ငွေကြေးခဝါချမှုဆိုင်ရာ ဆုံးရှုံးနိုင်ခြေများနှင့် အခွန်ရှောင်တိမ်းခြင်းဆိုင်ရာ အများပြည်သူ သိရှိလိုက်နာရန် သတ်မှတ်ချက်ရှင်းလင်း

 

ရန်ကုန်   ဒီဇင်ဘာ  ၂ဝ


ပြည်တွင်းအခွန်များ   ဦးစီးဌာန အလယ်အလတ် အခွန်ထမ်းများ ဆိုင်ရာ    အခွန်ရုံး(၃)    ရန်ကုန် တိုင်းဒေသကြီးက   ကျင်းပသည့် ငွေကြေးခဝါချမှုဆိုင်ရာ   ဆုံးရှုံး နိုင်ခြေများနှင့် အခွန်ရှောင်တိမ်း ခြင်းဆိုင်ရာ  အများပြည်သူသိရှိ လိုက်နာရန် သတ်မှတ်ချက်အား ရှင်းလင်းဆွေးနွေးပွဲကို    ယနေ့ နံနက်ပိုင်းက     အောင်ဘာလေ သိန်းဆုဌာနခွဲ(ခန်းမ)   ရန်ကုန်၌ ကျင်းပသည်။

 


ဆွေးနွေးပွဲတွင်   ပြည်တွင်း အခွန်များဦးစီးဌာန    အလယ် အလတ်  အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၃)ဌာနမှူး၊ ညွှန်ကြား ရေးမှူး ဦးသိန်းဇော်က အဖွင့်အမှာ စကား ပြောကြားသည်။

 


ထို့နောက် ဒုတိယညွှန်ကြား ရေးမှူး  ဦးမြင့်ထွန်းက  ရှင်းလင်း ဆွေးနွေးပွဲ       ပြုလုပ်ရသည့် ရည်ရွယ်ချက်၊  ငွေကြေးခဝါချမှု တိုက်ဖျက်ရေးကိစ္စ   ဆောင်ရွက် နေမှုများ၊    ပြည်တွင်းအခွန်များ ဦးစီးဌာနက ပူးပေါင်းဆောင်ရွက် နေမှုများနှင့် အများပြည်သူသိရှိ လိုက်နာရန် သတ်မှတ်ချက်များ အား  ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ   ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်တွင်း   အခွန်ထမ်းကုမ္ပဏီ ၂၅၆ ခု တက်ရောက်ကြကြောင်း သိရသည်။              

 သတင်းစဉ်