ဂျပန်အစိုးရ၏ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးရည်မှန်းချက်နှင့် ကြိုးပမ်းဆောင်ရွက်မှုများ

Type
၅

 

တက္ကသိုလ်မောင်ရူပ

 

ဂျပန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး (environmental conservation) နဲ့ ရာသီဥတုပြောင်းလဲမှု (climate change)  တိုက်ဖျက်ရေးမှာ ရှေ့တန်းက ဦးဆောင်ပါဝင်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ပျောက်ကွယ် ပျက်စီးလာမှုဟာ ကမ္ဘာမြေကြီးနဲ့ လူသားတွေအတွက် ခြိမ်းခြောက်မှုပြုလာတယ်လို့ ခံယူထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ 

 


သဘာဝပတ်ဝန်းကျင်    ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ရာသီဥတုပြောင်းလဲမှု ကိစ္စတွေဟာ        ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ စီးပွားရေးလုပ်ငန်းတွေ           လုပ်ကိုင် ဆောင်ရွက်ခြင်းအပြင်       လူသားတွေရဲ့ အပြုအမူတွေကြောင့်  ဖြစ်ပေါ်လာတာနဲ့ အညီ    ဒီကိစ္စရပ်တွေကို    ကိုင်တွယ် ဆောင်ရွက်ရာမှာလည်း တစ်နိုင်ငံတည်း က ဆောင်ရွက်လို့မရနိုင်ဘဲ   ကမ္ဘာ့နိုင်ငံ တွေအကြား    ပူးပေါင်းဆောင်ရွက်သွား ကြဖို့  လိုအပ်တဲ့အတွက်   ဂျပန်နိုင်ငံဟာ ကျန်ကမ္ဘာ့နိုင်ငံတွေနဲ့လည်း    လက်တွဲ ဆောင်ရွက်လျက်ရှိပါတယ်။

 


သဘာဝပတ်ဝန်းကျင်       ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ရာသီဥတုပြောင်းလဲမှု  တိုက်ဖျက်ရေးကိစ္စရပ်တွေနဲ့   ပတ်သက် ပြီး အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းတွေ၊ ပူးပေါင်းဆောင်ရွက်မှု          မူဘောင်တွေ ရှိထားပြီးဖြစ်ပေမယ့်လည်း       နိုင်ငံတွေ အကြား သဘောထားအမြင်ချင်း  မတူညီမှု တွေ  ရှိနေပါတယ်။   ဒီလိုအမြင်ကွဲပြားမှု တွေကြားကနေ   စုစည်းညီညွတ်မှုတွေ ရရှိလာနိုင်အောင် နိုင်ငံတကာ ဆွေးနွေးပွဲ တွေမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေ ကြပါတယ်။ 

 


၂၀၂၂     ခုနှစ်      နိုဝင်ဘာလအတွင်း အီဂျစ်နိုင်ငံ ရှမ်အယ်ရှိတ်မြို့ (Sharm El Sheik) မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစည်း အဝေး   (COP 27)   မှာ    ဂျပန်နိုင်ငံဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှု    တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး    ဂျပန်အစိုးရက    အဆင့် ၇-ဆင့် ချမှတ်ပြီး ဆောင်ရွက်နေမှု အခြေ အနေနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူပြုတဲ့   နည်းပညာသစ် တွေကို ဖော်ထုတ်ချပြသွားခဲ့ပါတယ်။ 
အခု ဒီဆောင်းပါးမှာ  ဂျပန်အစိုးရရဲ့ သဘာဝပတ်ဝန်းကျင်   ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှု    တိုက်ဖျက်ရေး အတွက်    နိုင်ငံအတွင်းမှာ     ချမှတ် ဆောင်ရွက်နေတဲ့   အဆင့်    ၇-ဆင့်နဲ့ ပတ်သက်ပြီး ဖော်ပြသွားမှာ ဖြစ်ပါတယ်။

 


အဆင့်-၁   (ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာအသုံးပြုမှုကို           သမိုင်း စာမျက်နှာမှာပဲ ထားခဲ့ရန်)


