တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၃) သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ   ၂၁


တပ်မတော်ဆေးတက္ကသိုလ်   ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၃)   ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် တပ်မတော် ဆေးတက္ကသိုလ်  ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ   တပ်မတော်အရာရှိကြီးများ၊ တပ်မတော် ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး      ဗိုလ်မှူးချုပ် အောင်မင်းဦးနှင့်  ကျောင်းဆင်းဗိုလ်လောင်းများ တက်ရောက်ကြသည်။

 


အခမ်းအနားအစီအစဉ်အရ   စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်၊ တပ်မတော်အရာရှိ ကြီးများနှင့် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ် ကြီးတို့သည်     စင်မြင့်ထက်တွင်    နေရာယူကြပြီး ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင်က ကျောင်းဆင်း ဗိုလ်လောင်းတစ်ဦးချင်းစီအား ပြန်တမ်းဝင် ခန့်အပ် လွှာများ ပေးအပ်သည်။

 


ပြန်တမ်းဝင်ခန့်အပ်လွှာများ    ပေးအပ်ပြီး စစ်ရာထူးခန့်ချုပ်  ဒုတိယဗိုလ်ချုပ်ကြီးလင်းအောင် က  အမှာစကားပြောကြားကာ   အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်