(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အသက်(၂၅)နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ  ၂၀
မြန်မာ့ဘောလုံး အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစား ပြိုင်ပွဲမှတစ်ဆင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်သည့်    ဘောလုံး အားကစားသမားကောင်း  များစွာ ထွက်ပေါ်လာစေရန်     ရည်ရွယ်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက    ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့  အထိမ်းအမှတ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား  ဝန်ကြီးဌာန ပေါင်းစုံ အသက်(၂၅)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲကို နေပြည်တော်  ဝဏ္ဏသိဒ္ဓိအားကစား ကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်  (၁) နှင့်  (၃) တို့၌ ကျင်းပသည်။ 
အနိုင်ရရှိ
ယနေ့        နံနက်ပိုင်းတွင် ဝန်ကြီးဌာနပေါင်းစုံ   အသက်(၂၅)နှစ်အောက် (အမျိုးသား) ဘောလုံး ပြိုင်ပွဲ        ပထမအဆင့်အုပ်စု ပတ်လည်ပြိုင်ပွဲ     ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိ     အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ် (၃)  ၌ ကျင်းပရာ    ကာကွယ်ရေးဝန်ကြီး ဌာနအသင်းက   ပညာရေးဝန်ကြီး ဌာနအသင်းကို     ငါးဂိုး - နှစ်ဂိုး ဖြင့်လည်းကောင်း၊    မွန်းလွဲ   ၃ နာရီတွင်    လေ့ကျင့်ရေးကွင်း အမှတ်  (၁)  ၌      စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီး ဌာနအသင်းက   ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအသင်း ကို တစ်ဂိုး - ဂိုးမရှိဖြင့်လည်းကောင်း၊    လေ့ကျင့်ရေး  ကွင်းအမှတ်(၃)၌ အားကစားနှင့်   လူငယ်ရေးရာ ဝန်ကြီးဌာနအသင်းက   လျှပ်စစ် စွမ်းအားဝန်ကြီးဌာန   အသင်းကို   ခြောက်ဂိုး - ဂိုးမရှိဖြင့် လည်း ကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
ကြည့်ရှုအားပေး
အဆိုပါ  ဘောလုံးပြိုင်ပွဲများသို့ ၂၀၂၃       ခုနှစ်  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်     အားကစားပြိုင်ပွဲများ ကျင်းပရေးလုပ်ငန်း      ကော်မတီ ဥက္ကဋ္ဌ     အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံ၊   ဒုတိယ ဝန်ကြီးများ၊ တပ်မတော်မှ အရာရှိ ကြီးများ၊      ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အရာထမ်း/ အမှုထမ်းများ၊         ဘောလုံး အားကစားဝါသနာရှင်များ    လာ ရောက်ကြည့်ရှုအားပေးကြသည်။
အခမဲ့ကြည့်ရှုနိုင်
ဝန်ကြီးဌာနပေါင်းစုံ  အသက် (၂၅)နှစ်အောက်  (အမျိုးသား) ဘောလုံးပြိုင်ပွဲ      ပထမအဆင့် အုပ်စုပတ်လည်   ပွဲစဉ်များအဖြစ် ဒီဇင်ဘာ ၂၁ ရက် နံနက် ၇ နာရီခွဲ တွင် လေ့ကျင့်ရေးကွင်း အမှတ်(၃) ၌  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအသင်းနှင့်   စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအသင်း၊ မွန်းလွဲ ၃ နာရီတွင်  လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌  နယ်စပ်ရေးရာ ဝန်ကြီးဌာနအသင်းနှင့် ပြန်ကြား ရေးဝန်ကြီးဌာနအသင်း၊  လေ့ကျင့် ရေးကွင်း အမှတ်(၃) ၌   ကျန်းမာ ရေးဝန်ကြီးဌာန            အသင်းနှင့် စွမ်းအင်ဝန်ကြီးဌာန    အသင်းတို့ ဆက်လက်   ယှဉ်ပြိုင်ကစားသွား ကြမည်ဖြစ်၍        အားကစား ဝါသနာရှင်များအနေဖြင့် မည်သူ မဆို အခမဲ့လာရောက်  ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။ 
သတင်းစဉ်