရေးဦးစီးချုပ်(ရေ)    ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်   ဇနီး၊    ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊  ပြည်ထောင်စုဝန်ကြီး များနှင့်      ဇနီးများ၊    ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်    ဇနီးများ၊   ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   ရန်ကုန်တိုင်းစစ်ဌာန ချုပ်    တိုင်းမှူး၊   ရေတပ်စခန်းဌာနချုပ်မှူးများနှင့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များ၊ မိသားစု များ၊ ဖိတ်ကြားထားသည့်  ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

 


လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က    (၇၅)  နှစ် မြောက် စိန်ရတုတပ်မတော်(ရေ) နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် အမှာစကားပြောကြားရာတွင် ယနေ့  ၂၀၂၂ ခုနှစ်၊   ဒီဇင်ဘာလ ၂၄ ရက်နေ့သည် တပ်မတော်(ရေ)၏   (၇၅)  နှစ်မြောက်     စိန်ရတု နှစ်ပတ်လည်နေ့ပင်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)ကို ဖွဲ့စည်းပြီး ၁၁ ရက်အကြာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိခဲ့သည့် အတွက်    အတိတ်ကောင်း၊    နိမိတ်ကောင်းများ ဆောင်ကြဉ်းပေးခဲ့သည်ဟု ယူဆနိုင်သကဲ့သို့လွတ်လပ် ရေးနှင့်အတူ   ပေါက်ဖွားလာခဲ့သည့်  တပ်ဖွဲ့တစ်ခု လည်းဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း။
မိမိတို့ တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် တိုင်းရင်း သားညီအစ်ကိုမောင်နှမ များနှင့်   ဖွဲ့စည်းထားသော   မျိုးချစ်ပြည်ထောင်စု တပ်မတော်ဖြစ်ကြောင်း၊ နိုင်ငံတော်အပေါ် ကျရောက် လာနိုင်သည့်    ပြည်တွင်း၊   ပြည်ပအန္တရာယ်များကို ကာကွယ်တားဆီးရန် အဓိကတာဝန်ရှိသည့် အဖွဲ့ အစည်းဖြစ်ပြီး   ဒို့တာဝန်အရေး(၃)ပါးကို  ဦးထိပ် ပန်ဆင်ကာ   ပြည်သူများနှင့်လက်တွဲ၍  အသက်၊ သွေး၊ ချွေးပေါင်းများစွာ ပေးဆပ်ဆောင်ရွက်ခဲ့ကြ သည်ကို ခေတ်အဆက်ဆက် အထင်အရှား တွေ့မြင် ရမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံ ကုန်းမြေဧရိယာ၏ တစ်ဝက်ကျော် ရှိသည့် ရေပြင်ဧရိယာသည် စတုရန်းရေမိုင်ပေါင်း ၁၄၄၉၁၂ မိုင်ရှိပြီး   ရေပေါ်ရေအောက်  အဖိုးတန် သယံဇာတများ၊ ရေသတ္တဝါများ နားခိုကျက်စားရာ နေရာများနှင့် ကျွန်းကြီး၊ ကျွန်းငယ်များ၊ ပင်လယ် ကမ်းရိုးတန်း     သဘာဝအလှတရားများစွာတို့နှင့် ပြည့်နှက်နေကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက်    ပင်လယ်ပြင်မှ    အဓိက ဖော်ဆောင်ပေးနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာ့ရေပြင်သည် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီ ပင်လယ်ပြင်တို့ကို     ပိုင်ဆိုင်ထားရှိပြီး   ကုန်သွယ် ရေလမ်းကြောင်းများ ထိန်းချုပ်နေရာ(Choke Point)များကို    စိုးမိုးချုပ်ကိုင်ထားနိုင်သော   သဘာဝက ပေးသည့်   ထူးခြားသော   လက်ဆောင်ကောင်းကို ရရှိထားခဲ့သည်ကို   တွေ့မြင်ရကြောင်း၊   ထို့အပြင် အမေရိကန်၏ Indo-Pacific Strategy၊ တရုတ်၏ Two Ocean Strategy ၊ အိန္ဒိယ၏ Act East Policy တို့ ဆုံမှတ်နေရာဖြစ်နေသည်ကိုလည်း သတိပြုဖွယ် တွေ့ရှိရမည်ဖြစ်ကြောင်း၊ ပင်လယ်ပြင်ကို အကျိုးရှိ စွာ   အသုံးချနိုင်ရန်ရည်ရွယ်ပြီး   ပင်လယ်ပြင်နှင့် ဆက်စပ်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေ အနေများကိုသုံးသပ်ကာ မြန်မာ့ရေကြောင်းအကျိုး စီးပွားများ ကာကွယ်ရန် တပ်မတော်(ရေ)ကို မဟာ ဗျူဟာအမြင်ဖြင့် စဉ်ဆက်မပြတ် တိုးချဲ့တည်ဆောက် ပေးလျက်ရှိကြောင်း။    

