
နေပြည်တော် ဒီဇင်ဘာ ၂၂
ကရင်သက္ကရာဇ် ၂၇၆၂ ခုနှစ် (၈၅)နှစ်မြောက် ကရင်အမျိုးသား နှစ်သစ် ကူးပွဲတော်ကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော် မြို့နယ် မြေနုကျေးရွာ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက်ချီးမြှင့်သည်။
နှစ်သစ်ကူး ပွဲတော်၌ သဘာပတိ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဒုတိယဥက္ကဋ္ဌ မန်းသိန်းအောင်က အဖွင့်အမှာ စကား ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်ထံမှ ပေးပို့သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ သဝဏ်လွှာကို ဖတ်ကြားပြီး ကရင်တိုင်းရင်းသား လက်နက် ကိုင်များအနေဖြင့် ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး နည်းလမ်းများဖြင့် တွေ့ဆုံ ဆွေးနွေးရေး၊ ကရင်တိုင်းရင်းသား များ စည်းလုံးညီညွတ်မှုဖြင့် လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက် လာအောင် ဆောင်ရွက်ရေးနှင့် ကရင်တိုင်းရင်းသားတို့၏ ရိုးရာ ဓလေ့ ထုံးတမ်းအစဉ်အလာများ၊ စာပေယဉ်ကျေးမှုများ ပိုမို တိုးတက်လာအောင် ဆောင်ရွက် စေရေးတို့နှင့်စပ်လျဉ်း၍ ပြော ကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အနောက်တောင်တိုင်း စစ်ဌာန ချုပ်တိုင်းမှူးတို့က အမှာစကား များ ပြောကြားကြသည်။
ယင်းနောက် မြို့နယ်ကရင် စာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး မန်းအောင်ကို လတ်က တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစောထွန်းအောင်မြင့် ထံမှပေးပို့သော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ သဝဏ်လွှာကို ဖတ်ကြားကာ မြို့နယ်ကရင်စာပေ နှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ မန်းဝင်းမောင်က အမှာစကား များ ပြောကြားသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်သည် ညောင်တုန်းမြို့နယ် ငှက်ပျော ကျွန်းကျေးရွာအုပ်စုရှိ “ဝါဝါဝင်း” စိုက်ပျိုးမွေးမြူရေး ကုမ္ပဏီသို့ ရောက်ရှိပြီး ကုမ္ပဏီဝင်းအတွင်း ဆောင်ရွက်လျက်ရှိသည့် Delta Queen နို့စားနွားမွေးမြူရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်မှု၊ ငါးမွေးမြူရေးနှင့် အအေးခန်းငါး ထုတ်လုပ်မှု၊ တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းနှင့် သဘာဝ ဓာတ်မြေဩဇာ ထုတ်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး ပြီး လိုအပ်သည်များ မှာကြား ကြောင်း သိရသည်။
သတင်းစဉ်