
နေပြည်တော် ဒီဇင်ဘာ ၁၇
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသော အားဖြင့် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါဆေးရုံ၌ ကျင်းပသည်။
ဆေးရုံ ကုသဆောင်သစ် ဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်၊ ဆောက် လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဝင်းဖေ၊ တာဝန်ရှိသူများ၊ ဆေးရုံအထောက်အကူပြု အဖွဲ့ဝင် များနှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ရှေးဦးစွာ ဆေးကုသဆောင် သစ်ကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြ သည်။(အပေါ်ပုံ)
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆေးကုသ ဆောင်သစ် ဆိုင်းဘုတ်နှင့် ကမ္ပည်းမော်ကွန်း ကြေးပြားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေး သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူးနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်း ကြေးပြားကို အမွှေးနံ့သာရည် ပက်ဖျန်းပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ အထူးကြပ်မတ် ကုသခန်းများတွင် ခေတ်မီ စက်ကိရိယာများ ပြင်ဆင်ထားရှိမှု၊ သွေးဘဏ်နှင့် သွေးလှူခန်း၊ ဓာတ်ခွဲခန်းများတွင် ခေတ်မီ စက်ကိရိယာများ အသုံးပြု၍ လုပ်ငန်းများ ဆောင်ရွက်နေမှု တို့ကိုလည်းကောင်း၊ ခေတ်မီ ခွဲစိတ်ခန်းများတွင် ခေတ်မီ စက်ကိရိယာများ တပ်ဆင်ထားရှိ မှုနှင့် ခန္ဓာကိုယ်တွင်းကြည့် မှန်ပြောင်းများ ပြင်ဆင်ထားရှိမှု များ၊ သားဖွား/မီးယပ် ကုသ ဆောင်တွင် သားဖွားခန်းများနှင့် မီးဖွားပြီး လူနာခန်းများ ပြင်ဆင် ထားရှိမှုများ၊ ကလေးကုသဆောင် တွင် ကလေးများ စိတ်ချမ်းမြေ့ ပျော်ရွှင်စွာဖြင့် ဆေးကုသမှုခံယူ နိုင်ရန် ကလေးအထူးကုသဆောင် နှင့် မွေးကင်းစကလေး ကြပ်မတ် ကုသဆောင် ပြင်ဆင်ထားရှိမှုများ၊ သီးသန့်လူနာခန်းများ၊ သံဃာ တော်များအတွက် သီးသန့်ခန်း များ၊ ကွန်ပျူတာဓာတ်မှန်ခန်း၊ ဒစ်ဂျစ်တယ်ဓာတ်မှန်ခန်း၊ Ultrasound အခန်းများနှင့် အရေးပေါ် ဌာနတို့ကိုလည်းကောင်း၊ မသန် စွမ်းသူများ အဆင်ပြေချောမွေ့စွာ ဆေးကုသမှုခံယူနိုင်ရေး ဆောင် ရွက်ထားရှိမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
အမှာစကားပြောကြား
ထို့နောက် ဒုတိယထပ်ရှိ Multifunction Hall ၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက အဖွင့်အမှာ စကားပြောကြားရာတွင် ယနေ့ ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး ကိုးထပ် ကုသဆောင်သစ်ကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့ တွင် ကျရောက်မည့် စိန်ရတု လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် ဖွင့်လှစ် နိုင်ခြင်းကြောင့် မင်္ဂလာရှိပြီး အမျိုးသားရေး အနှစ်သာရပါ ပြည့်စုံသည့် နေ့တစ်နေ့ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေး ကောင်စီအနေဖြင့် ဦးတည် ချက် (၉)ရပ် ချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိရာ တစ်မျိုးသားလုံးကျန်းမာ ကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မား ရေးကို လူမှုရေးဦးတည်ချက် တစ်ရပ်အဖြစ် ချမှတ်ကာ ပြည်သူ များ၏ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများ တိုးတက်ကောင်း မွန်လာစေရေး အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ တာဝန်ယူပြီးနောက် ကိုဗစ်-၁၉ ကပ်ရောဂါ တတိယ လှိုင်းနှင့် စတုတ္ထလှိုင်းကာလ အတွင်း ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို မိတ်ဆွေနိုင်ငံများ၏ အကူအညီ များ၊ ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုများ၊ ဌာနဆိုင်ရာ အသီးသီးမှ ဝန်ထမ်းများ၏ ပူးပေါင်းစွမ်းအားကြောင့် အခက် အခဲများကြားမှ ကျော်လွှားကာ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည့် အခြေ အနေဖြစ်သဖြင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့ရတဲ့ စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင် သမျှ နည်းလမ်းများဖြင့် အမြန်ဆုံး ကုစား ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှုရှိခြင်းနှင့် နောင်ဖြစ်ပေါ်နိုင်သည့် ကပ်ရောဂါများအတွက် ကြိုတင် ကာကွယ်ခြင်း၊ ကုသရေးလုပ်ငန်း များအတွက် ပြည်သူ့ဆေးရုံများ၌ အသင့်ပြင်ဆင် ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်ထားရှိမှသာ လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို တိုးတက်အောင် ဆောင်ရွက်ရာတွင် ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ၊ မိခင်နှင့် ကလေး ကျန်းမာရေးစောင့်ရှောက် မှုများ၊ ကူးစက်နိုင်သောရောဂါ များနှင့် မကူးစက်နိုင်သောရောဂါ များ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် ကုသရေးလုပ်ငန်း များကို လူဦးရေလွှမ်းခြုံမှု ပိုမို ကောင်းမွန်လာအောင် ဆေးရုံများ တိုးချဲ့ဖွင့်လှစ်ပေးခြင်း၊ ကုသမှု ဘာသာရပ်များ တိုးတက်လာ အောင် ဆေးရုံများ အဆင့်မြှင့်တင် ခြင်း၊ ကုသမှုအရည်အသွေး ကောင်းမွန်ရေးအတွက် ဆေးနှင့် ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်း ပေးခြင်း၊ ဆေးရုံအဆောက်အဦ များ ပြင်ဆင်ထိန်းသိမ်းခြင်း၊ ဆေးရုံ အဆောက်အဦသစ် များ ဆောက်လုပ်ပေးခြင်းတို့ကို အားပေး ဆောင်ရွက်လျက်ရှိပါ ကြောင်း။
ပြည်သူ့ ဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူ ရာမှာ လူနာများ စိတ်အေးချမ်း သာစွာ ဆေးကုသမှုခံယူနိုင်ရန်နှင့် ကုသမှုအရည်အသွေး မြင့်မားလာ စေရေးမှာ အထောက်အကူဖြစ်စေ ရန် အဆောက်အဦသစ်များ ဖြည့်ဆည်းရာတွင် အဆောက်အဦ အရည်အသွေး ကောင်းမွန်စေရေး နှင့် နိုင်ငံတကာအဆင့်မီ အဆောက်အဦ ဖြစ်စေရေးတို့ကိုပါ အလေးထား ဆောင်ရွက်နေပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ တာဝန်ယူဆောင် ရွက်စဉ်ကာလအတွင်း ဟင်္သာတ မြို့၊ ဘားအံမြို့၊ မကွေးမြို့၊ မုံရွာ မြို့၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကု ဆေးရုံကြီးတို့တွင် တိုးချဲ့အဆောက် အဦများ ဖွင့်လှစ်ပေးနိုင်ခဲ့ပါ ကြောင်း။
အထူးကုဌာနများ တိုးချဲ့ဖွဲ့စည်း
ယနေ့ ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့၌ ဖွင့်လှစ်သည့် ကိုးထပ် ကုသဆောင်သစ်ကို နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၂ ဘီလီယံ ကျော် (ကျပ် ၂၂၂၉၅ ဒသမ ၇၈ သန်း)ကို အသုံးပြုကာ တည် ဆောက်ခဲ့ပြီး မြေဧရိယာဧက ၂ ဒသမ ၂၃ ဧကပေါ်တွင် တည် ဆောက်ထားသော အဆောက်အဦ ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီကြီးဖြစ်ပြီး စိုက်ပျိုးရေး အတွက် အဓိကအားထားရာ တိုင်းဒေသကြီး ဖြစ်သည့်အပြင် လုပ်ငန်းဆောင်ရွက်မှု နယ်ပယ် အသီးသီးမှာလည်း နိုင်ငံ့ ဂုဏ်ဆောင် တိုင်းဒေသကြီး ဖြစ်ကာ ပုသိမ်မြို့သည် ပြည်တွင်း/ပြည်ပ ခရီးသွားများ အများအပြား လည်ပတ်သွားလာ နိုင်သည့် အဓိကကျသည့်နေရာ တွင် တည်ရှိနေခြင်းကြောင့် ပြည်သူ့ဆေးရုံကြီး၊ ပုသိမ်မြို့ကို အထူးကုဌာနများ တိုးချဲ့ဖွဲ့စည်း နိုင်မည့် ခုတင်(၅၀၀)ဆံ့ ဆေးရုံ ကြီးအဖြစ် ဖွင့်လှစ်ထားရှိကာ ဆေးကုသရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ပံ့ပိုး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း လူနာများ လွှဲပြောင်းကုသရာ ဆေးရုံကြီးဖြစ်သဖြင့် ယခုကဲ့သို့ အဆင့်မြင့် ကုသဆောင်ကြီးဖွင့်လှစ် နိုင်ခြင်းဖြင့် တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများနှင့် လာရောက် ဆေးကုသမှုခံယူသည့် လူနာများ ပါ စိတ်အေးချမ်းသာစွာ ကုသမှု ခံယူနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့အပြင် ဆေးပညာရှင်များနှင့် ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့် အတွက် ရရှိသင့်သည့် လက်တွေ့ သင်ကြားလေ့ကျင့်မှုများ၊ သင်တန်း များ ဆောင်ရွက်နိုင်ရန်လည်း ပံ့ပိုးပေးနိုင်မည် ဖြစ်ပါကြောင်း၊ယခု ကိုးထပ်ကုသဆောင်သစ်ကို နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း လာရောက်ကြည့်ရှု၍ သတ်မှတ် ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ အရည်အသွေး ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ရန်၊ အရေးပေါ်ကိစ္စရပ် များအတွက်ပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်နှင့် လူနာများ စိတ်အေးချမ်းသာစွာ ကုသမှု ခံယူနိုင်စေရေး ရှုထောင့်ပေါင်းစုံမှ စဉ်းစား၍ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ရာ မှာကြား ချက်များနှင့်အညီ ဆောက်လုပ် ပြီးစီးခဲ့သည့်အတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့၊ ကျန်းမာရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနအသီးသီးမှ ပံ့ပိုးကူညီကြသူ များ အားလုံးနှင့် မြို့မိမြို့ဖများ အားလုံးကို အထူးကျေးဇူးတင်ရှိ ပါကြောင်း။
ကျန်းမာရေးစောင့်ရှောက်
နိုင်ငံတော် အစိုးရအနေဖြင့် ပြည်သူလူထု အကျိုးအတွက် လုပ်ငန်းယန္တရား လည်ပတ်ဆောင် ရွက်ရာတွင် အားသွန်ခွန်စိုက် တာဝန်ထမ်းဆောင်ပေးကြသည့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက် ပေးလျက်ရှိရာမှာ ကျန်းမာ ရေး ဝန်ထမ်းများအတွက်လည်း ဝန်ထမ်းအိမ်ရာ အသစ်များ ဆောက်လုပ်ခြင်း၊ ပြုပြင်ပေးခြင်း၊ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင် ဝန်ထမ်းများကို ပြည်ပနိုင်ငံများသို့ လေ့လာရေးခရီး စေလွှတ်ခြင်း၊ ပညာသင် စေလွှတ်ခြင်းတို့ကို လည်း ဆောင်ရွက်ပေးလျက် ရှိသည့်အပြင် ကျန်းမာရေး ဝန်ထမ်းများနှင့် ပတ်သက်၍ ရရှိသည့်ဘွဲ့အလိုက် ပညာရှင်ဘွဲ့ ချီးမြှင့်ငွေချီးမြှင့်ခြင်း၊ ဝတ်စုံစရိတ် ချီးမြှင့်ခြင်း၊ ညတာဝန်ကျ ဝန်ထမ်းများအတွက် ညစာ စားစရိတ် ထောက်ပံ့ခြင်းများ အပါအဝင် အခြားသောထောက်ပံ့ မှုများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခုကဲ့သို့ အဆင့်မြင့် ဆေးကုသဆောင်သစ်ကြီးကို ဖွင့် လှစ်နိုင်ခြင်းအားဖြင့် ကျန်းမာ ရေး ဝန်ထမ်းများအတွက်လည်း ဆေးပညာရပ်ဆိုင်ရာ လေ့ကျင့် သင်ကြားမှုများကို ပိုမိုဆောင်ရွက် လာနိုင်မည်ဖြစ်သည့်အတွက် ရရှိ လာသည့် အခွင့်အရေးကောင်း များကို အသုံးပြုကာ မိမိတို့၏ ဆေးကုသမှု အရည်အသွေး တိုးတက်လာစေရေးနှင့် ပြည်သူ လူထု၏ ကျန်းမာရေးစောင့်ရှောက် မှုများ ပိုမိုတိုးတက်လာစေရေး အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကာ ပြည်သူများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြံ့ခိုင် ၍ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုး တိုးတက်သည်ထက် တိုးတက်လာ အောင် ကြိုးပမ်းဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါကြောင်း ပြောကြား သည်။
ရောဂါဘယကင်းဝေးရေး