ဂျပန်နိုင်ငံဟာ   ၂၀၅၀   ပြည့်နှစ် အရောက်မှာ     နိုင်ငံတွင်း    ကာဗွန် ထုတ်လွှတ်မှုနဲ့  ပြန်လည်စုပ်ယူမှုမျှခြေ (carbon neutrality) ရရှိလာစေရမယ်လို့ ဂျပန်အစိုးရက      ၂၀၂၀       ပြည့်နှစ်  အောက်တိုဘာလမှာ ကြေညာခဲ့ပါတယ်။ ဒါ့အပြင်  ၂၀၃၀   ပြည့်နှစ်အရောက်မှာ နိုင်ငံတွင်း ဖန်လုံအိမ်ဓာတ်ငွေ့ (green-house gas)    ထုတ်လွှတ်မှုကိုလည်း ၂၀၁၃   ခုနှစ်တုန်းက   ထုတ်လွှတ်ခဲ့တဲ့ ပမာဏထက် ၄၆ ရာခိုင်နှုန်း လျှော့ချသွား မယ်လို့  ၂၀၂၁ ခုနှစ်  ဧပြီလအတွင်းက ကြေညာခဲ့ပါတယ်။ ကာဗွန်ထုတ်လွှတ်မှု ကိုလည်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချ သွားမယ့် မျှော်မှန်းချက် ရရှိရေးအတွက် လည်း    ဆက်လက်ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိနေပါတယ်။ 

 


အဆိုပါရည်မှန်းချက်တွေ အောင်မြင် မှုရရှိစေရေးအတွက်    ဂျပန်အစိုးရဟာ နိုင်ငံရဲ့    စွမ်းအင်မူဝါဒနဲ့  ပတ်သက်ပြီး ဦးတည်ချက်လမ်းကြောင်းကို ချမှတ်ပေး တဲ့   မဟာဗျူဟာမြောက် စွမ်းအင်စီမံ ကိန်း   (Strategic energy plan) မှာ ပြင်ဆင်ပြောင်းလဲမှုတွေကို  ၂၀၂၁  ခုနှစ် အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့ပါ တယ်။   ဒီပြင်ဆင်ပြောင်းလဲမှုတွေအရ ပြန်လည်ပြည့်ဖြိုးမြဲ    စွမ်းအင်အရင်း အမြစ်တွေကို      ဦးစားပေးအဆင့် သတ်မှတ်ပေးခဲ့ပြီး   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဟာ    နိုင်ငံရဲ့    အဓိကစွမ်းအင် အရင်းအမြစ် ဖြစ်စေရမယ်လို့ ဖော်ပြခဲ့ ပါတယ်။  အလားတူပဲ ၂၀၂၂ ခုနှစ် ဇူလိုင် လအတွင်းမှာ           အစိမ်းရောင်ပြုပြင် ပြောင်းလဲမှု (Green Transformation-GX) အကောင်အထည်ဖော်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါကိုယ်တိုင်       ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ လက်ရှိ နိုင်ငံရဲ့   စီးပွားရေး၊   လူမှုရေးနဲ့   စက်မှု လုပ်ငန်းများမှာ ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာကို    အဓိကအသုံးပြုနေတဲ့ အခြေအနေကနေ  သန့်ရှင်းတဲ့  စွမ်းအင် တွေကို      ပြောင်းလဲအသုံးပြုသွားနိုင်ဖို့ လိုအပ်မယ့်နည်းလမ်းတွေကို ရှာဖွေဖော် ထုတ်သွားကြဖို့  လုပ်ငန်းစဉ်တွေ ချမှတ် ပေးခဲ့ပါတယ်။ 

 


အဆင့်-၂     (ကျန်းမာသန်စွမ်းသည့် အစိမ်းရောင်စီးပွားရေးကို      ဖော်ဆောင် သွားရန်)


ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ   ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ဝန်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်ပြီးနောက်ပိုင်း နိုင်ငံရဲ့   စီးပွားရေးကို  ဈေးကွက်စီးပွားရေး ပုံစံသစ် (new type of capitalism) ကို ပြောင်းလဲ          ကျင့်သုံးသွားမယ်လို့ ထုတ်ဖော်             ပြောကြားခဲ့ပါတယ်။ အစိမ်းရောင်  ပြုပြင်ပြောင်းလဲမှုဟာ ဒီဈေးကွက်စီးပွားရေးပုံစံသစ်မှာ အခြေခံ အကျဆုံး ထောက်တိုင်တစ်တိုင်ဖြစ်တယ် လို့  ပြောကြားခဲ့ပါတယ်။  ဂျပန်နိုင်ငံမှာ ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးအတွက် ကာလ လယ်နဲ့ ကာလရှည်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို    အစိုးရနဲ့   ပုဂ္ဂလိက ကဏ္ဍက ပါဝင်ရင်းနှီးမြှုပ်နှံ မှုတွေကနေ တစ်ဆင့်    နိုင်ငံရဲ့    ဖွံ့ဖြိုးတိုးတက်ရေး အတွက်   မောင်းနှင်အား   (growth engine) တစ်ရပ်အဖြစ်   ပြောင်းလဲပြီး  စဉ်ဆက်မပြတ်    ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ စီးပွားရေးပုံစံအဖြစ် ဖော်ဆောင်သွားမယ်  လို့ ကြေညာခဲ့ပါတယ်။

 


ယနေ့ကမ္ဘာတစ်ဝန်း              ရင်ဆိုင် ကြုံတွေ့နေရတဲ့         ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်တွေဟာ    သမားရိုးကျ   ဈေးကွက် စီးပွားရေးစနစ်ရဲ့  အနုတ်သဘောဆောင် တဲ့    ရလဒ်တွေဆိုတာ     ထင်ရှားတဲ့ သာဓကတွေဖြစ်ကြောင်း၊        ဒီစနစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက် ချက်တွေနဲ့       သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွေဟာ  ဒွန်တွဲဖြစ်ပေါ် နေ ကြောင်း၊  ဈေးကွက်စီးပွားရေးပုံစံသစ် မှာတော့         ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကတစ်ဆင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မောင်းနှင် အားတွေအဖြစ်        ဖော်ဆောင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ 

 


အဆင့်-၃    (နိုင်ငံတကာနှင့်   လက်တွဲ ဆောင်ရွက်သွားရန်)


ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းဟာ   နိုင်ငံတစ်နိုင်ငံတည်းကသာ ကိုင်တွယ် ဆောင်ရွက်လို့ရတဲ့ကိစ္စမဟုတ် ဘဲ    နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မလွဲမသွေ    လိုအပ်ပါတယ်။    ကာဗွန် ထုတ်လွှတ်မှု  လျှော့ချရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်တင် ဆောင်ရွက်သွားရေးဟာ ကုလ သမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး   (COP 27)   မှာ အဓိက ဦးတည် ဆွေးနွေးခဲ့ကြတဲ့ ခေါင်းစဉ်တစ်ခု ဖြစ်ပါတယ်။   ဂျပန်နိုင်ငံအနေနဲ့   ကာဗွန် ထုတ်လွှတ်မှု     လျှော့ချရေးလုပ်ငန်းစဉ် ကို အခြားအာရှနိုင်ငံတွေနဲ့သာမက နိုင်ငံ တကာနဲ့ပါ  ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေကို COP 27 အစည်းအဝေးမှာ အလေးထားတင်ပြသွားခဲ့ပါတယ်။ 

 


ကာဗွန်ထုတ်လွှတ်မှု  လျှော့ချနိုင်ရေး အတွက် စက်မှုကဏ္ဍမှာ အသွင်ပြောင်းလဲ ဆောင်ရွက်နေမှုတွေ၊           ဒီကဏ္ဍနဲ့ ပတ်သက်ပြီး        ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ          ပိုမိုပြုလုပ်ဖို့ မိတ်ဖက် ဆောင်ရွက်နေမှုတွေ၊ သန့်ရှင်း တဲ့  စွမ်းအင်ကဏ္ဍမှာ   တီထွင်ဖန်တီးမှု အသစ်တွေ   ဖော်ထုတ်နိုင်ဖို့   ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့      ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ဆောင်ရွက်မှုတွေကိုလည်း ဂျပန်နိုင်ငံဟာ     အလေးပေးဆောင်ရွက် လျက်ရှိနေပါတယ်။  

 


