ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်း

 

 

နေပြည်တော်   ဒီဇင်ဘာ  ၂၀ 
ပြည်တွင်း     နေရပ်စွန့်ခွာသူများ ပြန်လည်     နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်း  ရေးဆိုင်ရာ      အမျိုးသားအဆင့် ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေး  အမှတ်စဉ်  (၃/၂၀၂၂) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည် တော်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း    အစည်းအဝေးခန်းမ၌ ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးသို့ ပြည်တွင်း နေရပ်စွန့်ခွာသူများ     ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံ ရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ  အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ  နယ်စပ်ရေးရာ       ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး     ဒုတိယ ဗိုလ်ချုပ်ကြီး      ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ၊        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန       ပြည် ထောင်စုဝန်ကြီး        ဒေါက်တာ သက်သက်ခိုင်၊ ကော်မတီဝင်များ ဖြစ်ကြသည့် ဒုတိယဝန်ကြီးများ၊  အမြဲတမ်း        အတွင်းဝန်များ၊  ညွှန်ကြားရေးမှူးချုပ်များ      နှင့်  တာဝန်ရှိသူများ တက်ရောက်ကြ ပြီး ပြည်နယ်အဆင့် ကော်မတီဝင် များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ    ပြည်တွင်းနေရပ် စွန့်ခွာသူများ      ပြန်လည်နေရာ ချထားရေးနှင့်      ယာယီခိုလှုံရာ စခန်းများ  ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ဥက္ကဋ္ဌ က အမျိုးသားအဆင့်ကော်မတီ အနေဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးလုပ်ငန်း စဉ်များကို       ဝန်ကြီးဌာနအဆင့် လုပ်ငန်း ကော်မတီ ၅ ရပ်အပြင်  ပြည်နယ်အဆင့်     ကော်မတီများ ဖွဲ့စည်း၍  ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။
ရန်ပုံငွေထည့်သွင်းလျာထား
IDP   စခန်းများအား   စိစစ် လေ့လာသုံးသပ်၍ အကြံပြုချက် များ ဖော်ထုတ်တင်ပြရေးအဖွဲ့ကို လည်း     ဖွဲ့စည်း၍    ကွင်းဆင်း  ဆောင်ရွက်ထားပြီးဖြစ်သဖြင့် IDP စခန်းများအလိုက်      ရောက်ရှိ နေထိုင်နေကြသူများ၏ ရပ်တည် နေထိုင်မှုကို စိစစ်လေ့လာပြီးစခန်း များ    ပိတ်သိမ်းနိုင်မည့်  အခြေ အနေများကို    ရှင်းလင်းဆွေးနွေး တင်ပြရန်နှင့် အားလုံးပါဝင် ဆွေး နွေးပေးကြပါရန် တိုက်တွန်းလိုပါ ကြောင်း၊  လုပ်ငန်းကော်မတီများ အနေဖြင့် ပြန်လည်နေရာချထား ရေးအတွက်    လက်ရှိဘဏ္ဍာရေး နှစ်အတွင်း       တည်ဆောက်ဆဲ တည်ဆောက်ရေးလုပ်ငန်းများကို  အပြီးသတ် ဆောင်ရွက်သွားကြ ရန်နှင့် လာမည့်ဘဏ္ဍာရေးနှစ်တွင်  ထပ်မံဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများကိုလည်း သက်ဆိုင် ရာ ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပြီး  လုပ်ငန်းကော်မတီဝင် ဝန်ကြီးဌာနများအလိုက် ရန်ပုံငွေ ထည့်သွင်းလျာထား       ဆောင် ရွက်သွားကြရန်      လိုအပ်မည်ဖြစ် ပါကြောင်း။ 
စခန်း ၁၇၀ ကို ပိတ်သိမ်းနိုင်
အမျိုးသားအဆင့် ကော်မတီ ၏   လုပ်ငန်းစဉ်များကို   အားလုံး ပူးပေါင်းပါဝင်၍       တက်ကြွစွာ ဆောင်ရွက်ခဲ့ကြသဖြင့် ၂၀၂၁ ခုနှစ် မတ်လမှ ၂၀၂၂ ခုနှစ် အောက်တို ဘာလကုန်အထိ  ကာလအတွင်း  အိမ်ထောင်စု ၁၆၇၇၃ စု၊ လူဦးရေ  ၇၂၇၇၁ ဦးတို့ကို မူလနေရာများသို့  ပို့ဆောင်နေရာချထားပေးနိုင်ခဲ့ပြီး  IDP နှင့် တိုက်ပွဲရှောင်စခန်း ၁၇၀  ကို ပိတ်သိမ်းနိုင်ခဲ့ပါကြောင်း။
