
နေပြည်တော် ဒီဇင်ဘာ ၂၀
အာဆီယံ + ၃ ဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲ များ အစည်းအဝေး (ASEAN+3 Finance and Central Bank Deputies’ Meeting - AFCDM+3) ကို ယနေ့ နံနက် ၈ နာရီခွဲတွင် Video Conferencing စနစ် ဖြင့် ကျင်းပရာ အစည်းအဝေး သို့ အာဆီယံ+၃ ဘဏ္ဍာရေး နှင့် ဗဟိုဘဏ် ဒုတိယအကြီး အကဲများနှင့်အတူ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ လင်းအောင် တက်ရောက်သည်။
စီးပွားရေးအခြေအနေများ ဆွေးနွေး
ဦးစွာ ကမ္ဘာ့စီးပွားရေးအလား အလာ (Global Macroeconomic Outlook) ကို အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (Interna-tional Monetary Fund - IMF) က လည်းကောင်း၊ ဒေသတွင်း စီးပွားရေး အလားအလာ (Regio-nal Macroeconomic Outlook) ကို အာဆီယံ+၃ မက်ခရိုစီးပွား ရေး သုတေသနရုံး (ASEAN + 3 Macroeconomic Research Office - AMRO) ကလည်းကောင်း၊ အာဆီယံ+၃ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဘဏ္ဍာ ငွေ ဖြည့်ဆည်းမှု (Financing Sustainable Development in ASEAN+3) ခေါင်းစဉ်ဖြင့် အာရှ ဖွံ့ဖြိုးရေးဘဏ် (Asian Develop-ment Bank - ADB) က လည်း ကောင်း ရှင်းလင်းတင်ပြခဲ့ပြီး အာဆီယံ+၃ ဘဏ္ဍာရေးနှင့် ဗဟို ဘဏ် ဒုတိယအကြီးအကဲများက အမြင်ချင်းဖလှယ် ဆွေးနွေးကြ သည်။ ယင်းသို့ အမြင်ချင်းဖလှယ် ဆွေးနွေးရာတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက မြန်မာ နိုင်ငံ၏ လက်ရှိစီးပွားရေးနှင့် ငွေရေးကြေးရေး အခြေအနေများ နှင့် စပ်လျဉ်း၍ အကျဉ်းချုပ် ဆွေးနွေးသည်။
အနာဂတ်ဦးစားပေး အစီအစဉ်များ ဆွေးနွေးခဲ့
ဆက်လက်၍ အာဆီယံ+၃ ငွေရေးကြေးရေး ပူးပေါင်းဆောင် ရွက်မှုဆိုင်ရာ ကိစ္စရပ်များဖြစ် သည့် အာဆီယံ+၃ မက်ခရို စီးပွား ရေး သုတေသနရုံး (AMRO) ၏ ၂၀၃၀ ပြည့်နှစ်အတွက် မဟာ ဗျူဟာဆိုင်ရာ လမ်းညွှန်ချက်များ နှင့် ဒေသတွင်း ဗဟုသုတလေ့ လာရေးဆိုင်ရာ အချက်အချာ၊ ဝန်ထမ်းများ၏ အကျိုးခံစားခွင့် များ၊ ဘတ်ဂျက်နှင့် ဝန်ထမ်း ခန့်ထားရေးဆိုင်ရာ ကိစ္စရပ်များ၊ ကာလလတ် အကောင်အထည် ဖော်မှုအစီအစဉ် (၂၀၂၃-၂၀၂၅) နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် အာဆီယံ+၃ အနာဂတ် ဦးစားပေး အစီအစဉ်များ (ASEAN+3 Future Initiatives) တို့ကို ဆွေးနွေးခဲ့ ကြသည်။
ထို့အပြင် ချင်းမိုင်အစီအစဉ် တွင် နိုင်ငံစုံပါဝင်လာရေး (Chiang Mai Initiative Multilaterali-zation - CMIM) အကောင်အထည် ဖော်မှုနှင့် စပ်လျဉ်း၍ ပြည်တွင်း သုံးငွေကြေးထည့်ဝင်မှု၊ မာဂျင် သတ်မှတ်မှုဆိုင်ရာ လမ်းညွှန်ချက် များ၊ (၁၃) ကြိမ်မြောက် အစမ်း လေ့ကျင့်မှု အစီအစဉ်တို့နှင့် စပ်လျဉ်း၍ လည်းကောင်း၊ အာဆီယံ+၃ အာရှငွေချေးစာချုပ် ဈေးကွက်အစီအစဉ် (Asian Bond Markets Initiative) တို့နှင့် စပ်လျဉ်း၍ လည်းကောင်း ဆွေးနွေး ခဲ့ကြပြီး အာဆီယံ+၃ ဒုတိယ အကြီးအကဲများက အတည်ပြုရန် အချက်များအပေါ် အတည်ပြုပေး ခဲ့ကြသည်။ သတင်းစဉ်