
နေပြည်တော် ဒီဇင်ဘာ ၁၆
အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ဘန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှု ရုံး၏ အာရှဒေသဆိုင်ရာ ညွှန်ကြား ရေးမှူး မစ္စတာ ဆန်ဂျေး မာသာ ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံ ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး၏ မြန်မာနိုင်ငံ ဆိုင်ရာ ယာယီညွှန်ကြားရေးမှူးတို့ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံ အစိုးရနှင့် ကုလသမဂ္ဂ စီမံကိန်း ဝန်ဆောင်မှုရုံးတို့အကြား လက်ရှိ ပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းစဉ် အဆင်ပြေချောမွေ့ရေး ကိစ္စရပ် များနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။
သတင်းစဉ်