ပြည်တွင်း   နေရပ်စွန့်ခွာသူ များကို    မူလနေရပ်အပါအဝင် ပြန်လည်နေရာချထားသည့် ဒေသ များတွင် အမှီအခိုကင်း၍အဆင် ပြေစွာရပ်တည်နေထိုင်နိုင်စေရန် စီမံဆောင်ရွက်ပေးခြင်းနှင့်    လူမှု စီးပွားဘဝ       ဖွံ့ဖြိုးတိုးတက်လာ အောင် ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီ ဆောင်ရွက်        ပေးခြင်းတို့ဖြင့် လက်နက်ကိုင်    ပဋိပက္ခများနှင့် လူမှုရေးပဋိပက္ခများကို လျော့နည်း ပပျောက်စေနိုင်သကဲ့သို့    ဒေသ တွင်း     ဖွံ့ဖြိုးရေးအစီအစဉ်များ  ဖော်ဆောင်နိုင်ရန်အတွက်လည်းများစွာ  အထောက်အကူပြုမည် ဖြစ်သဖြင့် လုပ်ငန်းကော်မတီများ၊ ပြည်နယ်အဆင့်    ကော်မတီများ အားလုံး   အချိတ်အဆက်မိမိနှင့်  ဟန်ချက်ညီညီထိရောက် ပီပြင်စွာ  ဆက်လက် အကောင်အထည်ဖော်  ဆောင်ရွက်ပေးကြစေလိုကြောင်း  ပြောကြားသည်။
ဆက်လက်၍     အမျိုးသား အဆင့်ကော်မတီ     ဒုတိယဥက္ကဋ္ဌ  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဌာန         ပြည်ထောင်စုဝန်ကြီး ဒေါက်တာ      သက်သက်ခိုင်က နေရပ်စွန့်ခွာသူများအတွက် ကယ် ဆယ်ရေးပစ္စည်းများနှင့်    စားနပ် ရိက္ခာများ    ထောက်ပံ့ပေးနေမှု အခြေအနေ၊ IDP Camp များနှင့် တိုက်ပွဲရှောင်        စခန်းများတွင် အချက်အလက် ကောက်ယူခြင်း နှင့် လူမှုရေးဆိုင်ရာပံ့ပိုးမှု အခြေ အနေ၊      ယာယီခိုလှုံရာစခန်းများ  ပိတ်သိမ်းနိုင်ရေး           အတွက်  ထောက်ပံ့     ဆောင်ရွက်ပေးနေမှု အခြေအနေ၊  ကိုဗစ်-၁၉  ရောဂါ အသိပညာပေး   ဟောပြောပွဲများဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေ အနေများနှင့်     ဆက်လက်ထိုးနှံ သွားမည့် အစီအစဉ်များ၊ အသက် မွေးဝမ်းကျောင်း   သင်တန်းများ ဖွင့်လှစ်ပေးနေမှု     အခြေအနေ၊ ရှေ့ဆက်လက်  ဆောင်ရွက်သွား မည့် အစီအမံများနှင့် မူလနေရပ် သို့       ပြန်လည်နေထိုင်လိုသူများ အတွက်     လတ်တလောလိုအပ် သည်များကို ထောက်ပံ့ကူညီပေး လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 
ထို့နောက် အမျိုးသားအဆင့် ကော်မတီအတွင်းရေးမှူး နယ်စပ် ဒေသနှင့်    တိုင်းရင်းသားလူမျိုး  များ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းထွန်း ညိုက          အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက် ချက်များ၊ လုပ်ငန်းကော်မတီများ နှင့်   ပြည်နယ်အဆင့်  ကော်မတီ များအနေဖြင့် (၂/၂၀၂၂) အစည်း  အဝေး    ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်         ပြီးစီးမှုများနှင့်  ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို       ရှင်းလင်း တင်ပြသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် IDP စခန်းများ အား လေ့လာသုံးသပ်၍ အကြုံပြု ချက်များ    ဖော်ထုတ်တင်ပြရေး အဖွဲ့ဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီး ဌာန    ဒုတိယဝန်ကြီး    ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးက    ကချင်ပြည် နယ်နှင့်    ရှမ်းပြည်နယ်ရှိ     IDP စခန်းများတွင် နေထိုင်ကြသူများ  ၏ ရပ်တည်နေထိုင်မှုများအပေါ်  ကွင်းဆင်း    စိစစ်လေ့လာတွေ့ရှိ ချက်များနှင့် အကြံပြုချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့  တက်ရောက်လာကြသည့် အမျိုး သားအဆင့်    ကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များ၊    ပြည် နယ်အဆင့်      ကော်မတီများမှ တာဝန်ရှိသူတို့က ပြည်တွင်းနေရပ် စွန့်ခွာသူများ    ပြန်လည်နေရာ ချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာဆောင် ရွက်ချက်များနှင့် အကြံပြုချက် များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ အမျိုးသားအဆင့်ကော်မတီဥက္ကဋ္ဌ နှင့် ဒုတိယဥက္ကဋ္ဌတို့က ရှင်းလင်း တင်ပြချက်များနှင့်    စပ်လျဉ်း၍ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြကြောင်း သတင်းရရှိသည်။    
  သတင်းစဉ်