ထို့နောက် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက် (၂) ရပ်ဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက် ရှည်စွာနေနိုင်ရေးနှင့် လူတိုင်း ရောဂါဘယ ကင်းဝေးရေးတို့ကိုအောင်မြင်စေရန် ပြည်သူ့ ကျန်းမာရေး လုပ်ငန်းများနှင့် ကုသရေး လုပ်ငန်းများကို အားဖြည့်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခု ဆောက် လုပ်သည့် ပုသိမ်မြို့ ပြည်သူ့ ဆေးရုံကြီး ကိုးထပ်ကုသဆောင် သစ်ကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ခရီးစဉ် လမ်းညွှန်ချက်နှင့်အညီ လူနာများ စိတ်အေးချမ်းသာစွာ ဖြင့် အရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့်ရှောက်မှု ရရှိ စေရန် တည်ဆောက်ထားပါ ကြောင်း၊ တစ်နိုင်ငံလုံးတွင် ကျန်းမာရေးဝန်ကြီးဌာန လက် အောက်ရှိ ပြည်သူ့ဆေးရုံပေါင်း ၁၁၇၈ ရုံရှိပြီး ဧရာဝတီတိုင်း ဒေသကြီးတွင် ဆေးရုံ ၁၃၃ ရုံ ခွင့်ပြုထားရှိကာ ဆေးရုံများ အားလုံး လည်ပတ်ဆောင်ရွက် လျက်ရှိပြီး တစ်နေ့ပျမ်းမျှ အတွင်း လူနာပေါင်း ၃၀၀၀ ကျော်ကို လက်ခံကုသပေးလျက်ရှိကြောင်း။
ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့ တွင် ၂၀၂၂ ခုနှစ်အတွင်း အတွင်း လူနာပေါင်း ၇၀၀၀၀ ကျော်နှင့် ပြင်ပလူနာပေါင်း ၆၀၀၀၀ ကျော် ကို ကြည့်ရှုကုသပေးနိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံကြီး ပုသိမ်မြို့တွင် အထူးကု သမားတော်ကြီးများ စုံလင်စွာဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရန် လိုအပ်သည့် ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်များ ဖြည့်ဆည်းပေးခြင်း၊ ကျွမ်းကျင်မှုသင်တန်းများ ပို့ချ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ရေရှည်တွင် ပိုမိုစုံလင်သည့် အထူးကု ဆေးပညာဘာသာရပ် များဖြင့် ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်သည့် ဆေးရုံကြီးဖြစ် အောင် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ ဆေးရုံကြီးရေရှည် တည်တံ့ခိုင်မြဲရေးအတွက် မြို့မိ မြို့ဖများနှင့် ကျန်းမာရေးဝန်ထမ်း များက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားသည်။
လွှဲပြောင်းပေးအပ်
ယင်းနောက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက တည်ဆောက်ရေးဆိုင်ရာ အချက် အလက်များကို ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့် ပတ်သက် သည့် စာရွက်စာတမ်းများအား အဆောက်အဦဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းစိုးက ကုသရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ထံ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၀န်ကြီးချုပ်က ကျေးဇူး တင်စကား ပြောကြားရာတွင် ယခု တိုးချဲ့ကုသဆောင်သစ် တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ လူနာများ စိတ်အေးချမ်းသာစွာ ကုသမှုခံယူ နိုင်စေရေး၊ ဆေးရုံသန့်ရှင်းသာယာ လှပစေရေး၊ သံဃာတော်များ စိတ်ချမ်းသာစွာဖြင့် ဆေးကုသမှု ခံယူရေးအတွက် အထူးသီးသန့် ခန်းများကို ဘက်စုံထောင့်စုံမှ ထည့်သွင်း ဆောက်လုပ်ထား ပါကြောင်း ပြောကြားသည်။
ထို့နောက် ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းနှင့် ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်တို့က တက် ရောက်လာကြသည့် ဧည့်သည် တော်များကို ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များ ပေးအပ်၍ အဆောက်အဦသစ် ဖွင့်ပွဲအခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်