၂၀၂၂ ခုနှစ်  ဇန်နဝါရီလအတွင်းက ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မှာ ကျင်းပပြုလုပ် ခဲ့တဲ့   ကမ္ဘာလုံးဆိုင်ရာ   စီးပွားရေးဖိုရမ် (World Economic Forum)  မှာ ဂျပန် ဝန်ကြီးချုပ် ဖူမီယို  ကီရှီဒါဟာ  အာရှနိုင်ငံ တွေအကြား      ကာဗွန်ထုတ်လွှတ်မှု ကင်းစင်တဲ့ အသိုက်အဝန်းတစ်ရပ် (Asia Zero   Emissions   Community) တည်ထောင်သွားဖို့   အယူအဆသစ် တစ်ရပ်ကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဒီအယူအဆရဲ့ အခြေခံသဘောတရားက အာရှဒေသတွင်းမှာရှိတဲ့         နိုင်ငံတွေ အလိုက် အားသာချက်နဲ့ စွမ်းဆောင် ရည်အပေါ်မူတည်ပြီး            သက်ဆိုင်တဲ့ နိုင်ငံတွေအကြား  ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ရရှိရေးကို တစ်ပြိုင်တည်းဆောင်ရွက်ပြီး အာရှဒေသတစ်ခုလုံးက    ကာဗွန်ထုတ် လွှတ်မှု    လျှော့ချရေးဆောင်ရွက်မယ့် မူဘောင်တစ်ရပ်ဖြစ်ပြီး   နိုင်ငံအများ အပြားရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

 


ဒီအယူအဆမှာ ရာသီဥတုပြောင်းလဲ မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဖြစ်ပေါ် လာမယ့် စက်မှုကဏ္ဍ အပြောင်းအလဲတွေ ကို ငွေကြေးထောက်ပံ့နိုင်မယ့် အရင်း အမြစ်တစ်ခုကို  တည်ထောင်သွားရေး အပါအဝင် နိုင်ငံတကာ ပူးတွဲရင်းနှီးမြှုပ်နှံ မှုနဲ့ ငွေကြေးထောက်ပံ့ရေး လုပ်ငန်းစဉ် တစ်ရပ်ကို   တည်ထောင်သွားဖို့လည်း ရည်မှန်းထားရှိပါတယ်။ 

 


အဆင့်-၄ (ကာဗွန်လျှော့ချရေးအတွက် ဖွံ့ဖြိုးဆဲနိုင်ငံများအား   အကူအညီပေး သွားရန်)


ဂျပန်နိုင်ငံဟာ ဈေးကွက်လုပ်ငန်းစဉ် သဘောတရားအပေါ်    အသုံးချခြင်း ဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးလုပ်ငန်းတွေ ကို အခြားနိုင်ငံတွေနဲ့ ပူးတွဲဆောင်ရွက် သွားဖို့ တက်ကြွစွာ  ပါဝင်ဆောင်ရွက် လျက်ရှိပါတယ်။     ဒီလုပ်ငန်းစဉ်တွေကို လည်း   ဂျပန်နိုင်ငံဟာ   COP   27 အစည်းအဝေးမှာ တင်ပြသွားခဲ့ပါတယ်။            ဒီမိတ်ဖက်ဆောင်ရွက်မှုဟာ  ဖန်လုံအိမ် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေးနဲ့ ပတ်သက်ပြီး         နိုင်ငံတွေအကြား     ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်   ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ    ဖန်လုံ အိမ်   ဓာတ်ငွေ့ထုတ်လွှတ်မှု     ဖယ်ရှား နိုင်ခြင်းရလဒ်ကို အခြား နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံအလိုက်         ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု  လျှော့ချရေး ရည်မှန်းချက် ပြည့်မီဖို့   အသုံးပြုခြင်း   ဖြစ်ပါတယ်။ ဒီလိုအသုံးပြုရာမှာ ဖန်လုံအိမ်ဓာတ်ငွေ့ ကို အမှန်လျှော့ချခဲ့တဲ့ နိုင်ငံရဲ့ တာဝန်ရှိမှု အပေါ် ပါဝင်ဖြည့်ဆည်းမှုကို  ထည့်သွင်း တွက်ချက်သွားမှာ ဖြစ်ပါတယ်။  

 


