
ရန်ကုန် ဒီဇင်ဘာ ၂၃
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် တို့နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံ တကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ မဟာ ဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်နေသော
ဆောင်ရွက်ချက်များ တုံ့ပြန်ဆောင်ရွက်
ဦးစွာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့က ဆွေးနွေးပြောကြား ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပြဋ္ဌာန်းထားသော နိုင်ငံရေး ဦးတည်ချက်များနှင့် လုပ်ငန်းစဉ်များ အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော အခြေအနေများ၊ နိုင်ငံရေးရည်ရွယ် ချက်ဖြင့် အချုပ်အခြာအာဏာပိုင် နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်နေသော ဆောင်ရွက် ချက်များအပေါ် တုံ့ပြန်ဆောင်ရွက်နေမှု များ၊ အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာရှိ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နေမှု၊ စိန်ခေါ်မှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့အနေ ဖြင့် မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊ မူဝါဒ နှင့် အကောင်အထည်ဖော် ဆောင်ရွက် ချက်တို့ကို ဒေသတွင်းနှင့် နိုင်ငံတကာမှ သိရှိစေရန် သံတမန်လမ်းကြောင်း (၁.၅)၊ သံတမန်လမ်းကြောင်း(၂) တို့ဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး၊ နိုင်ငံ့အကျိုး ဖြစ်ထွန်းစေမည့် မူဝါဒပိုင်းဆိုင်ရာ အကြံဉာဏ်များ၊ လေ့လာသုံးသပ်ချက် များကို စဉ်ဆက်မပြတ် တင်ပြနိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ သုတေသနစာတမ်း များ ရေးသားပြုစုနိုင်ရေး တိုက်တွန်း ပြောကြားသည်။
ပညာရှင်များရှုထောင့်မှ
အပြန်အလှန် ဆွေးနွေး
ထို့နောက် တက်ရောက်လာကြသူ များက လုပ်ငန်းဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပညာရှင်များရှုထောင့်မှ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေပွဲသို့ မြန်မာ နိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာ ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဝါရင့်အကြံပေးအဖွဲ့ဝင် များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံ ခြားရေးဝန်ကြီး ဌာနအမြဲတမ်းအတွင်းဝန် ဦးချမ်းအေး၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဖြိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်