
လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံအတွင်း လိုအပ်နေသည့် လျှပ်စစ် ဓာတ်အားကို ပြည့်မီစွာဖြည့်ဆည်း ပေးနိုင်ရေးအတွက် ဓာတ်အားပေး စက်ရုံများ၊ ဓာတ်အားလိုင်းများ နှင့် ဓာတ်အားခွဲရုံများအား ဟန်ချက်ညီစွာဖြင့် ကြိုးပမ်း အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိ လာသည့် ဓာတ်အားများကို မြန်မာနိုင်ငံ တောင်ပိုင်းသို့ ပို့ဆောင်ရာ၌ ဗို့အားအဆင့် ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့်သာ ပို့လွှတ်လျက်ရှိရာ ဓာတ်အားစနစ် အတွင်း အရန်ဓာတ်အားလိုင်း မရှိသဖြင့် ရံဖန်ရံခါ ဓာတ်အား စနစ်အတွင်း တည်ငြိမ်မှုနည်းပါး ကာ ဓာတ်အားစနစ်တစ်ခုလုံး လျှပ်စစ်ဓာတ်အား ပြတ်တောက် ခြင်း (System Breakdown) ဖြစ်ပေါ်တတ်သည့်အခြေအနေမှ ကာကွယ်နိုင်ရန်နှင့် မြန်မာပြည် မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အား များကို တောင်ပိုင်းသို့ ပြည့်ဝစွာ သယ်ဆောင် ပို့လွှတ်နိုင်ရန် ရည်ရွယ်၍ ၅၀၀ ကေဗွီ ကံကောင်း (မိတ္ထီလာ) - စပါးကြွယ် (တောင်ငူ) ဓာတ်အားလိုင်း စီမံကိန်းအား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလမှ စတင် ၍ တည်ဆောက်ခြင်းလုပ်ငန်းများ အား ဆောင်ရွက်ခဲ့ရာ ယခုအခါ (၉၉%) ပြီးစီးနေပြီဖြစ်ပါသည်။
အဆိုပါ ဓာတ်အားလိုင်းအား ရာနှုန်းပြည့် ပြီးစီးနိုင်ရန်အတွက် တောင်ငူပင်မ ဓာတ်အားခွဲရုံတွင် အပြီးသတ် ချိတ်ဆက်ခြင်း လုပ်ငန်းများကို (၁၇-၁၂-၂၀၂၂) ရက်နေ့နှင့် (၁၈-၁၂-၂၀၂၂) ရက် နေ့များတွင် နေ့စဉ်နံနက်(၀၆:၀၀) နာရီမှ ည (၁၉:၀၀) နာရီအထိ လုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်ရာ လုပ်ငန်းများဆောင်ရွက် နေစဉ် နံနက် (၀၆:၀၀) နာရီမှ ည(၁၉:၀၀)နာရီအထိ နိုင်ငံတော် ဓာတ်အားစနစ်အတွင်း ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှု ဝန်အား ခန့်မှန်း (၁၅၀) မဂ္ဂါဝပ်ခန့် လျော့နည်းနေမည် ဖြစ်သော် လည်း ညပိုင်းတွင် ပြန်လည် ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ပါသည်။ ထိုသို့ နေ့လယ်ပိုင်း လုပ်ငန်းဆောင်ရွက်နေစဉ် အချိန် တွင် ဝန်အားလျော့နည်းနေသော် လည်း နိုင်ငံတော်ဓာတ်အားစနစ် ကို ထိန်းညှိမောင်းနှင်၍ ဆက်လက် ဖြန့်ဖြူးနေမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လုပ်ငန်းများ ဆောင်ရွက်နေစဉ် အချိန်အတွင်း အချို့သောနေရာများ၌ ဝန်အား လျှော့ချခြင်း လုပ်ငန်းများကို မလွှဲမရှောင်သာ ဆောင်ရွက်သွား ရမည်ဖြစ်ရာ ပြည်သူများအနေ ဖြင့် နားလည်ပေးနိုင်ပါရန်နှင့် ယခု ၅၀၀ ကေဗွီ ဓာတ်အားစနစ် ပြီးစီး ပါက နိုင်ငံတော်ဓာတ်အား စနစ် အတွင်းဓာတ်အားပို့လွှတ် စီးဆင်း မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ပါ ကြောင်း အသိပေးအပ်ပါသည်။