
နေပြည်တော် ဒီဇင်ဘာ ၂၂
နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏ မောင်လွင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တို့ ပါဝင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ထိုင်း နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒွန်ပရာမွန်းဝီနိုင်း၏ ဖိတ်ကြား ချက်အရ ဒီဇင်ဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သည့် အလွတ် သဘောဆွေးနွေးပွဲသို့ တက် ရောက်ကြသည်။
အဆိုပါ အလွတ်သဘော ဆွေးနွေးပွဲသို့ ကမ္ဘောဒီးယား နိုင်ငံမှ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရပ်ဆုတ်ခွန်း၊ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆလုံးဆေးကိုမာဆစ်နှင့် ဗီယက် နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ဒိုဟုန် ဗီယက်တို့ ခေါင်းဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ ၏ တူညီဆန္ဒ (၅) ချက်နှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက် နေသည့်ကိစ္စ အပါအဝင် မြန်မာ နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေမှန်များကို ရှင်းလင်း ပြောကြားပြီး မကြာမီက ထုတ်ပြန်ခဲ့သည့် တူညီဆန္ဒ (၅) ချက် အကောင်အထည်ဖော်ခြင်း နှင့် ပတ်သက်သည့် အာဆီယံ ခေါင်းဆောင်များ၏ သုံးသပ်ချက် နှင့် ဆုံးဖြတ်ချက်အပေါ် မြန်မာ နိုင်ငံ၏ ရပ်တည်ချက်တို့ကို တက်ရောက်လာသည့် ကိုယ်စား လှယ်များအား ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းပြောကြားခဲ့သည်။
အာဆီယံ၏ တူညီဆန္ဒ(၅)ချက် အကောင်အထည်ဖော် လျက်ရှိရာတွင် မြန်မာအစိုးရက တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ ရေး ကြေညာကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်နေသည့်ကိစ္စ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် စီးပွားရေး ပြန်လည်ဦးမော့လာ စေရေး ဆောင်ရွက်နေသည့်ကိစ္စ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံ ဆွေးနွေးလျက်ရှိသည့် ကိစ္စနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွတ်လပ်၍ တရား မျှတသည့် အထွေထွေရွေးကောက် ပွဲ ကျင်းပရန် ကြိုးပမ်းနေသည့်ကိစ္စ တို့ကို ပြောကြားခဲ့သည်။
ထို့ပြင် တူညီဆန္ဒ (၅) ချက် မူဘောင်အောက်မှ AHA Center နှင့် ပူးပေါင်းဆောင်ရွက်နေသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်သူ အားလုံးထံ ရောက်ရှိရေးနှင့် ခွဲခြားမှုမရှိဘဲ တန်းတူညီမျှ ပေးအပ်သည့် ကိစ္စများတွင်လည်း မြန်မာနိုင်ငံ လုပ်ငန်းအဖွဲ့မှ သက်ဆိုင်ရာ တာဝန်ရှိဌာနများနှင့် ပူးပေါင်းကာ ပံ့ပိုးပေးလျက် ရှိကြောင်းကိုလည်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ရှင်းလင်း ပြောကြားခဲ့သည်။
မြန်မာအစိုးရ၏ နိုင်ငံတည်ငြိမ် အေးချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် ကြိုးပမ်းနေမှုများကို မတရား အသင်းနှင့် အကြမ်းဖက်အဖွဲ့ အစည်းများဖြစ်သည့် CRPH ၊ NUG ၊ PDF များက ပျက်စီးစေလို သည့်ဆန္ဒဖြင့် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်နေပြီး ယင်းတို့ ၏ လုပ်ရပ်ကြောင့် အပြစ်မဲ့ပြည်သူ များ၊ ရဟန်းသံဃာများနှင့် သီလ ရှင်များ၊ ဝန်ထမ်းများ သေကျေခဲ့ ပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘဏ်၊ ဈေးများအပါအဝင် နိုင်ငံပိုင်နှင့် ပြည်သူပိုင် အဆောက်အဦများ၊ လမ်း၊ တံတား၊ ပို့ဆောင်ဆက် သွယ်ရေးယာဉ်များ၊ လျှပ်စစ် တာဝါတိုင်များ ဖောက်ခွဲမီးရှို့ ဖျက်ဆီးခြင်းခံနေရကြောင်း၊ ယင်း အကြမ်းဖက် အဖွဲ့အစည်းများ၏ လုပ်ရပ်များသည် နိုင်ငံတကာ ဥပဒေနှင့် ဂျီနီဗာကွန်ဗင်းရှင်း ကို ဖောက်ဖျက်နေသည့်အတွက် ဆက်သွယ်ဆောင်ရွက်ရန် မသင့် ကြောင်း၊ ထိုသို့ အကြမ်းဖက် လုပ်ရပ်များ ကျူးလွန်နေသူများကို အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေ ဖြင့် အားပေးထောက်ခံခြင်း မပြု သင့်ကြောင်းကို မြန်မာကိုယ်စား လှယ်အဖွဲ့က ပြောကြားခဲ့သည်။
ဆွေးနွေးပွဲနှင့် ဆက်စပ်လျက် မြန်မာ - ထိုင်း နှစ်နိုင်ငံဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု-ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက် နေသည့် ကိစ္စရပ်များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ သက်ဆိုင်ရာဌာန အသီးသီးမှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များနှင့် လည်း ကောင်း သီးခြားအစီအစဉ်ဖြင့် ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်