
နေပြည်တော် ဒီဇင်ဘာ ၂၀
ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်းသို့ ထွက်ခွာမောင်းနှင်လာသည့် ချယ်ရီ(၂)ရေယာဉ်အား ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းတွင် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ဒေသန္တရလက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ လူမဆန်စွာ မိုင်းထောင်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ခရီးသွားပြည်သူ (၁၇) ဦး မိုင်းစထိမှန် ဒဏ်ရာများရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို)နှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့များက လက်မခံ နိုင်ပါကြောင်းနှင့် ပြင်းထန်စွာရှုတ်ချပါကြောင်း သဘောထားများ ထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်