 


စနစ်တကျဖွဲ့စည်းနိုင်ခဲ့


တပ်မတော်(ရေ)၏ သမိုင်းကြောင်းကို ပြန်ကြည့် မည်ဆိုပါက ရှေးမြန်မာမင်းများ လက်ထက်ကတည်း က   ဖွဲ့စည်းပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း၊   ၁၂ ရာစု အစပိုင်းကပင် မြန်မာ့ရေတပ်အစပြုခဲ့ပြီး ၁၈ ရာစု ကုန်းဘောင်မင်းဆက်၊    ရတနာပုံခေတ်၌   ရာထူး ဌာနန္တရ၊ ဂုဏ်ထူးအဆောင်အယောင်များနှင့် စနစ် တကျဖွဲ့စည်းနိုင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ သာယာ ဝတီမင်း၏     ဒဂုံရေကြောင်းချီအခမ်းအနားသည် မိမိတို့မြန်မာ့ရေတပ်၏ အရည်အသွေးကို ထုတ်ဖော် ပြသခဲ့ခြင်းလည်းဖြစ်ကြောင်း။ 

 


သမိုင်းအစဉ်အလာကောင်းခဲ့သည့်      မြန်မာ့ ရေတပ်သည်  လွတ်လပ်ရေးဆုံးရှုံးပြီး  သူ့ကျွန်ဘဝရောက်ရှိခဲ့မှုနှင့်အတူ တိမ်မြုပ်ခဲ့ရကြောင်း၊ ၁၉၄၀ ပြည့်နှစ်တွင်  ဗမာပြည် ဘုရင့်အပျော်တမ်း  အရန် ရေတပ် (BRNVR)  ပေါ်ပေါက်လာပြီး ၁၉၄၆ ခုနှစ် တွင် ဗမာပြည်ဘုရင့် အပျော်တမ်းအရန်ရေတပ်ကို အရာရှိ   ၇၄ ဦး၊   အခြားအဆင့်   ၇၆၃ ဦးတို့နှင့် အမြဲတမ်းရေတပ်အဖြစ်       ပြောင်းလဲဖွဲ့စည်းရန် ပြင်ဆင်ခဲ့ကြောင်း၊   ဖရီးဂိတ်စစ်ရေယာဉ် တစ်စင်းနှင့် ဆိပ်ကမ်းကာကွယ်ရေးရေယာဉ်  HDML (Habour Defence Motor Launch) ၁၃ စင်းကိုလည်းထည့်သွင်း ဖွဲ့စည်းခဲ့ကြောင်း၊  ၁၉၄၇ ခုနှစ်၊  ဒီဇင်ဘာ ၂၄ ရက် တွင်    ဗမာပြည်ဘုရင့်အပျော်တမ်း  အရန်ရေတပ် (BRNVR)ကို “ဗမာ့ရေတပ်မတော် (Burma Navy)” အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ကြောင်း၊     လွတ်လပ်ရေး နှင့်အတူ   ပေါ်ပေါက်ခဲ့သည့်     ပြည်တွင်းလက်နက် ကိုင်   သောင်းကျန်းမှုများကြောင့်     နိုင်ငံတော်နှင့်                                 ပြည်သူလူထု၏    ကာကွယ်ရေးနှင့်   လုံခြုံရေးတို့ အတွက်    တပ်မတော်(ရေ) သည်    တပ်မတော် (ကြည်း/လေ)  တို့နှင့်အတူ       လက်တွဲတိုက်ပွဲဝင် ခဲ့ကြောင်း။    

 


စစ်ရေယာဉ်ကြီးများကို ကိုယ်တိုင် 
ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်


မြန်မာ့ပင်လယ်ပြင်ကို   လုံခြုံစွာကာကွယ်ရန် နှင့်  ပင်လယ်ပြင်အကျိုးစီးပွားများကို ကာကွယ်ရန် အတွက်  နိုင်ငံတော်လွတ်လပ်ရေးရရှိပြီးချိန်မှစပြီး ယနေ့အထိ  ခေတ်အဆက်ဆက် ရေတပ်သားများ သည် ပခုံးပြောင်း တာဝန်ထမ်းဆောင်ခဲ့ကြကြောင်း၊ တပ်မတော်(ရေ) တိုးတက်ရေးအတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက်၏လမ်းညွှန်မှု၊ ကူညီပံ့ပိုးမှုတို့ဖြင့် အစဉ်တစိုက် တည်ဆောက်လာခဲ့ ကြောင်း၊ ယခုအခါ စစ်ရေယာဉ်ကြီးများကို ကိုယ်တိုင် ဒီဇိုင်းရေးဆွဲ တည်ဆောက်နိုင်သည့် တပ်မတော်(ရေ)အဖြစ် တက်လှမ်းနိုင်ခဲ့ကြောင်း။

 


ဂုဏ်ယူဝင့်ထည်စွာ   ရပ်တည်ဆောင်ရွက်နေပြီဖြစ်


စစ်ရေယာဉ်ကြီးများကို ပင်လယ်ပြင်တွင် သမား ရိုးကျစစ်ပွဲများ ဆင်နွှဲနိုင်ရန်အတွက် ရည်မှန်းချက် ထား တည်ဆောက်ပေးနိုင်ခဲ့သကဲ့သို့ တပ်မတော် (ရေ) ၏   စစ်မဟာဗျူဟာများဖြစ်သည့်   Active Defence Strategy နှင့် Two Sea Strategy အရ ဆက်လက်တည်ဆောက်ရမည့် စစ်ရေယာဉ်များကို လည်း လျာထားစီမံ တည်ဆောက်လျက်ရှိကြောင်း၊ စစ်ရေယာဉ်များ    တိုးတက်တည်ဆောက်နိုင်ခဲ့ခြင်း ကြောင့် ဖရီးဂိတ်စစ်ရေယာဉ်များနှင့် သီးသန့်စီးပွား ရေးဇုန်အတွင်း သမားရိုးကျ စစ်ပွဲများကို ဆင်နွှဲနိုင် သည့်ရေတပ်၊ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ ထမ်းဆောင်နိုင်သော      ရေတပ်အဖြစ်     ဂုဏ်ယူ ဝင့်ထည်စွာ ရပ်တည်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း။

 


