မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းများ စတင်ရိတ်သိမ်း တစ်ဧက တင်း ၁၀၀ အထက် ထွက်ရှိပြီး ယခင်နှစ်ကထက် စပါးဈေးကောင်းရရှိနေ

 

ပွင့်ဖြူ  ဒီဇင်ဘာ  ၁၇
မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့်   စိုက်ပျိုးသည့် မိုးစပါးစိုက်ခင်းများ မှာ အသီးများ ရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက   ဆောင်း သီးနှံ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရန်  ယခုလဆန်းပိုင်းမှ စတင် ပြီး ရိတ်သိမ်းခြွေလှေ့လျက်ရှိကာ  မိုးစပါးများကို ကုန်သည်ပွဲစားများ က    ဈေးကောင်းပေးဝယ်ယူနေ သဖြင့်     ဒေသခံတောင်သူများ   ယခင်နှစ်ကထက်  ဝင်ငွေကောင်း မွန်လျက်ရှိကြောင်း     ဒေသခံ တောင်သူများထံမှ  သိရသည်။    


“ကျွန်တော်တို့     ဒေသမှာ မဲဇလီရေလွှဲ ဆည်ရေနဲ့ စိုက်ပျိုးခဲ့ တဲ့ မိုးစပါးစိုက်ခင်းတွေ ခုလဆန်း ကစပြီး ရိတ်သိမ်းခြွေလှေ့နေပါပြီ။  အဓိကစိုက်ပျိုးတဲ့       စပါးတွေက တော့   ဧရာမင်း၊   ပခန်းရွှေဝါ၊ ရတနာတိုး၊   ဆင်းသုခ၊   ပေါ်ဆန်း ရင်၊    သီးထပ်ရင်၊    ချမ်းမြေ့မေ၊ မနောသုခ၊   ဧရာပဒေသာ   စတဲ့ စပါးမျိုးတွေကို   စိုက်ပျိုးကြပြီး  ဧရာပဒေသာစပါးကို     အများဆုံး စိုက်ပျိုးကြပါတယ်။        မိုးစပါး စိုက်ပျိုးနိုင်ရေး လိုအပ်တဲ့အခြေခံ စိုက်ပျိုးရေး     နည်းပညာတွေကို မြို့နယ်    စိုက်ပျိုးရေးဦးစီးဌာန      ဝန်ထမ်းတွေက    လယ်ယာမြေ စိုက်ခင်းအရောက် ကွင်းဆင်းပြီး ကူညီဆောင်ရွက်ပေးလို့   အဆင် ပြေပါတယ်။    စပါးအထွက်နှုန်း က   တစ်ဧကကို    ပျမ်းမျှ  ၈၇ တင်းလောက်    ထွက်ရှိပါတယ်။ တချို့လည်း     တစ်ဧကကို    တင်း ၁၀၀  အထက်  ထွက်ကြတယ်။ ဒီနှစ်စပါးဈေးက    တစ်တင်းကို ငွေကျပ် ၁၃၅၀၀ ဈေးနဲ့ ကုန်သည် ပွဲစားတွေက    ဈေးကောင်းပေး ဝယ်ယူနေကြလို့ ပြီးခဲ့တဲ့နှစ်ထက် တောင်သူတွေ  ဝင်ငွေကောင်းမွန် ကြတယ်”  ဟု     ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်      ကျေးရွာမှ ဒေသခံတောင်သူ ဦးကျော်ဆန်းက ပြောသည်။
ပွင့်ဖြူမြို့နယ်၌      ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင်  မဲဇလီ ရေလွှဲဆည်ရေဖြင့်  တစ်မြို့နယ် လုံး  ၆၉၀၉၄ ဧက   စိုက်ပျိုးရန် လျာထားခဲ့ပြီး   ၆၉၆၄၅  ဧက   စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားဧက ထက် ၅၅၁   ဧက     ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း     ပွင့်ဖြူ မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။  
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)