
၂ဝ၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂ဝ ရက်
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့ ညနေပိုင်းတွင် ပန်းဆိုးတန်းဆိပ်ကမ်းမှ ဒလဆိပ်ကမ်း သို့ ထွက်ခွာမောင်းနှင်လာသော ချယ်ရီ (၂) ရေယာဉ်အား အကြမ်းဖက်သမားအချို့က လက်လုပ်မိုင်းဖြင့် အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် အပြစ်မဲ့ခရီးသွားပြည်သူ စုစုပေါင်း ၁၇ ဦး မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စိတ်မကောင်းစွာ ကြားသိရပါသည်။
ဤသို့ ခရီးသွားပြည်သူများ စီးနင်းလိုက်ပါလာသည့် ရေယာဉ်အား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့