
မုံရွာကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ်လျက် ရှိသည့် ဆီထွက်သီးနှံများ၏ ဈေးကွက်အခြေ အနေမှာ မြေပဲလုံးဆန်ဈေးနှုန်းများမှာ ဈေးငြိမ် နေပြီး နှမ်းသီးနှံပေါက်ဈေးမှာ အနည်းငယ် မြင့်တက်နေသည်။ ယခုတစ်ပတ်တွင် နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၈၅၀၀၀-၈၂၀၀၀၊နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၃၀၀၀-၇၀၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၇၀၀၀၀၊ နှမ်းဝါ/နီ တစ်တင်းလျှင် ကျပ် ၇၀၀၀၀ ရှိပြီး ယခင်ပတ် ကာလတူ ပေါက်ဈေးနှုန်းများမှာ နှမ်းဖြူ တစ်တင်းလျှင် ကျပ် ၈၁၀၀၀-၇၈၀၀၀၊နှမ်းနက် တစ်တင်းလျှင် ကျပ် ၈၁၀၀၀-၆၈၀၀၀၊ နှမ်းညို တစ်တင်းလျှင် ကျပ် ၆၉၀၀၀ ကျပ်၊ နှမ်း ဝါ/နီ (သစ်) တစ်တင်းလျှင် ကျပ် ၆၉၀၀၀ ရှိပြီး လှောင်လက်များ အဝယ်လိုက်လာသဖြင့် ယခုတစ်ပတ်ကာလတူနှင့် နှိုင်းယှဉ်ပါက နှမ်း ဈေးများ မြင့်တက်လာကြောင်း သိရသည်။
ယခုတစ်ပတ်တွင် မုံရွာကုန်စည်ဒိုင် ဈေးနှုန်းမှာ မြေပဲလုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၅၀၀၀၊ ဆီဆံဖြူ တစ်ပိဿာ ကျပ် ၄၇၀၀ ရှိပြီး ယခင်အပတ် ကာလတူ ပေါက်ဈေးနှုန်းများမှာ လုံးဆန်ဖြူ တစ်ပိဿာ ကျပ် ၅၀၀၀၊ ဆီဆံဖြူ တစ်ပိဿာ ကျပ် ၄၇၀၀ ရှိ၍ ယခင်တစ်ပတ်နှင့် ကာလတူ ပေါက်ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆန်ဖြူ၊ ဆီဆံဖြူ ဈေးငြိမ်နေ သည်။ ဆီဈေးမှာ ပဲဆီတစ်ပိဿာ ကျပ် ၉၀၀၀ မှ ကျပ် ၉၅၀၀ အထိ၊ နှမ်းဆီ တစ်ပိဿာ ကျပ် ၉၀၀၀မှ ကျပ် ၉၅၀၀ အထိ ပေါက်ဈေး ရှိပြီး ဈေးငြိမ်ကြောင်း သိရသည်။
ဇေယျာကုန်သွယ်မှုဗဟိုဌာန