အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး အသိပညာပေး ရှင်းလင်းဆွေးနွေး

 

မန္တလေး  ဒီဇင်ဘာ ၂၁
အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမ၌ ဒီဇင်ဘာ ၂၀ ရက်က ကျင်းပသည်။
ဆွေးနွေးပွဲတွင်      မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုက အဂတိလိုက်စားမှုသည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့်   ဖြစ်ပွား နိုင်ပြီး  အဂတိလိုက်စားမှုကျူးလွန်ပါက     အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူခံရမည့် အပြင်    ဂုဏ်သိက္ခာ     ထိခိုက်ကျဆင်းစေနိုင်သည့် အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် သိရှိရှောင်ကြဉ် ရန်   လိုအပ်ကြောင်း၊     နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အရေးပါသည့်  ပေါင်းကူးတံတား သဖွယ်ဖြစ်သည့်အတွက်      အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ    ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည်မှုရှိရန်၊    တာဝန်ယူ/ တာဝန် ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာဖြင့် မျှတစွာ  ဆောင်ရွက် ကြရန်လိုအပ်ကြောင်း၊    သန့်ရှင်းသည့်    အစိုးရ၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်တစ်ခုကို အဂတိ ကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့်သာ  အကောင် အထည်ဖော်     တည်ဆောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာထွန်းထွန်းဦးက အဂတိ လိုက်စားမှုသည်    လာဘ်ပေးလာဘ်ယူခြင်းထက် ပိုမိုကျယ်ပြန့်ကြောင်း၊       အဂတိလိုက်စားမှုကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်နှင့်   ဥပဒေမူဘောင် ခိုင်မာရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်ခဲ့ပြီး ဥပဒေရည်ရွယ် ချက်များကို    အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက်  အကောင်အထည်ဖော်လျက်ရှိကြောင်း၊ အစိုးရဌာန/ အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ  အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် အထူးလိုအပ်ကြောင်း  ပြောကြား သည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများနှင့်  အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန် ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာများကို ဒီဇင်ဘာ ၂၁ ရက်တွင် တိုင်းဒေသကြီး အဂတိလိုက်စားမှု    တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU)မှ အဖွဲ့ဝင် များအား ဆက်လက်ပို့ချဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။                                      

သတင်းစဉ်