ဥပမာအနေနဲ့   မြင်သာအောင်ပြရရင် ဂျပန်နိုင်ငံက ကုမ္ပဏီတစ်ခုဟာ ဖွံ့ဖြိုးဆဲ  နိုင်ငံ တစ်နိုင်ငံမှာ နေရောင်ခြည်စွမ်းအင် သုံး        ဓာတ်အားပေး      စက်ရုံတစ်ရုံကို တည်ဆောက်ပေးခြင်းကြောင့် အဲဒီဖွံ့ဖြိုး ဆဲနိုင်ငံရဲ့  ကာဗွန်ထုတ်လွှတ်မှုလျှော့ချ ရေးကို   ဆောင်ရွက်ပေးနိုင်တယ်ဆိုရင် ဒီထုတ်လွှတ်မှု လျှော့ချနိုင်တဲ့ ပမာဏရဲ့  အစိတ်အပိုင်းတစ်ရပ်ကို  ဂျပန်ကုမ္ပဏီ ရဲ့ ပါဝင်ဖြည့်ဆည်းပေးမှု  အတိုင်းအတာ အပေါ်မူတည်ပြီး   ဂျပန်နိုင်ငံရဲ့   ကာဗွန် ထုတ်လွှတ်မှု လျှော့ချရေးရလဒ်အဖြစ် တွက်ချက်ဖော်ပြသွားဖို့ဖြစ်ပါတယ်။ 

 


ဒီလို    ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် ဂျပန်နိုင်ငံက စီးပွားရေးကုမ္ပဏီကြီးတွေ ကို ဆွဲဆောင်နိုင်စေမှာဖြစ်သလို   ဖွံ့ဖြိုးဆဲ နိုင်ငံတွေအနေနဲ့လည်း                 ကာဗွန် ထုတ်လွှတ်မှုနည်း    ပညာကို  အလွယ် တကူရရှိနိုင်မှာ ဖြစ်ပါတယ်။ ပုံမှန်အား ဖြင့်ဆိုရင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချ ရေး   အဆင့်မြင့်နည်းပညာ   ရင်းနှီး မြှုပ်နှံမှုတွေဟာ    ကာလတိုအတွင်းမှာ အမြတ်အစွန်း          ပြန်လည်ရရှိနိုင်တဲ့ အလားအလာ        နည်းပါးတဲ့အတွက် အထက်မှာဖော်ပြခဲ့သလိုမျိုး   ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့    မိတ်ဖက်ဆောင်ရွက်ခြင်း ကို အကောင်းဆုံး     အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။  ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့လည်း  ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး အဆင့်မြင့်နည်းပညာတွေကို  ငွေကြေး အရ ဝန်ထုပ်ဝန်ပိုးမဖြစ်ဘဲ    ရရှိနိုင်စေ မှာဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အမှန် တကယ်       အကျိုးဖြစ်ထွန်းစေမယ့် မိတ်ဖက် ဆောင်ရွက်မှုဖြစ်ပါတယ်။ 

 


အဆင့်-၅  (အခြေခံ   လုပ်ငန်းများအား ပြုပြင်ပြောင်းလဲမှုတွင်    ပါဝင်နိုင်ရေး တိုက်တွန်းသွားရန်)


ကုလသမဂ္ဂ   ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ အစည်းအဝေးတွေမှာ  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံ အဆင့်    ကြိုးပမ်းအားထုတ်မှုတွေကို အဓိကဦးတည်ဆွေးနွေးကြတာ ဖြစ်ပါ တယ်။ သို့သော် လက်တွေ့မှာ နိုင်ငံတော် အဆင့်နဲ့  လက်တွေ့မြေပြင်မှာ   လုပ်ကိုင် ဆောင်ရွက်နေကြသူတွေ       အကြား ဟန်ချက်ညီညီလက်တွဲ       ကြိုးပမ်း ဆောင်ရွက်ကြမှသာလျှင်    နိုင်ငံတော် အဆင့် ရည်မှန်းချက်တွေ  အောင်မြင်မှု ရရှိမှာ  ဖြစ်သလို ကာဗွန်ထုတ်လွှတ်မှုကို လည်း   အဆုံးစွန်လျှော့ချနိုင်မှာ   ဖြစ်ပါ တယ်။ ဂျပန်နိုင်ငံအနေနဲ့ ပြည်နယ်တွေ ရဲ့   ထူးခြားမှု     အနေအထားအလိုက် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး သီးခြား အစီအစဉ်တွေကို    အားပေးထောက်ပံ့မှု ပြုလုပ်သွားမှာ    ဖြစ်ပါတယ်။    ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေးနဲ့ပတ်သက်ပြီး သိသာသာသာ စွမ်းဆောင်မှုအားကောင်း တဲ့   ဒေသတွေရဲ့   အောင်မြင်မှုတွေကို လည်း စံနမူနာပြအဖြစ် မြို့ကြီးတွေမှာ ရော၊ ကျေးလက်ဒေသတွေမှာပါ  အသား ပေးဖော်ပြသွားမှာ ဖြစ်ပါတယ်။ 