စွမ်းအားမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့


တပ်မတော်(ရေ)ကို   တိုက်ပွဲဝင်အသင့်ဖြစ်ရန် အတွက်    စစ်ရေယာဉ်အသင့်ဖြစ်မှု၊   လက်နက်နှင့် လက်နက်စနစ်အသင့်ဖြစ်မှု၊ ရေတပ်သားအသင့်ဖြစ်မှု ဆိုသည့်    အသင့်ဖြစ်မှု   ၃ ရပ်နှင့်    ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ စစ်ရေယာဉ် များကို တည်ဆောက်တပ်တော်ဝင်သည့် နေရာတွင် လည်း    ခြိမ်းခြောက်မှုများကို    တုံ့ပြန်တိုက်ခိုက် နိုင်စွမ်းရှိရန်   ဖရီးဂိတ်စစ်ရေယာဉ်ကအစ   မြစ်တွင်း အမြန်သွားတိုက်ခိုက်ရေး  စစ်ရေယာဉ်များအဆုံး၊ အထောက်အကူပြုရေယာဉ်များပါမကျန်     အမျိုး အစား    စုံလင်စွာ    စီမံဆောင်ရွက်ပေးခဲ့ကြောင်း၊ ရေယာဉ်ကိုယ်ထည် ဒီဇိုင်းများကိုလည်းကိုယ်ပျောက် နည်းပညာ (Stealth Technology) ဒီဇိုင်းအထိ အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး     ကိုယ်တိုင်တိုးတက် တည်ဆောက်လာနိုင်ခဲ့ပြီဖြစ်ကြောင်း၊ မောင်းနှင်မှု စနစ်များတွင်လည်း Waterjet Propulsion စနစ် အသုံးပြုနိုင်ပြီး  ရေမိုင် ၄၀ အထက်   မောင်းနှင်နိုင် သည့် ရေယာဉ်များအထိ စွမ်းအားမြှင့်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ မြစ်တွင်း စစ်ရေယာဉ်များတွင် လည်း Armor Plate များ တပ်ဆင်ထားပြီး ထိရောက် စွာ  စစ်ဆင်နိုင်စွမ်းရှိသည့်  စစ်ရေယာဉ်များအဖြစ် တည်ဆောက်ပေးခဲ့ကြောင်း။

 


ယင်းနေရာ၌ တပ်မတော်(ရေ)၏ တိုက်စွမ်းအား များကို    ဖြည့်ဆည်းပေးနေသည့်    အင်ဂျင်နီယာ တပ်ဖွဲ့ဝင်     အရာရှိ၊    စစ်သည်များ၏    အရေးပါမှု နှင့်  ကြိုးပမ်းအားထုတ်မှုကိုလည်း  အသိအမှတ်ပြု ပြောကြားလိုကြောင်း၊ တပ်မတော်(ရေ)၏ ရေယာဉ် တည်ဆောက်ရေး ဗိသုကာပညာရှင်တစ်ဦးဖြစ်သည့် ဆရာရှမ်းကို ဂုဏ်ပြုသည့်အနေဖြင့် Floating Dock များကို      ဆရာရှမ်းအမည်ဖြင့်     တည်ဆောက် တပ်တော်ဝင်ပေးခဲ့ကြောင်း၊ မိမိတို့ရည်မှန်းခဲ့သည့် “ဝယ်ယူအသုံးပြုသူမှ ကိုယ်တိုင် တည်ဆောက်သူ (Buyer to Builder)” အဖြစ်   ပြောင်းလဲနိုင်ခဲ့သည့် အတွက်  ပထမအဆင့်အနေဖြင့်  နိုင်ငံတော်အတွက် လိုအပ်သည့်   အရပ်ဘက်/စစ်ဘက်   ရေယာဉ်များ တည်ဆောက်ရေး မျှော်မှန်းချက်ကို ဆောင်ရွက်နိုင် ခဲ့ပြီဖြစ်ကြောင်း၊ ထို့အပြင် ရေအောက်စစ်ဆင်ရေး ကဏ္ဍအတွက် အလွန်အရေးကြီးသည့် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော  နှစ်စင်းကို  ရရှိအောင်    စွမ်းဆောင် ပေးခဲ့ပြီး  ဒေသတွင်း၌  ရေငုပ်သင်္ဘော လက်ဝယ် ပိုင်ဆိုင်သည့် ရေတပ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ် ကြောင်း၊    ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း  ရေရှည် ဆက်လက်ချီတက်နိုင်ရေး    အစီအမံများ    ချမှတ် ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း  အသိပေး ပြောကြားလိုကြောင်း။

 


ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာ


တပ်မတော်(ရေ)၏  ကဏ္ဍကြီး ၄ ရပ်ကို  ထမ်း ဆောင်ရာတွင်    စစ်ရေးကဏ္ဍအနေဖြင့်  တိုက်စွမ်း ရည်နှင့်    တိုက်စွမ်းအား  ဟန်ချက်ညီ    တိုးတက်မှ သာ  တိုက်ပွဲဝင်အသင့်ဖြစ်သည့်  တပ်ဖွဲ့တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ တိုက်စွမ်းအားရရှိရေးအတွက် စစ်ဆင်မှု   နယ်ပယ် ၄ ရပ်တွင်   စစ်ဆင်နိုင်မည့် ခေတ်မီ Platform များ၊ စွမ်းရည်မြင့်လက်နက်နှင့် လက်နက်စနစ်များ၊   ဆက်သွယ်ရေးနှင့်   အီလက် ထရွန်နစ်ကိရိယာများကို ဖြည့်ဆည်းပေးခဲ့ကြောင်း၊ ယနေ့အချိန်တွင် ရေပြင်သွားစစ်ရေယာဉ်ကြီးများ သာမက ရေငုပ်သင်္ဘောများကိုပါ ရရှိပိုင်ဆိုင်လာခဲ့ပြီး သုံးဘက်မြင်စစ်ဆင်နိုင်စွမ်းရှိသည့် ရေတပ်အဖြစ် ခြေလှမ်းသစ်တစ်ရပ်ကို     တက်လှမ်းနိုင်ခဲ့ပြီဖြစ် ကြောင်း၊   တပ်မတော် (ရေ)၏     တိုက်စွမ်းရည် တိုးတက်စေရေးအတွက်  တစ်ဦးချင်းလေ့ကျင့်ရေး၊ အဖွဲ့လိုက်     လေ့ကျင့်ရေးမှသည်    စစ်ရေယာဉ် တပ်ပေါင်းစု   ပင်လယ်ပြင်လေ့ကျင့်ခန်းများအထိ နှစ်စဉ် လေ့ကျင့်ဆောင်ရွက်စေခဲ့ကြောင်း၊ ထို့ကြောင့် စစ်ရေယာဉ်တပ်ပေါင်းစု   ပင်လယ်ပြင်   ပူးပေါင်း စစ်ဆင်မှုလေ့ကျင့်ခန်း (Sea Shield)များကို ၂၀၁၄ ခုနှစ်က စတင်လေ့ကျင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်အထိ နှစ်စဉ် နှစ်တိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် မပျက်မကွက်  တက်ရောက်ခဲ့ကြောင်း၊  ကာကွယ် ရေး၏  သဘောသဘာဝသည်  ကြိုတင်မျှော်တွေး ပြင်ဆင်လေ့ကျင့်နေရခြင်းဖြစ်သဖြင့်      အမြဲတမ်း လေ့ကျင့်နေမှသာ ပင်လယ်ပြင်မှ ကျူးကျော်လာသည့် မည်သည့်ရန်သူကိုမဆို    အချိန်အခါမရွေး   တုံ့ပြန် ချေမှုန်းနိုင်မည်ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင် ကာကွယ် ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ပင် ဖြစ်ကြောင်း။

 


လူသားချင်း      စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကဏ္ဍအနေဖြင့် ပင်လယ်ပြင်တွင် ဘေးဒုက္ခရောက်နေသည့်သူများကို     ကူညီခြင်း၊ နိုင်ငံရပ်ခြားတွင်    ဒုက္ခမျိုးစုံခံနေရသည့်   မိမိတို့ သွေးချင်းတိုင်းရင်းသားပြည်သူများကို  ပြန်လည် ခေါ်ဆောင်ခြင်း၊    ပင်လယ်ပြင်ရှာဖွေကယ်ဆယ် ရေး   တာဝန်များထမ်းဆောင်ခြင်း၊    ကမ်းရိုးတန်း နှင့်     ကျွန်းနေပြည်သူလူထုတို့၏   ကျန်းမာရေး စောင့်ရှောက်မှုများ   ဆောင်ရွက်ပေးခြင်း    စသည့် လုပ်ငန်းများ    များစွာပါဝင်ကြောင်း၊   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်     မလေးရှားနှင့်    အိန္ဒိယနိုင်ငံ အက်ဒမန်ကျွန်းတွင် ကာလရှည်စွာ ဒုက္ခရောက်နေ သည့် မြန်မာနိုင်ငံသားများကို ၂၀၂၁ ခုနှစ်အတွင်း ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူလူထု ကျန်းမာရေးအတွက် ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)၊ မြစ်တွင်းသွားဆေးရုံ ရေယာဉ်(ရွှေပုစွန်)တို့ဖြင့်     နှစ်စဉ်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ရာ  ပြည်သူလူထု သုံးသိန်းခန့်ကို ကျန်းမာရေးစောင့်ရှောက်ကုသမှုများ   ဆောင်ရွက် ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း။ 