 


ဂျပန်နိုင်ငံတစ်ဝန်း    ခရစ်နှစ်  ၂၀၂၅ ခုနှစ်အရောက်မှာ  ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနဲ့ ပတ်သက်ပြီး “စံပြဒေသ” ၁၀၀ ကျော်ကို ရွေးချယ်သွားမှာ   ဖြစ်ပါ တယ်။       ဒီလိုရွေးချယ်တဲ့အခါမှာ သက်ဆိုင်ရာ ပြည်နယ်အစိုးရတွေအနေနဲ့ မိမိတို့ဒေသ              ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ     ငွေကြေးအပါအဝင် အခြားနည်းလမ်းတွေနဲ့  ထောက်ပံ့ပေးမှု အစီအစဉ်တွေ တင်ပြလာမှုအပေါ် စိစစ် ရွေးချယ်သွားမှာဖြစ်ပါတယ်။ 

 


အဆင့်-၆ (ဂျပန်နိုင်ငံ၏ အောင်မြင်မှုများ ကို မျှဝေပေးသွားရန်)


အီဂျစ်နိုင်ငံ   ရှမ်အယ်ရှိတ်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့    ကုလသမဂ္ဂ  ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ အစည်းအဝေး (COP 27) မှာ   ခင်းကျင်းပြသထားတဲ့ ဂျပန်နိုင်ငံရဲ့ပြခန်းမှာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ဂျပန်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို  ရှင်းလင်း ပြောကြားခဲ့တဲ့ ဆွေးနွေးပွဲပေါင်း ၄၀ ခန့် ပြုလုပ်သွားခဲ့ပါတယ်။ ဒါ့အပြင် ရာသီ ဥတုပြောင်းလဲမှု  လျော့ပါးရေးနဲ့ ကာဗွန် အသုံးပြုမှုတွေနဲ့   သက်ဆိုင်တဲ့   ဂျပန် နိုင်ငံက    စီးပွားရေးကုမ္ပဏီကြီးတွေရဲ့ ထုတ်ကုန်ပစ္စည်းတွေကိုလည်း  ပြသခဲ့ပါ တယ်။ ဒီလိုပြသရာမှာ ထုတ်ကုန်ပစ္စည်း တွေကို ခင်းကျင်းပြသထားခြင်းအပြင် အွန်လိုင်းကနေတစ်ဆင့်လည်း    ပါဝင် ပြသခဲ့ပါတယ်။    ဥပမာအနေနဲ့ပြရရင် အဆောက်အဦတွေရဲ့  ပြင်ပနံရံတွေနဲ့ ပြူတင်းပေါက်တွေမှာ တပ်ဆင်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံး   ဆိုလာစနစ် ကနေ အဆောက်အဦအတွက် လိုအပ်တဲ့ လျှပ်စစ်ဓာတ်အား   ထုတ်လုပ်ပေးမှုပုံစံ တွေ၊ ဟိုက်ဒရိုဂျင် စွမ်းအင်သုံးရထားတွေ၊  ကာဗွန်ဒိုင်အောက်ဆိုက်   လျှော့ချမှုမှာ အရေးပါတဲ့ ကာဗွန်ကိုပြန်လည် အသုံးပြု ခြင်း (carbon recycling) ဖြင့် ကွန်ကရစ် ထုတ်လုပ်နိုင်တဲ့ နည်းပညာများကို ပြသ ခဲ့ပါတယ်။    


(ဆက်လက်ဖော်ပြပါမည်)