 


ဂုဏ်ယူဖွယ်မှတ်တမ်းအဖြစ် ကျန်ရှိ


ထို့အပြင်  နိုင်ငံတော်အေးချမ်းသာယာမှု  ရှိစေ ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်စည်ကားမှုကို အထောက် အကူပြုစေရေး၊ အများပြည်သူ ကြည်ညိုဖူးမြော် နိုင်ရေးနှင့်   ကုသိုလ်သဒ္ဓါတရား     ပွားများနိုင်စေရေး အတွက် ရည်ရွယ်ပြီး ကမ္ဘာ့အကြီးဆုံး စကျင်ဆင်း တုတော်ကြီးဖြစ်သည့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကို တည်ထားကိုးကွယ်ရန် ဆောင်ရွက်ခဲ့ ကြောင်း၊ စကျင်ကျောက်  တန်ချိန် ၉၀၀၀ ကျော် ကို   ရေယာဉ်များနှင့်   သယ်ယူပို့ဆောင်ခဲ့ရာတွင် တပ်မတော်(ရေ)က စစ်ရေယာဉ်များနှင့် အရာရှိ၊ စစ်သည်များ ပါဝင်ဆောင်ရွက်ခွင့်ရခဲ့ကြခြင်းသည်လည်း  သာသနာ့သမိုင်းတွင်   ဂုဏ်ယူဖွယ်မှတ်တမ်း အဖြစ်ကျန်ရှိနေမည်ပင်ဖြစ်ကြောင်း။

 


တပ်မတော်(ရေ)၏ သံတမန်ရေးရာကဏ္ဍအနေ ဖြင့် အိမ်နီးချင်းရေတပ်များ၊ နိုင်ငံတကာရေတပ် များနှင့်   စဉ်ဆက်မပြတ်   ပူးပေါင်းဆောင်ရွက်ပြီးတပ်မတော်၏ အဆင့်အတန်းကို ပြသနိုင်ခဲ့ကြောင်း၊ ဒေသတွင်း၊ နိုင်ငံတကာရေတပ်များနှင့် နယ်နိမိတ် တစ်လျှောက်    ညှိနှိုင်းကင်းလှည့်ခြင်း   အပါအဝင် ရေတပ်ဆိုင်ရာ   တွေ့ဆုံပွဲများ၊   ရေကြောင်းလုံခြုံမှု ဆိုင်ရာ လေ့ကျင့်ခန်းများကိုလည်း အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး  သံတမန်ရေးရာကဏ္ဍကို ထိရောက်စွာ    ဆောင်ရွက်နိုင်ခဲ့ကြောင်းကို   အသိ အမှတ်ပြု ပြောကြားလိုကြောင်း။
နိုင်ငံတော်ကာကွယ်ရေးအတွက် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်များ၏ ခေတ်အဆက်ဆက် ဦးဆွေးဆံမြည့်၊    သက်စွန့်ကြိုးပမ်း၊    သစ္စာရှိရှိ တာဝန်ထမ်းဆောင်ခဲ့မှုများကြောင့်   နိုင်ငံတော်မှ ဘွဲ့ထူးဂုဏ်ထူး၊    စွမ်းရည်သတ္တိနှင့်    စွမ်းဆောင်မှု ဆိုင်ရာ   ဘွဲ့/တံဆိပ်/လက်မှတ်များကို   သီဟသူရ တစ်ဦး၊    သူရဘွဲ့  ၁၆ ဦး၊   သူရဲကောင်းမှတ်တမ်းဝင် ၆၅ ဦး  အပါအဝင်  အရာရှိ၊ စစ်သည် ၄၁၆ ဦးအား ပေးအပ်ချီးမြှင့်နိုင်ခဲ့ကြောင်း၊ တပ်မတော်(ရေ)အနေ ဖြင့်    (၇၅)နှစ်တာကာလ    ဖြတ်သန်းလာရသည့် သက်တမ်းတစ်လျှောက်ရရှိခဲ့သည့် အတွေးအမြင်၊ အတွေ့အကြုံများ၊ စိုက်ထူခဲ့သည့် သမိုင်းမှတ်တိုင် များကြောင့် “ရေမြင့်၍ ကြာတင့်သည့်ပမာ” ဒေသ တွင်း ရေတပ်များနှင့် ရင်ပေါင်တန်းနိုင်သည့်အဆင့် အထိ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း။

 


နိုင်ငံတော်အတွက်     တန်ဖိုးမဖြတ်နိုင်သည့် မြန်မာ့ပင်လယ်ကို ထိရောက်စွာ ကာကွယ်နိုင်ရေးနှင့် ဒေသတွင်း   ရေတပ်များနှင့် ရင်ပေါင်တန်းနိုင်ရေး (၇၅) နှစ်တာခရီးကို     အောင်မြင်စွာ   ဖြတ်ကျော် လျှောက်လှမ်းခဲ့ကြကြောင်း၊ ယနေ့အချိန်၌သုံးဘက်မြင် စစ်ဆင်နိုင်စွမ်းရှိသည့်  တိုက်ပွဲဝင်အသင့်  ရေတပ် (ThreeDimensional Combat Ready Navy)အဆင့် ကို တက်လှမ်းနိုင်ခဲ့ပြီး  နိုင်ငံတော်နှင့် တပ်မတော် အတွက် အားထားရသည့်ပြည်သူက အားကိုးရသည့် တပ်ဖွဲ့ကြီးတစ်ခုအဖြစ် ခံ့ညားထည်ဝါစွာ ရပ်တည် နိုင်ခဲ့ပြီဖြစ်ကြောင်း။
အဓိကမှာကြားလိုသည်မှာ လက်ဆင့်ကမ်း ပခုံး ပြောင်း တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် အရာရှိ၊ စစ်သည်များအနေဖြင့်လည်း မြန်မာ့ပင်လယ် ပြင်နှင့်  ပင်လယ်ပြင် အကျိုးစီးပွားများကာကွယ် ရေးအတွက်     “လှေခွက်ချည်းကျန်  အလံမလှဲ” စိတ်ဓာတ်နှင့်    ကျောချင်းကပ်    ရင်ချင်းအပ်ပြီး “မြန်မာ့ပင်လယ် ဒို့ကာကွယ်” ဟူသည့် ဆောင်ပုဒ် နှင့်အညီ ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သွားကြရန်     မှာကြားလိုကြောင်း ပြောကြားသည်။ 

 


ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ်လည်နေ့  အထိမ်းအမှတ်   မှတ်တမ်း ဗီဒီယိုကို ပြသသည်။ ယင်းနောက် တပ်မတော်(ရေ)မှ အရာရှိများ၏ စိန်ရတုလှမ်းချီ သားကောင်းဇာနည် အဏ္ဏဝါစစ်သည် သီချင်းနှင့် အဏ္ဏဝါစစ်ချီ သီချင်း တို့ဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေကြသည်။

 


ရင်းရင်းနှီးနှီးနှုတ်ဆက်


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်   အဖွဲ့ဝင်များသည်   တက်ရောက်လာကြသည့် တပ်မတော် (ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များ သည်    ယနေ့နံနက်ပိုင်းတွင်လည်း    မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်ရုံး အဆောက်အဦဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် သည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်ရုံး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 


အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း


ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည်  မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ကွပ်ကဲမှု ဌာနချုပ်   အဆောက်အဦ    ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ     တပ်မတော်ကာကွယ်ရေး     ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံကမ်းခြေစောင့် တပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ်ရုံး      အဆောက်အဦအတွင်းနှင့် အဆောက်အဦအပေါ်တို့မှ နယ်မြေဒေသအခြေအနေ များကို  လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများ က ရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။


 သတင်းစဉ်